top of page
Search

ကိုဗစ်စစ်ပွဲမှ သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 2, 2020
  • 1 min read

မနေ့က DASSK နဲ့ ပြည်ထဲရေး၊ ကျန်းမာရေးနဲ့ ထွေအုပ်က ဝန်ထမ်းတွေ တွေ့ဆုံပွဲကို ကြည့်လိုက်ရပါတယ်။ ကိုဗစ်စစ်ပွဲဟာ တိုက်ရခက်ပါတယ်။ ကမ္ဘာပေါ်မှာ ခြေဥ အခိုင်အမာရှိပြီး ဒီမိုစနစ် နှစ်ပေါင်းရာကျော်ရှိပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးစနစ်ကောင်းတဲ့ အမေရိကန်၊ ယူကေ၊ အိန္ဒိယကအစ ဘရာဇီး၊ မက္ကစီကိုအဆုံး တိုင်ပတ်နေတာ တွေ့ရပါတယ်။

မနေ့က ကျန်းမာရေးက ဆရာဝန်မကလဲ သူတို့လုပ်နေကိုင်နေတာတွေကို သေချာရှင်းပြသလို ထွေအုပ်ကလဲ သူလုပ်နေကိုင်နေတာတွေကို ရှင်းပြခဲ့ပြီး သူတို့ဘယ်လို We Love Yangon ကနေ အကူအညီရပုံတွေ သူ့အခက်အခဲတွေကို တင်ပြခဲ့ပါတယ်။ DASSK ကလဲ သူမလုပ်နိုင်တာကို ဖြည့်ဆည်းပေးခဲ့ပါတယ်။


ထို့အတူပါဘဲ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကလဲ သူတို့လုပ်ခဲ့တာတွေ လုပ်နေတာတွေကိုစနစ်တကျ ရှင်းပြခဲ့ပါတယ်။ သူ့ကြည့်ရတာ အချိန်ယူပြီး သေချာပြင်ဆင်လာပုံပါ။ DASSK ကလဲ သူပြောတာကို အချိန်ပေးပြီး နားထောင်သွားပါတယ်။

ကိုဗစ်ကိုတိုက်ရတာဟာ စစ်ပွဲတစ်ပွဲလိုပါဘဲ။ နိုင်ငံရေးသမားက ဦးဆောင်မှုပေးပြီး အခြားအောက်ခြေဌာနတွေက သူတို့အလုပ်ကို ကျွမ်းကျင်စွာ professionally လုပ်သွားဖို့ပါ။ ယခုကိုဗစ်မှာ DASSK ကနိုင်ငံရေးဦးဆောင်မှုပေးပြီး အခြားဝန်ကြီးဌာနတွေက ကျွမ်းကျင်စွာ အကောင်အထည်ဖော်နေတာအားရစရာပါ။ အခက်အခဲကတော့ ကမ္ဘာမှာရှိသလို မြန်မာပြည်မှာလဲ ရှိမှာပါ။ ထို့အတူပါဘဲ ကိုဗစ်ဖြစ်နေတဲ့ ရခိုင်ဒေသကို ဆေးပညာရှင်စစ်ကူ၊ ဆေးဝါး ရိက္ခာအကူတွေကို စနစ်တကျ ပို့နေတာဟာလဲအားရစရာပါ။

နောက်ပြီး DASSK ဟာ တပ်ကလူတွေနဲ့ စကားများများပြောရင် သူမကို တပ်ကလူတွေက ကြိုက်သွားလေ့ရှိပါတယ်။ အရေးကြီးတာက သူမအနေနဲ့ ဒုတပ်ချုပ်တို့ ညှိနှိုင်းရေးမှူးတို့နဲ့ ဘယ်လို စကားပြောနိုင်တဲ့ အခွင့်အရေးရှိမလဲဆိုတာပါ။

ယခုလို စကားများများပြောနိုင်ရင် ကိုဗစ်စစ်ပွဲနဲ့ အခြားစစ်ပွဲများလဲ အောင်နိုင်လိမ့်မည်လို့ ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Sep 03, 2020

ဦးမြတ် ! ယခုဖော်ပြမည့် စကားစု

၂ စုကို အထူးမှတ်ပြီးမှ ဆက်ဖတ်စေလိုပါသည်။

***မပါလည်း မပြီး***

***ပါလည်း ပြီး၏ ***


<<< မပါလည်း မပြီး >>>

<<< ပါလည်း မပြီး>>>


©©©©©©©©©©©©©©©©


လူမှုနယ်ပယ်တွင် အဝန်းအဝိုင်း ကောင်းကျိုးပေါ်အောင် ဖေါ်ဆောင်ရာ၌ ဦးစီးခေါင်းဆောင်နာယက၏ အခန်း ကဏ္ဍ အထူးလိုအပ်ပြီး အရေးကြီးထိပ်ပိုင်း အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတ်သက်နေပါသည်။ သူ ဦးစီးခေါင်းဆောင်ပြုမှသာ မင်းကတော့ ဘယ်သို့သွား၊ သူကတော့

ဘယ်နယ်ကို သွား ၊ ဘယ်လိုအလုပ်ကို မည်သူတွေနဲ့ မည်သို့မည်ပုံဆောင် ၊ **အောင်ပါလိမ့်မယ်နော် **။ မိမိအလိုကျ အကွက်ချ ပန္နက်တင် လုပ်အားတွင်ဖို့ ခွန်အားတင်ဖို့ အားပေးစကားနဲ့အတူ အလေးထား တလေးတစား (ဂါရဝ နိဝါတဖြင့်)

ပြုမှုပြောဆိုက အကောင်အထည်ဖော်မည့် လုပ်သား အားဝင့်၊ မာန်ချီ လုပ်ငန်းခွင်နှင့် ပနံတင့်ရပါသည်။

အနီးစပ်ဆုံး သာဓက

ကိုဗစ် ကိစ္စ အောင်မြင်မှု ၊ မန်း တာကျိုး ရေလျှံ ဆရာရဲ ရဲ့ ဇွဲမာန်သတ္တိ အစွမ်းရှိရှိ ဆောင်ရွက်လိုက်တာ အောင် **ဂုဏ်**ဆောင်ခဲ့ပါသည်။ **မပါ မပြီးပါ**။

ဘာလို့ အောင်ပါလဲ ? မာယာ ပရိယာယ် နှစ်သွယ် မဖက် မစွက်သောကြောင့် ၊ ရိုးသား တည်ကြည်မှု ဗဟို ပြုသောကြောင့်။ ကိုယ်ကျိုးအတွက် မာယာ ပရိယာယ်နှင့် မဆွယ်။ အများအတွက် မာယာ ပရိယာယ် ဖယ် ပြီး အများကောင်းကျိုး တိုး စေသောကြောင့်ဖြစ်ပါသည်။

ဤသို့အားဖြင့် အများ၏ ယုံကြည်မှုကို တည်ဆောက်ယူခြင်းကြောင့်

မပါ မပြီး၊ အိမ်သုံး **ဆား**သိုတည်း။ ယခု ဆောင်းပါးပါဓာတ်ပုံများအရ ပါဝင်နေမှုသည် ယနေ့ နှင့် အနာဂတ်…


Like

Albert Wint
Albert Wint
Sep 03, 2020

ကောင်းပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page