top of page
Search

ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေ မအလခိုးဖို့ကြိုးစား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 19, 2021
  • 1 min read

မအလဟာ DASSK ဝယ်ဖို့စီစဉ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ပိုက်ဆံမရှင်းဘဲ လက်ရှိကာကွယ်ဆေးကိုလဲ မိမိကိုယ်ကျိုးအတွက် အာဏာတည်မြဲဖို့အတွက် သုံးဖို့ကြိုးစားနေတာတွေ့ရပါတယ်။ သူဟာ ကိုဗစ်ကာကွယ်ဆေးဌာနက CDM လုပ်နေတဲ့ ကာကွယ်ဆေးဌာန ညွှန်ကြား​ရေးမှူး Dr ထားထားလင်းနဲ့ သူမရဲ့အဖွဲ့ကို သိက္ခာချဖို့ ကြိုးစားနေပါတယ်။

လက်ရှိ မအလဘောမ ကျန်းမာရေးဝန်ကြီး ယခင် အတွင်းဝန် သက်ခိုင်ဝင်းက DASSK အစိုးရက ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့လုပ်တာကို မသိပါဘူးဆိုပြီး Dr ထက်ထက်လင်းအိမ်ကို ဝင်ရှာတာတွေ လုပ်ပါတယ်။ မအလဟာ DASSK အစိုးရလက်ထက် ပြည်သူတွေက ကိုဗစ်အတွက်လှူထားတဲ့ ငွေတွေကိုတပ်ထဲပြောင်းထည့်လိုက်ပါတယ်။

သူက ယခု DASSK အစိုးရ အိန္ဒိယက ဝယ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကုမ္ပဏီတွေကို ဝယ်ခိုင်းပြီးပြည်သူ့ထံက ပိုက်ဆံပြန်တောင်းပြီး ကိုဗစ်ဆေးထိုးဖို့ အစီအစဉ်လုပ်နေပါတယ်။

မအလဟာ ပြည်သူကို မျက်နှာမမူလို့ အစကထဲက ကိုဗစ်ဖြစ်ချိန် အာဏာသိမ်းတာပါ။ ယခု ကိုဗစ်ကာကွယ်ဆေးအတွက် လုပ်ပေးတဲ့ဆရာမအိမ်ကိုဝင်ရှာတာ ကိုဗစ်ရန်ပုံငွေတွေကို တပ်အကောင့်ထဲပြောင်းပြီး ယူတာတွေဟာ သူ့ရဲ့ ယုတ်မာမှု၊ မိမိအာဏာအတွက် ပြည်သူကိုချနှင်းရဲတယ်ဆိုတော့ဒေဝဒတ်စိတ်ဓတ်ကို ပြလိုက်တာပါ။ ပြည်သူများလဲ ဆရာမ Dr ထားထားခင်းကို ဝန်းရံကြပါ။ နောက်အိန္ဒိယကဆေးကို တရုတ်ကာကွယ်ဆေးနဲ့ အစားထိုးပြီး ပိုက်ဆံတွေကို ဗုန်းအုံးမှာပါ။ ယခင်က လေယဉ်ပျံကို စျေးပိုပြပြီးခိုး၊ နောက်ရေငုပ်သင်္ဘော အလကားရတာကို ဝယ်တယ်ဆိုပြီးခိုး၊ ယခုခိုးစရာမရှိတော့ ပြည်သူတွေ ကိုဗစ်အတွက်လှူတာခိုးနဲ့ အင်မတန်အောက်တန်းကျတယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 19, 2021

ဦးမြတ်!!! ဘုရားပစ္စည်း ငရဲမီး ဟူ၍ အဆုံးအမရှိပါသည်။

ဘုရားပစ္စည်း ထိဝံ့ ထိရဲသည့်နောက်တော့ အထူးပြောရန် မလိုတော့ပါ။

အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page