top of page
Search

ကိုဗစ်ကပေးသော ရွေးကောက်ပွဲအသိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 22, 2020
  • 1 min read

အမေရိကန်မှာ ထရမ့်ကြီးက Make America Great Again ဆိုပြီး တက်လာတယ်။ သူက အက်ရှင်မင်းသားစတိုင်။ ဒါပေမယ့် ကိုဗစ်နဲ့တွေ့တော့ တိုင်ပတ်သွားပါတယ်။ လူအများကြီးသေတယ်။ သေနေဆဲ။

သူပြီးတော့ အဘအားကျတဲ့ ပူတင်။ သူကလဲ အမေရိကန်ကိုတောင် အသက်ရူစက်လှူသလို လုပ်လိုက်သေးတယ်။ တရုတ်နဲ့ နယ်စပ်ပေမယ့် တရုတ်ကမကူးဘဲ သူ့လူမျိုးတွေ ဥရောပက ပြန်လာအပြီးမှာ ကူးကြတာ။ ပူတင်ကလဲ အက်ရှင်မင်းသားကြီးဘဲ။

ဒါနဲ့ အင်္ဂလန်ကိုကြည့်လိုက်တယ်။ သူ့ဝန်ကြီးချုပ်ကလဲ သတင်းသမား။ လူတွေကို ဘယ်လိုမဲဆွယ်ရမလဲ သတင်းပညာဘယ်လိုသုံးရမလဲ အကုန်သိတယ်။ ဒါပေမယ့် အင်္ဂလန်မှာလဲ Boris Johnson က မနိုင်ဘူး။ သူကိုယ်တိုင်တောင် မသေရုံ ဆေးရုံရောက်သွားတယ်။

ဟာ ဒါဆိုရင် အိန္ဒိယက မိုဒီကြီးရော။ သူကလဲ ဘာသာရေးနဲ့ တက်လာတာ။ အမျိုး၊ ဘာသာ၊ သာသနာပေါ့။ ကိုဗစ်နဲ့တွေ့တော့ သူလဲ တိုင်ပတ်သွားတယ်။ အိန္ဒိယက ပိုက်ဆံတတ်နိုင်သူတွေက အိမ်မှာတောင်အောက်ဆီဂျင်ဘူး ဝယ်ထားနေရပြီ။

ဖိလစ်ပိုင်က မူးယစ်သမားတွေကို အသေပစ်သတ်လို့ နာမည်ကြီးတဲ့ ဒူတာဒေးလဲ ကိုဗစ်ကိုတော့ မနိုင်ဘူး။

ဒါဆို ဘုန်းကြီးနဲ့ တပ်တွေပေါင်းအုပ်ချုပ်တဲ့ တိုင်းပြည်ဆိုရင် ကိုဗစ်ကို ထိန်းနိုင်မလား? အီရန်မှာဆိုရင်သေတဲ့လူများလို့ အလောင်းတောင် မကောက်နိုင်ပါဘူး။ အီရန်မှာဖြစ်တာက ဘုန်းကြီးတွေကသောကြာဗလီတက်ပြီး ဆုတောင်းလိုက်ရင် အဆင်ပြေမယ်ထင်သလို တပ်ငလဲ ဟိုဆေးဖြန်း ဒီဆေးဖြန်း လူဗြိန်းကြိုက်သာလုပ်တတ်လို့ ကိုဗစ်ကို မတားနိုင်ဘဲ ကိုဗစ်ဖြစ်တဲ့လူက ၂ သိန်း ၈ သောင်းကျော်ပြီး သေသူက ၁ သောင်း ၄ ထောင်ရှိသွားပါတယ်။ ဒါတောင် တရားမဝင်သေတာတွေ အများကြီးရှိမယ်လို့ ပြောကြပါတယ်။


ပြောလိုတာက အင်အားကြီးနိုင်ငံတွေမှာ အသေများပြီး ဘုန်းကြီးနဲ့ တပ်ပေါင်းအုပ်ချုပ်ရင် ဆရာများပြီး ပိုသေတယ်ဆိုတာပါ။

မြန်မာပြည်မှာက ခေါင်းဆောင်မှုရော၊ စီမံခန့်ခွဲမှုရောကောင်းတဲ့ DASSK နဲ့ သူမအစိုးရရဲ့ ဦးဆောင်မှု၊ဆေးဝန်ထမ်းတွေရဲ့ ကျရာတာဝန်ကို အသက်ကိုပဓာနမထားဘဲ ကျေပြွန်စွာ ထမ်းဆောင်မှုကြောင့်သာကိုဗစ်ကို ကျော်လွှားနိုင်နေတာပါ။


စာရေးသူ ကမ္ဘာပေါ်မှာ ဖြစ်တာတွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ကိုဗစ်ကို ကိုင်တွယ်နိုင်ဖို့ရာက ငွေကြေး၊လက်နက်၊ အာဏာ၊ ဘုန်းကြီးမဟုတ်ဘဲ ခေါင်းဆောင်ကောင်းရှိဖို့လိုတယ်ဆိုတာကို သွားတွေ့လိုက်ရပါတယ်။ မိမိအသက်ကို ကယ်ခဲ့တဲ့ ခေါင်းဆောင်ကောင်းရှိတဲ့ အစိုးရမိုလို့ NLD ကိုသာ မဲပေးအုံးမှာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page