top of page
Search

ကိုဗစ်ထက် အသေများနေသောအရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 2, 2020
  • 1 min read

မြန်မာပြည်မှာ ကုလကအစ ကိုဗစ်မှာ လူတွေအများကြီးသေမယ်လို့ ထင်ထားပါတယ်။ ကိုဗစ်ပြီးရင်စစ်ပွဲတွေမှာ လူတွေအများကြီးသေမယ်လို့ ထင်ထားကြပါတယ်။

တကယ်တမ်းမှာက DASSK အပြည့်အဝ ထိန်းချုပ်လုပ်ကိုင်နိုင်တဲ့ ကိုဗစ်မှာက လူအသေအပျောက် မရှိသလောက်ပါ။

ကိုဗစ်ကမဖြစ်ဘဲ DASSK အုပ်ချုပ်လို့မရတဲ့ အမိန့်ပေးလို့မရတဲ့ တပ်နဲ့ဆိုင်တဲ့ စစ်ပွဲတွေက ပိုသေတာတွေ့ရပါတယ်။

စစ်ပွဲတွေထက် လူပိုသေနေတာက ရေမဆေးကျောက်ပါ။ ရခိုင်မှာ တစ်နှစ်လုံး အပြန်အလှန်ပစ်ပေမယ့်လူနှစ်ရာမသေပါ။

ဒီကုမ္ပဏီတွေထဲက အချို့ဟာ ဦးပိုင်ဖြစ်ပြီး အချို့ဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖက်စပ်ပါ။

ဒါကဘာကိုပြလဲဆိုတော့ လက်နက်ကိုင်တွေမရှိဘဲ DASSK ကသာ အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိခဲ့ရင်မြန်မာပြည်ဟာ ကိုဗစ်ကို ကိုင်တွယ်သလို ကိုင်တွယ်နိုင်ပြီး တိုးတက်လာမယ်ဆိုတာပါ။



 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jul 03, 2020

ဦးမြတ် ! သယံဇာတ. ကျိန်စာ ဖတ်ဖူးမှတ်ဖူးခဲ့ပါသည်။ ကျုးကျော်စစ်ခင်းလာသော နယ်ချဲ့

အင်္ဂလိပ်တို့ကို မြန်မာ အိန္ဒိယတို့ တိုက်ထုတ်ခဲ့သလို ဇူးလူးတို့သည်လည်း ကျုးကျော်မှုမှန်သမျှကို တိုက်ထုတ်ခဲ့ပါသည်။

ကျုးကျော်မှု မှန်သမျှကို တိုက်ထုတ်တွန်းလှန်ခြင်းသည် တရားမျှတသော နိယမ တရားဟု တညီတညွတ်ထည်း လက်ခံကျင့်သုံးကြပါသည်။

ဦးမြတ်ကို ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများဖြင့် ရှင်းပြပါရစေ။


အရှင်သာရိပုတ္တရာမထေရ်ကြီးဟာ သီးခံသည့် အရာမှာ မဟာပထဝီမြေကြီးကဲ့သို့ ပင်တည်း။

ကျွန်တော်တို့တတွေဟာ အရုပ်ဆိုးအပုပ်အသိုးရုပ်အလောင်းတွေ မြှပ်နံတာကို အပြုံးမပျက်လက်ခံပေးတာလဲ သည် ပထဝီမြေကမ္ဘာ။

နှစ်ပရိစ္ဆေဒရှည်ကြာ ရင်မှာဖြစ်တည် သန္ဓေအစစ် အနှစ်ရတနာ ဆီလောင်စာနှင့် စိန်ရွှေကျောက်သံရတနာမှန်သမျှ ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာနည်းဗျုဟာ

နှင့် သုံးစွဲယူငင် ဟိုယခင်က အပြစ်မမြင် ကြည်ဖြူထိုးအပ် ပေးဆပ်ခဲ့တာလည်း မြေကြီးမဟာ ပထဝီအရာ။ လက်နက်ခဲယမ်း သူ့အပေါ် ကျချပေါက်ကွဲ စစ်ရဲ့ဒါဏ်ရာ မညည်းညူရှာ မြေကမ္ဘာ။သူ့အကွယ်အကာ သစ်တောသာတို့ ခုတ်ယူသုံးစွဲ အပြစ်မပြော တောင်တွေပြိုကျ ရွှံနွံခလည်း အပြုံးမပျက် အကျိုးဝေဆာ ပြန်ပေးနေတာ မြေထုလွှာ။

သည်းခံတိုင်းတာလွန်လာလေတော့!

သစ်ပင်ပျောက်၍ စမ်းချောင်းအစစ် ရေအမြစ်တို့ဆိတ်သုန်းသော်လည်း ရင်ကွဲဒါဏ်ရာ မြေပတ်ကြားကွဲ ယှဥ်တွဲအနှံ့ သူလှစ်ပြ၏။

ဒါကိုသတိမမူ ငါလောဘဇော မောဟနှောလေသောအခါ

#သယံဇာတကျိန်စာ#ဖြစ်ပေါ်လာရသည်ဟု #ထေရဝါဒအခြေခံ#အမြင်ရှုထောင့်မှ သုံးသပ်တင်ပြအပ်ပါသည်။


&&&&&***&&&&&


ဗုဒ္ဓဘုရားရှင်၏ လောကသုံးပါးကို ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ပူဇော်သောအားဖြင့် ဘုရားရှင်၏ အဆုံးအမဖြင့် ထပ်ဆင့်တင်ပြပါရစေ။

ဗုဒ္ဓဘါသာဝင်အများစု နှုတ်တက်ဆောင် အလွတ်ရနေသည့် မင်္ဂလသုတ်။ ***ကတညုတာ***

သူတစ်ပါးက မိမိအပေါ်ပြုခဲ့ဖူးသော ကျေးဇူးတရားကို သိခြင်း။

ကျေးဇူးသိမှ မင်္ဂလာ ရှိပါမည်။

အပြန်အလှန်အားဖြင့် ကျေးဇူး မသိလျှင်ဖြင့် ----?

မင်္ဂလာ = အပြစ်ကင်းရှင်း သန့်စင်ခြင်း။

ဗုဒ္ဓဘုရားရှင်မှ တပည့်သား သာဝက ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရမည့် ဝိနည်း(စည်းကမ်းနှင့် နည်းလမ်း)

#သစ်ပင်ကိုမဖျက်ဆီးရ# ဆုံးမတော်မူခဲ့ပါသည်။


Like

nyeinchanaungdr102
Jul 02, 2020

Right!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page