top of page
Search
  • Writer's pictureMyat Tun Oo

ကိုဗစ် နှင့် လူစုလူဝေး


ကိုဗစ်ဖြစ်လို့ ကမ္ဘာပေါ်မှာ Lockdown လုပ်ကြပါတယ်။ ဆရာဝန်တွေက ဒီနည်းကိုကြိုက်ပါတယ်။အင်မတန် ရောဂါကူးတာကို လျော့ချစေနိုင်လို့ပါ။ ဘယ်တိုင်းပြည်က ဆရာဝန်ကိုမေးမေး သူတို့ကLockdown Lockdown Lockdown လို့သာ ပြောကြမှာပါ။ အအောင်မြင်ဆုံးက တရုတ်ပါ။

ယခုနောက်ပိုင်းမှာ ဒုတိယလှိုင်းဟာ ဥရောပ၊ အင်္ဂလန်၊ ကိုရီးယားတွေမှာ မြန်မာပြည်လို ပြန်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ထက်ဖြစ်သူလူဦးရေး ပိုပါတယ်။ သေနှုန်းကတော့ အတူတူလောက်ပါ။ သူတို့တိုင်းပြည်တွေမှာလဲ ဆရာဝန်တွေက Lockdown လုပ်ဖို့ပြောပါတယ်။ နိုင်ငံရေးသမားတွေက စဉ်းစားကြပါတယ်။ ဘာလို့လဲ? စီးပွါးရေးပညာရှင်တွေကို မေးလိုက်ရာမှာ သူတို့ဟာ ကိုဗစ်ကြောင့် Lockdown လုပ်ရင် ဘယ်လောက် စီးပွါးရေးကျမယ် အလုပ်လက်မဲ့ ဘယ်နှစ်ယောက်၊ တိုင်းပြည်ဘယ်လောက်ကြွေးတင်မယ်ဆိုတာတွေကို ပြောပြကြပါတယ်။


ဒီအချိန်မှာ နိုင်ငံရေးသမားက ကျန်းမာရေးနဲ့ စီးပွါးရေးအပေါ် မူတည်ပြီး အကျိုးအကြောင်း အဆိုးကောင်း ဆုံးဖြတ်ပေးရပါတယ်။ ဘာကြောင့် နိုင်ငံရေးသမားက ဆုံးဖြတ်ရတာလဲ? သူက ပြည်သူကိုနောက်ဆုံးတာဝန်ခံရတာပါ။ လူသေရင်လဲ အပြောခံရမှာဖြစ်သလို စီးပွါးရေး ထိုးကျသွားရင်လဲအပြောခံရမှာပါ။ ပညာရေးသမားကလဲ ကျောင်းမဖွင့်ရင် ပညာရေးဘယ်လိုနောက်ကျမယ် ဘာညာပြောမှာပါ။ ဒါ့ကြောင့် ဥရောပနိုင်ငံအချို့က ဒုတိယလှိုင်းမှာ ကျောင်းမပိတ်တော့တာ တွေ့ရပါတယ်။သူတို့က ကလေးတွေကနေ ပိုးကူးနှုန်းနည်းလို့ဆိုပါတယ်။ ကိုဗစ်ကြောင့် ရွေးကောက်ပွဲနိုင်နိုင်သလို ကိုဗစ်ကြောင့်လဲ ရှုံးနိုင်လို့ပါ။

ပြဿနာက စီးပွါးရေးတင်မဟုတ်ပါဘူး။ လူတွေကို အပြင်မထွက်ခိုင်းလို့ စိတ်ပိုင်းဆိုင်ရာရောဂါတွေ၊အခြားအိမ်တွင်းအကြမ်းဖက်မှုပြဿနာတွေပါ တက်လာနိုင်လို့ပါ။ ယခုရက်ပိုင်းအတွင်း ဥရောပကဂျာမနီ၊ အင်္ဂလန်နဲ့ အမေရိကန်တို့မှာ Lockdown ကို ဆန္ဒပြတာတွေက ပိုများလာပါတယ်။ စာရေးသူတို့မြန်မာပြည်ကတော့ DASSK ရဲ့ နိုင်ငံရေးဩဇာက လူတွေကို အိမ်ထဲမှာနေဖို့ အများစု ထိန်းထားနိုင်တာဟာ အင်မတန်ကံကောင်းတာပါ။ ရွေးကောက်ပွဲအပြီးပျော်တာ၊ နှစ် ၁၀၀ ပျော်တာလေးတွေတော့ ရှိမှာပါ။

ပြည်သူတွေဟာ မွန်းကျပ်နေချိန်မှာ ပွဲတောင်းတတ်ပါတယ်။ ဒါကိုဖမ်းပြီး ဖြေရှင်းရတာလဲ ပုံမှန်ဒီမိုနိုင်ငံစစ်စစ်တွေမှာတောင် ခက်ခဲပြီး ရဲက အစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာမရှိတဲ့တိုင်းပြည်ဆူပူမှုကို မီးပွါးလေးကအစ မီးတောက်ကြီးဖြစ်အောင် လုပ်တဲ့ တိုင်းပြည်မှာ ပိုခက်ပါတယ်။


ဖြစ်နိုင်ရင်တော့ ကာကွယ်ဆေးက နိုင်ငံခြားမှာ ဒီဇင်ဘာလကုန်စရင် မြန်မာပြည်မှာလဲ ဧပြီလောက်ဆိုအဆင်ပြေမှာပါ။ ကြားထဲမှာတော့ အားတင်းထားပါလို့သာ ပြောပါရစေ။ အမြင်မတော်တာတွေ ရှိနိုင်ပေမယ့် ကိုယ်တို့တိုင်းပြည်ဟာ အမေရိကန်၊ အင်္ဂလန်၊ ဥရောပတို့လို ဆန္ဒမပြသေးတာကိုဘဲကျေးဇူးတင်ရမှာပါ။

News Credit: The Guardian, Melbourne, DW

277 views1 comment
bottom of page