top of page
Search

ကိုဗစ်ဆေးမှပြောသော အဘတို့အကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 10, 2020
  • 1 min read

ကိုဗစ်ရောဂါကို ကုရာမှာသုံးတဲ့ Remdesivir ကို DASSK က ပြည်သူတွေအတွက်သုံးပေးမယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘာလာလာ ဖောင်းထုမယ်ဆိုတဲ့ အဆိုးမြင်ဝါဒီများရယ် ဆရာကြီးများရယ် ဖွတ်နဲ့ အဘမ အကောင့်တုများက မျိုးစုံဝေဖန်ကြပါတယ်။

ဒါနဲ့ စာရေးသူရဲ့ မိန်းမက တစ်ခုပြောပြပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အထိ မြန်မာပြည်ကဆေးရုံတွေကို သာမန်လူတက်ခဲ့ရင် ယခုလို ထရမ့်ကိုပေးတဲ့ Remdesivir မပြောနဲ့ သာမန် ပိုးသတ်ဆေးantibiotic တောင် လူနာများကိုပေးဖို့ မရှိခဲ့ပါလို့ပြောပါတယ်။ ဆရာဝန်များဟာ လူနာကို ဆေးထိုးဖို့ကိုဆေးစာရေးပြီး ဝယ်ခိုင်းရတာပါ။ ရန်ကုန်ဆေးရုံကြီးက အစပါ။ ဒါက သာမန်လူတွေအတွက်ပါ။ ဆေးမရှိဘူးပေါ့။


ဒါပေမယ့် အဘနဲ့ ပတ်သက်သူတွေတက်ရင်တော့ ဆေးရုံက ဆရာကြီးများ ဆေးရုံအုပ်ကြီးများဟာဆေးကိုရှာရပါတော့တယ်။ ပုံမှန်က အဘတွေက အရပ်သားဆေးရုံကို မတက်ပါ။ သူတို့ရဲ့ ကိုယ်ရေးအရာရှိရဲ့ ရွာကအမျိုးတို့၊ ကားမောင်းသမားရဲ့ အမျိုးတို့လောက်ပါ။ ဒါတောင် ဆရာကြီးများဟာသာမန်လူနာကို ဝယ်ခိုင်းပေမယ့် ထိုသူများကို ဝယ်ခိုင်းလို့ကတော့ အဟောက်ခံရပါတယ်။ ဆရာဝန်ကြီးများ၊ ဆေးရုံအုပ်များက ကုမ္ပဏီအချို့က အလကားအလှူခံထားတဲ့ဆေးများ စားရိတ်မျှပေးကရထားတဲ့ ပိုက်ဆံတွေထဲက ဆေးဝယ်ပြီး အဘရဲ့ ဒရိုင်ဘာတို့ ကိုယ်ရေးအရာရှိတို့ ရွာကအမျိုးတို့ကိုကုပေးခဲ့ရတာပါ။ အဘတို့က စင်ကာပူကိုသွားကုပြီး မြန်မာပြည်က အထူးကုဆရာဝန်ကို ဆေးစာဖတ်ဖို့ သွေးပေါင်ချိန်ဖို့၊ ဆေးသွင်းဖို့လောက်ကို ခေါ်သွားကြတာပါ။



ယခုလို NLD အစိုးရလက်ထက်မှာ ကိုဗစ်ရောဂါဖြစ်ရက်ကို တိုစေနိုင်တဲ့ Remdesivir ဆေးကို ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ အဘနဲ့သိသိ မသိသိ၊ အမနဲ့ သိသိ မသိသိ လူသားတိုင်းကို ရောဂါလိုအပ်ချက်အပေါ်မူတည်ပြီး တန်းတူပေးနိုင်တာ၊ ပေးဖို့စီစဉ်နိုင်တာဟာ DASSK ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာမိုလို့ပါလို့ ပြောပါရစေ။ ကိုဗစ်ကိုတိုက်ရာမှာ


က) သွေးရေကြည် plasma from recovered patients

ခ) အသက်ကယ်ဆေး Dexamethasone

ဂ) ပိုးကျဆေး Remdesivir

တို့ကိုအထူးကုဆရာဝန်ကြီးတွေက သုံးသပ်ပြီး လိုအပ်ရင် မြန်မာပြည်မှာ ပေးနိုင်နေပါပြီ။



ဒီဆေးဟာ အမေရိကန်မှာ လူနာတစ်ယောက်ကို ငါးရက်အတွက် ဒေါ်လာ ၃၁၂၀ ကျပြီး ယူကေမှာပေါင် ၁၉၀၀ ပါ။ အိန္ဒိယထုတ် စျေးအချိုဆုံးက တစ်လုံးကို ဒေါ်လာ ၅၃.၃၄ ဖြစ်လို့ ငါးရက်အတွက်ဒေါ်လာ ၂၆၇ ကုန်ကျမှာပါ။



ဒါဟာ အဘတို့လက်ထက််မှာ သာမန် ပိုးသတ်ဆေး antibiotic နှစ်ဒေါ်လာဖိုးလောက်တောင် မိမိပိုက်ဆံနဲ့ ဝယ်သောက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ယခုဟာက မိုးနဲ့မြေလို ကွာနေပါတယ်။


ဒီနေရာမှာ မိမိလုပ်မှ မိမိစားရမှာဆိုသူများအတွက်က ယခုလို ပြည်သူ့အစိုးရရှိနေလို့သာ မိမိရောဂါဖြစ်ချိန်မှာ ဆေးကုပေးတာပါလို့ ပြောပါရစေ။ အဘတို့ကိုရွေးရင်တော့ မိမိလုပ်မှ မိမိစားပြီး မိမိပိုက်ဆံနဲ့ ဆေးဝယ်သောက်ရကာ မိမိဖာသာ ဘဝဆုံးသွားနိုင်ပါတယ်လို့ ပြောပါရစေ။


ရွေးချယ်နိုင်ချိန် ရွေးချယ်ခွင့်ရချိန်မှာ ကောင်းသောပါတီကို ရွေးကြပါ။ မဟုတ်ရင်တော့ ဆေးတွေဟာအဘတို့အတွက်သာဆိုတဲ့ခေတ်ကို ပြန်ရောက်သွားပါမယ်လို့ ပြောပါရစေ။

News Source: CNBC, The Times, Reuters

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Albert Wint
Albert Wint
Oct 10, 2020

ပြောဘို့ ကုန်နိုင်ဘွယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page