top of page
Search

ကိုဗစ်ဖြစ်ချိန် အဘ ဘာလို့ ဘုရားတည်ရလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 4, 2020
  • 1 min read

ယခုရေးတာတွေက အယုံအကြည်မရှိသူများအတွက် ရယ်စရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တပ်ထဲမှာက တကယ်ပါ။ မယုံရင် ကျော်သွားပါ။ မနေ့က DASSK နဲ့ ဆောက်လုပ်ရေးသမားတွေ တွေ့ဆုံစကားပြောကြပါတယ်။ လက်သမားဆရာလေးက အလုပ်မရှိတာ သုံးရက်ကျော်လာရင် သူတို့စားသောက်ဖို့ ခက်ခဲကြောင်း ပြောသွားပါတယ်။ DASSK လဲ ဒါကို နားလည်သွားပုံပါ။ ဒါကြောင့်ကွီးဖြိုးက ဗိုလ်တထောင်ဘုရား လုပ်ငန်းခွင်ကို ပြန်စခဲ့ရတာပါ။ ကွီးဖြိုးရဲ့ ရည်ရွယ်ချက်က အဆိုပါလက်သမားလေးတွေကို အလုပ်ရှိအောင် အစိုးရလုပ်ငန်းခွင်ကို စနစ်တကျ ပြန်စခဲ့တာပါ။ ယခုဆိုရင်တော့ လက်သမားလေးကပြောပြလို့ DASSK သဘောပေါက်မယ်လို့ထင်ပါတယ်။ ဒါကနောက်မှသပ်သပ်ရေးပါ့မယ်။


အဘတို့အတွက်က ပြဿနာရှိပါတယ်။ ကွီးဖြိုးက ဗိုလ်တထောင်ဘုရားကိုပြင်တာကို အဘတို့က သူတို့ ဗိုလ်ခြေတစ်ထောင်ကိုပြင်ပြီး နန်းရွှေ့တယ်လို့ထင်ပါတယ်။ သူတို့ရဲ့ ယတြာတွေကို ကွီးက ရွှေ့တယ်ပေါ့။ အဘက အဲ့ဒါနဲ့တင်းပါတယ်။ ဒါနဲ့အဘက သူ့ရဲ့ စရဖတွေ၊ သူ့စပွန်စာ မီဒီယာတွေကနေကွီးဖြိုးကိုဖွပြီး DASSK နားက မိုးကျဝန်ကြီးအချို့နဲ့ပေါင်းပြီး ကွီးဖြိုးကို ချောက်ချဖို့ ကြံတာပါ။အဘက ဗေဒင်ယုံလားဆိုတော့ တပ်မတော်နေ့ကို ပြောင်းပြီး ကျင်းပခဲ့ရင်တောင် ကိုးဂဏန်းနေ့မှာလုပ်မယ်လို့ ရုရှားက RT နဲ့ အင်တာဗျူးမှာ ကမ္ဘာသိ ပြောသွားခဲ့တာပါ။ On the record ပါ။


ယခုအကြံက ဗိုလ်ခြေတထောင် နန်းပြောင်းတာကို ပြောင်းမရအောင် ကျောက်ဆင်းတုတော်နဲ့ကာဖို့ဗေဒင်က အကြံပေးလို့ ကိုဗစ်ဖြစ်တာကိုတောင် မရှောင်နိုင်ဘဲ ရွေးကောက်ပွဲမတိုင်ခင်ကျောက်ဆင်းတုတော် နေပြည်တော်ရောက် ဘုရားတည်နိုင်အောင် ကြိုးစားနေတာပါ။ ပုံမှန်မှာဆို ဒီဘုရားကြီးကို ကိုဗစ်ဖြစ်နေချိန် ရေးကြီးသုပ်ပြာ လုပ်နေစရာမလိုပါ။ မြန်မာပြည်မှာ ဘုရားပေါင်းများစွာ ရှိနေပြီးသားပါ။


DASSK လဲ ကံကောင်းသွားတယ်ပြောရပါမယ်။ ကွီးဖြိုးက ဘုရားပြင်တာကို သွားအရေးယူပြီး ဟိုကဘုရားအသစ်ကြီး တည်တာကို အရေးမယူရင် အမြင်မလှနိုင်ပါ။ ဂျပုကလဲ အစိုးရတစ်ရပ်အနေနဲ့ လုပ်နေလို့ ပိုတောင်စိုးနေပါတယ်။ သူက ဒီဘုရားယတြာနဲ့ကယ်မှ မင်းဖြစ်မယ်လို့ ထင်နေသူပါ။


အချို့ကိစ္စတွေ တပ်ထဲကအဘတွေအကြောင်းက ငိုရမလို ရယ်ရမလိုပါ။ မယုံရင်လဲ ပုံပြင်လို့သာ မှတ်လိုက်ပါ။ တပ်ချုပ်ဘုရားတည်တာကို ဧရာဝတီတို့၊ ခေတ်သစ်တို့၊ ကျော်ဇေယျတို့၊ ဒေါက်ခိုင်တို့ရဲ့ဝေဖန်သံလေးတွေလဲ ကြားချင်ပါတယ်။ သာသနာပြုသူလို့တော့ ကွီးကိုတမျိုး အဖေတပ်ချုပ်ကိုတမျိုး မပြောကြေးနော်။


