top of page
Search
  • Writer's pictureMyat Tun Oo

ကွီးဖြိုးအကြောင်းကိုပြောသော ပို့စ်တစ်ခု DASSK ဖတ်ရန်


စာရေးသူက အခြားလူများရေးတာကို ရှယ်လေ့သိပ်မရှိပါ။ ကွီးကိုမကောင်းပြောသူများရှိပါတယ်။အများစုမကောင်းပြောသူများကို နောက်ကြောင်းလိုက်ရင် အဘနဲ့ သွားဆုံးတတ်ကြပါတယ်။ အချို့အိမ်ခြံမြေနဲ့ ပွဲစားလုပ်အဆင်ပြေသူအချို့ဆိုလဲ မကြိုက်နိုင်ပါဘူး။ ယခုကတော့ သာမန် ပညာတတ်ဆရာဝန်မတစ်ဦးရဲ့ အမြင်ပါ။ သူမရဲ့ အမြင်ဟာ မိုးကျမိန်းမအချို့ အိမ်ပွဲစားအချို့ရဲ့ ကွီးဖြိုးပေါ်အမြင်နဲ့ ကွဲပြားနေပါတယ်။ ယခင်က ဆေး ၁ ဒုပါချုပ်အမြင်ကိုလဲ တင်ခဲ့ပြီးပါပြီ။

*************************************************************************

ရန်ကုန်---

* ရန်အကုန်နှိမ်နင်းနိုင်တဲ့အထိမ်းအမှတ်နဲ့ အမည်သမုတ်ခဲ့တယ်

* စီးပွားရေးအချက်အချာကျတဲ့မြို့မို့စီးပွားရှာဖို့လာကြတယ်။

* ပညာစုံရတာမို့ ပညာရှာဖို့လာကြတယ်။

* နယ်မှာနေရတာအေးချမ်းပေမယ့် ကလေးတွေနောင်ရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေးလက်လှမ်းမှီအောင်၊အမြင်ကျယ်အောင် ရန်ကုန်မှာပဲ အခြေချလိုက်တယ်…စသည်ဖြင့်.ရန်ကုန်သည်ကျယ်ပြောစည်ပင် လာရသည်။

* တစ်ခုခုဆို ရန်ကုန်သည် ခံရသည်။ ရာသီဉတုဖောက်ပြန်မှု၊ ကပ်ရောဂါ၊ စီးပွားရေးအဆင်မပြေမှုစသည်များက လူဦးရေထူထပ်သော၊ အဝင်အထွက်များသော ရန်ကုန်က ပိုထိသည်။

* တခုခုဆို ရန်ကုန်က ပိုကဲသည်။ ဆုံးဖြတ်ချက်မှားယွင်းပါက ဘက်ပေါင်းစုံကဝေဖန်ကြသည်။ လူမျိုးပေါင်းစုံ၊ နေရာဒေသပေါင်းစုံက လာကြသည်ဖြစ်၍ ယူဆချက်များမတူညီကြချေ။

* တိုးတက်မှုတွေအတွက် ပေးဆပ်မှုတွေကလဲ ဒုနဲ့ဒေးပါ။

* ရန်ကုန်၏ပေးဆပ်မှုများက ရန်ကုန်အတွက်ချည်း မဟုတ်ပါ။

* ထိုသို့သောရန်ကုန်အား ထိန်းသိမ်းရန်လွယ်ပါမည်လား။

* ဇာတ်ဆရာပြောင်းပေမယ့် ကကွက်မပြောင်းချင်သူတွေကရှိသေးသည်။ စရိုက်သေနေတဲ့သရုပ်ဆောင်တွေလား။ ပွဲခင်းတစ်ခုလုံးပြောင်းနေတာ မေ့များနေကြသလား။

* ရှုပ်ထွေးသော …ကျယ်ပြန့်သော… မာယာများသော…ထိုသို့သော ရန်ကုန်တွင် လုပ်စားသူများရှိသည်။ အယောင်ပြစားသူများရှိသည်။ အတ္တချင်းမီးခတ်ကြသည်။ ရပ်တည်မှုအတွက် ပြိုင်ဆိုင်ကြသည်။ ရည်ရွယ်ချက်ချင်း လွန်ဆွဲကြသည်။