Photo credit: တပ်မတော်သတင်းမှန်ပြန်ကြားရေး

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

3 Comments


Myat Tun Oo
Myat Tun Oo
Jul 05, 2020

Myo Min Hlaing, စာရေးသူလဲ စိတ်မကောင်းပါ။

Like

Myint Soe Oo
Myint Soe Oo
Jul 04, 2020

ဦးမြတ် ! ဘာသာဝင် ၂. မျိုးရှိပါသည်။

၁ မိရိုးဖလာ

၂ အထက်တန်းစား

ကိုးကွယ်ရာမှာလည်း ဉာဏ်အမြင်အရ ဘုရားနှစ်ဆူ တည်ထား ကိုးကွယ်ကြပါသည်။

၁ မိရိုးဖလာ ဘာသာဝင်တို့၏ ကိုးကွယ်မှုမှာ **သဏ္ဍာန်တော်ဘုရား** ကိုးကွယ်၍ (တန်ခိုးရှင် ဖန်ဆင်းရှင် အယူအမြင် အခြေခံပြီး) လက်ရှိပစ္စုပ္ပန် စီးပွားဓနကြီးပွားရေးနှင့် အနာဂတ် တမလွန်တွင် လူနတ်ချမ်းသာဘဝများကို ခံစားလိုကြခြင်းကြောင့် ကိုးကွယ်ကြပါသည်။ ဘွဲ့အမျိုးခံ မုဒြာဟန်အသွယ်သွယ် ဆင်းတု စေတီတို့ကို

(ကိလေသာရှိသေးသော ဓာတ် နတ် ဝိဇ္ဇာ ဘိုးဘွားတော်-----)၏ အကြံဉာဏ်ဖြင့် လာဘ / ချမ်းသာ /သိဒ္ဓိ / အဘယ. ခေါးစည်းဘွဲ့ အမျိုးမျိုးဖြင့် သဏ္ဍာန်တော်ဘုရားကို ကိုးကွယ်ကြပါသည်။

ကိလေသာ အမြစ်ပြတ် ကင်းစင်တော်မူပြီးသော အရဟံဂုဏ်တော်ကြီး ထုံမွမ်းတော်မူသည့် ဘုရားရှင်အား အလိုရမ္မက် အပူဖက်၍ ကိုးကွယ်နေကြခြင်းသည်

ဗုဒ္ဓဘုရားရှင် အလိုတော်ကျပါမည်လား ? နန်းမ ၃ ဆောင် ရွှေအိုးကြီး ၄ လုံး အခြွေရံသင်းပင်း စည်းစိမ်အဖြာဖြာ အလိုမရှိ၍ ပစ်ပယ် ***ချမ်းသာစစ်အမှန်***ရရှိပြီးတော်မူပြီးသည့် ဘုရားရှင်ထံ ရတနာစီးပွား သမီးသားပါ ဓနဥစ္စာပေါကြွယ်ချမ်းသာမှု တောင်းယူနေကြလျှင် ?

#ပုထုဇနောဥမ္မတကော#ဘုရားရှင် အဆုံးအမ ထားရှိခဲ့ပါသည်။


<<<<<<<<>>>>>>>>


မိရိုးဖလာလွန် ဘာသာဝင်များကတော့ ***ဉာဏ်တော်ဘုရားရှင်***ကို လက်တွေ့လူနေမှုဘဝထဲမှာပင် ပင့်ဆောင်၍ ဟဒယထဲမှာ စွဲ နေအောင်ကိုးကွယ်ကြပါသည်။

တန်ခိုးရှင် ဖန်ဆင်းရှင်အဖြစ် မကိုးကွယ်။ အနှိုင်းမဲ့ အတုမရှိ ဆရာသခင် ကျေးဇူးရှင်

(သတ္ထာ ဒေဝ မနုဿနံ ဂုဏ်တော်နှင့်အညီ) အဖြစ် ကိုးကွယ်ကြခြင်းဖြစ်ပါသည်။ ဟိုဟာရလို

ဒီလိုတစ်မျိုး အလိုဆိုးတွေနဲ့ တောင်းဆုမဆိုပါ။ ***အလိုဆိုးများ မရှိရပါလို၏ ဘုရား ***။

ဘွဲ့ခံဘုရားအမျိုးမျိုးနောက် မလိုက်တော့ပဲ မိမိအိမ်တွင် ပင့်ဆောင်ပူဇော်ထားသော ရုပ်ပွားဆင်းတော်ပေါ် အရဟံ ကိလေသာမှန်သမျ…


Like

Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jul 04, 2020

ကွီးဖြိုး ရွေးကောက်ပွဲမဝင်ဘူးဆိုလို့ စိတ်မကောင်းဖြစ်မိပါတယ်။ တခြား အစီအစဥ်တော့ရှိမယ်လို့မျှော်လင့်မိပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page