* ရန်ကုန်ကိုခေါင်းဆောင်ခဲ့သူသည် ဒီစိန်ခေါ်မှုတွေနဲ့ မွေ့လျော်ခဲ့ရသည်။

-

-

-

သူ……

* ရည်မှန်းချက်ကြီးသလိုပြောင်းလွယ် ပြင်လွယ်ရှိသည်။

* မလျော်အာဏာ သုံးခြင်း မဖြစ်စေခဲ့ရ။

* တဘက်သတ်စဉ်းစားသူများနှင့် အဘက်ဘက်မှစဉ်းစားပေးသူများကြား ဖြစ်သင့်တာကို ဝိုင်းဝန်းဖွေရှာပေးခဲ့သည်။

* လိုအပ်တဲ့ နည်းပညာအထောက်အပံ့တွေကို ငယ်ရွယ်သူပညာရှင်များထံမှ လိုအပ်လျှင် လေးစားစွာယူသည်။

* အချက်အလက် အကျိုးအကြောင်း ငြင်းဆိုပိုင်ခွင့်ပေးသည်။ သူ မသိလျှင် မသိကြောင်းရိုးသားစွာဖြင့် အကြံပေးမှုလက်ခံသည်။ ပညာရှင်တွေကိုဦးစားပေးသည်။

* ရန်ကုန်သူ/ ရန်ကုန်သားများသည် သူ၏ မိသားစုဝင်များသာဖြစ်သည်။

* ကပ်ဘေးကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ကပ်ရောဂါဖြစ်ပွားမှုကြား သူနှင့်အဖွဲ့သည် ပြည်သူကြားအမြဲရှိသည်။ အံ့ဩလောက်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။ မတူညီသောတောင်းဆိုမှုများ၊ မတူကွဲပြားသော အင်အားစုများ သူ့အစုနှင့်သူ ဟန်ချက်ညီ အပေးအယူမျှအောင်စီမံနိုင်ခဲ့သည်။

* ဗဟိုနဲ့တိုင်းဒေသကြီးအကြားခြားနားချက်တွေကို အကောင်းဆုံး ကိုင်တွယ်ပြီး သူ့မူကို ကိုယ့်ဟန်ဖြစ်အောင် ထိန်းညှိုဆောင်ရွက်ပေးခဲ့တယ်။

* အမြစ်တွယ်နေတဲ့ ပြဿနာတွေကို မလွယ်ကူမှန်းသိပေမယ့် ဘာကိုမှ မငဲ့ကွက်ဘဲ ရည်ရွယ်ချက် ကြီးကြီးနဲ့ ဖြေရှင်းခဲ့တယ်။ ပညာပြမှုတွေကို အေးအေးဆေးဆေးသာ ဖြေရှင်းပေးခဲ့တယ်။

* ဝိုင်းဝန်းဝေဖန် တိုက်ခိုက်မှုတွေကြား တစိုက်မက်မက် ဆက်လုပ်ခဲ့သည်။ သူ့စိတ်ကရှင်းခဲ့သည်။ပြည်သူတွေအတွက် စေတနာနှင့် မေတ္တာတရား ကိုသာ အခြေခံခဲ့ပါသည်။ သူ့စကားနှင့် သူ့လုပ်ဆောင်မှုတွေက သူ့စိတ်ဓာတ်ကို ပြသည်။

* အတ္တတွေမီးခတ်မှုကြောင့် ပြဿဒ်တွေ မီးမလောင်အောင်၊ ပြိုင်ဆိုင်လာတဲ့ ရပ်တည်မှုတွေကြောင့်အခြေခံတွေ ယိုင်လဲမသွားအောင် ၊ ဦးတည်ရာတွေပြိုင်ဆိုင်မှုကြောင့် လမ်းမပျောက်အောင် ကြံဆောင်ရင်း အကောင်းဆုံးမဖြစ်ခဲ့ပေမယ့် ဟန်ချက်ညီညီ အပေးယူမျှမျှဆက်သွားနိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့တယ်။

* အနာဂတ်မျှော်လင့်ချက်တွေမရှိပါပဲ တတ်စွမ်းသ၍ ဆောင်ရွက်ခဲ့မှုများဖြင့် ရန်ကုန်ကိုတိုးတက်အောင် လုပ်ပေးခဲ့သည်။

* အမေ သူ့ကိုယုံ၍ ပေးထားသည့် ရန်ကုန်ကို သူနှင့် သူ့အဖွဲ့အစွမ်းရှိသ၍ ဆွဲတင်သွားခဲ့သည်။ ဒါပေမယ့် လာမယ့်နှစ်တွေ ရန်ကုန်ကို သူစွန့်ခဲ့တော့မည်။ ဆက်ရှိစေချင်မိပါသည်။

* ခေတ်အဆက်ဆက် အလိုမကျခဲ့ရ၊ ဒဏ်ရာတွေနဲ့ နေခဲ့ရတဲ့ရန်ကုန်မှာ အခုလိုအရပ်သားအစိုးရလက်ထက် သူ့ရဲ့စီမံအုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့နှစ်တွေကို ကျေနပ်သည်။

* ဖြစ်ပါ့မလား စိုးရိမ်ခဲ့ရတဲ့ အစောပိုင်းကာလတွေရှိခဲ့ပေမယ့် အတိုင်းအတာတစ်ခုထိ ပြောင်းလဲနိုင်တဲ့ရန်ကုန်ဖြစ်ခဲ့သည်။

* အကန့်အသတ်ကြားမှ ဝန်ထမ်းဘဝဖြစ်သည့် ကျမသည်လည်း တာဝန်ကျေသော ပြည်သူတစ်ယောက်သာ ဖြစ်ချင်တော့သည်။

* ( ပြည်သူတွေအတွက် နှစ်သစ်ကူးဓမ္မလက်ဆောင် စီစဉ်ပေးသော ကျမတို့ အကိုကြီး ကွီးဖြိုးအတွက်နှစ်သစ်ကူးစကားလက်ဆောင်ပါ။ ကျန်းမာရွှင်လန်းစွာဖြင့် အသက်ရာကျော်ရှည်ပါစေ။ တိုင်းပြည်အကျိုး၊ သာသနာ အကျိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေ)


Post Credit: Dr Susu Hlaing

328 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Jan 03, 2021

ဦးမြတ်!!!!! ခေါင်းစည်း တပ်ရန် ဦးမြတ် တာဝန်ပါ။

**--------**


နီနီ ရဲ ရင့်

စိုစွေးလွန်းသည့်

ကြက်သွေးရောင် အဆင့်။


နမ်းရူ ဆောင်ယူလိုသလား

ရနံ့ မပြင်း

သင်းပျံ့ပျံ့ ရနံ့ အချင်း

ရင်ထဲလှိုက်ဖို

အကြိုက်ပိုစေရမည်။


ပန်ဆင်လိုသလား

ကေသာမှာ စွက်

လိုက်ဖက်ဖို့ အသင့်

အဆင်း ဝင့်ဝင့်

တင့်တင့်ရယ်ကြွယ်

ခေါင်း ကေသာ အတွက်

အလိုက် ပျိုစေရမည်။


အဆင်တန်ဆာ ဒီဇိုင်း မရိုင်းဖို့

အရောင် ဖြည့်စွက်

အသွေး တက်ခါ

အမြင်အားကို ထင်ရှား

အမျက်ပြေသွားစေရမည်။


ကောင်းမှု ပြုလိုပြီလား

ကုသိုလ်အရေး

ဆောင်တွေး စီမံ

ကပ်လှုရန် ပေး

ဣန္ဒြေ ရင့်ရင့်

ကြ က်သွေးရောင်နှင့်

ပနံတင့်

သာဓု ခေါ်သံ အဆင့်ဆင့်

ဘဝဂ်ခြောက်ထပ် ထိ

ပြန့်ကာ လွင့်။ ။


အမှန်သစ္စာ

လျှံ မေတ္တာဖြင့်

Like
bottom of page