top of page
Search
  • Writer's pictureMyat Tun Oo

ကွီးဖြိုးမှန်သွားတယ်


ယခုအချိန်မှာ ကမ္ဘာနဲ့ မြန်မာမှာ ကိုဗစ်ဖြစ်နေပါတယ်။ မြန်မာမှာ ကိုဗစ်ဒုတိယလှိုင်းဟာ အနောက်တံခါးက ဝင်လာခဲ့ပြီး စက်တင်ဘာမှာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ ယခုဆိုရင် ဒီဇင်ဘာလကုန်တော့မှာပါ။ ရောဂါဖြစ်နှုန်း၊ ကူးနှုန်း ကျလာပေမယ့် မပျောက်သေးပါ။ အချိန်ကြာလာတာနဲ့အမျှ လူ့သဘောအရ တစ်ဦးနဲ့တစ်ဦး အပြစ်တင်လာတတ်ကြပါတယ်။ ဒါက လူ့သဘောပါ။ ဒီကိစ္စကိုသိပ္ပံနည်းကျကျ၊ စနစ်တကျ လေ့လာသုံးသပ်ကြည့်ရအောင်။ တရုတ်ပြည်ဟာ ဒီမိုနိုင်ငံမဟုတ်လို့ မနှိုင်းယှဉ်တော့ပါ။ စာရေးသူအနေနဲ့က ဥရောပ၊ အမေရိကန်နဲ့ ဒီမိုအိန္ဒိယတို့နဲ့သာ နှိုင်းယှဉ်ပါမယ်။

ပထမဆုံး ဒီပိုးဟာ ပထမလှိုင်းမှာ မြန်မာပြည်ကို သိပ်ဒုက္ခမပေးခဲ့ပါ။ ထိန်းနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ အပီကိုင်ခဲ့ပါတယ်။ ထွေအုပ်ဝန်ကြီး ဦးမင်းသူမိန်းမနဲ့ရင်းနီးသူ ဒေးဗစ်လားကိုတောင် သဘာဝဘေးအန္တရာယ် ဥပဒေအရ အရေးယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အဲ့ဒီလိုအရေးယူလို့ ကိုဗစ်အတွက် ကပ်ရောဂါဥပဒေကို ပြဌာန်းပြီး သူ့ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကျန်းမာရေးဝန်ကြီးထံ လွှဲပေးလိုက်ပါတယ်။ ဒါ့ကြောင့် သင်္ဃန်းကျွန်းက ကာရာအိုကေကို အရေးယူတာဘယ်လောက် အချိန်ကြာခဲ့လဲ အားလုံးသိမှာပါ။


ဒုတိယလှိုင်းက အနောက်ဖက်တံခါးမှာ လုံခြုံရေးညံ့လို့ စာရေးသူတို့တိုင်းပြည်ထဲကို ဝင်လာခဲ့ပါတယ်။အဆိုပါလုံခြုံရေးဟာ တပ်နဲ့ ပြည်ထဲရေးအောက်မှာပါ။ နောက် ဝင်လာပါပြီ။ ကြိုတင်သိရှိရင်ပြည်တွင်းလေကြောင်းလိုင်းကို ပိတ်ရပါမယ်။ ဒါဟာ ကွီးဖြိုးနဲ့မဆိုင်ဘဲ ကိုဗစ်ဗဟိုကော်မတီကကျန်းမာရေးဝန်ကြီးနဲ့ ပို့ဆောင်ရေးဝန်ကြီးက ပိတ်ရမှာပါ။ ဒါကိုလဲ အချိန်မှီ မပိတ်လိုက်နိုင်ခဲ့ပါဘူး။ရခိုင်ကလူတွေ သုံးလေးထောင် ရန်ကုန်ရောက်ပြီး ပျံ့သွားခဲ့ပါတယ်။ ပုံမှန်မှာ ဒီလူတွေကို လိုက်ဖမ်းရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ လိပ်စာတွေ၊ ဖုန်းနံပတ်တွေက အတုတွေဖြစ်နေပြီး အစစ်ကိုလဲ ပြည်ထဲရေးက မပေးနိုင်ခဲ့ပါ။ ပေးနိုင်ခဲ့ရင်လဲ အဆိုပါသူများကို မဖမ်းဖို့ ဆုံးဖြတ်ခဲ့တာက ဗဟိုကပါ။ စာရေးသူနားလည်သလောက်က လိပ်စာတွေဟာ အတုတွေပါ။


ပုံမှန် ဘယ်ဒီမိုနိုင်ငံမှာမဆို ကျန်းမာရေး၊ ပြည်ထဲ​ရေး၊ အုပ်ချုပ်ရေး၊ ထောက်လှမ်းရေး၊ လူဝင်မှု၊ စီးပွါးရေးတွေဟာ ဖယ်ဒရယ်ဆိုရင် ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေအောက်မှာပါ။

ယခုမြန်မာပြည်မှာက ဒုတိယလှိုင်းမစခင်မှာ ဒေးဗစ်လားစနက်ကြောင့် ကျန်းမာရေးဝန်ကြီးနဲ့ ကွီးဖြိုးဟာ ရန်ကုန်ကို စင်ပြိုင်ထိန်းချုပ်သူများ ဖြစ်လာပါတယ်။ စစ်သဘောအရ အရေးပေါ် emergency မှာcommand and control က တစ်ယောက်ထဲသာ ကောင်းတာပါ။ နှစ်ယောက်ဆိုရင် သူလိုလို ငါလိုလို ဖြစ်တတ်ပါတယ်။


ရန်ကုန်မှာ လူနာတွေများလာချိန်မှာ ကွီးဖြိုး၊ ပါမောက္ခ ဇော်ဝေစိုး၊ ပါမောက္ခမြင့်မြင့်ငြိမ်းတို့ဟာ ရန်ကုန်မှာ လူနာတွေ ဆေးရုံတက်နိုင်ဖို့ ဆေးရုံတွေကို ဖွင့်ခဲ့ရပါတယ်။ အောင်မြင့်မိုရ်အိမ်ရာကို ဆေးရုံပြောင်းတာကအစ ဗဟိုက ပိုက်ဆံမရောက်လာချိန်မှာ ပြည်သူတွေ၊ We Love Yangon နဲ့လုပ်ငန်းရှင်တွေရဲ့ အကူအညီကိုယူပြီး လုပ်ခဲ့ကြရပါတယ်။ အစပိုင်းမှာ အဘတဖွတ်အကောင့်အချို့က အဆိုပါကိုဗစ်စင်တာတွေကို သိက္ခာချဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းလူအများစုက ဒီစင်တာတွေဟာ မြန်မာပြည်လို ဆင်းရဲတဲ့နိုင်ငံမှာ အင်မတန် အဆင့်မြင့်ကြောင်း ဗီဒီယိုတွေတင်၊ Facebook ပေါ်မှာရေးပြီးချီးမွမ်းလာကြပါတယ်။ ယခုလို အောင်မြင်လာပေမယ့် ကိုဗစ်ဗဟိုက မိုးကျများက ရန်ကုန်ဟာ ကိုဗစ်ကို တင်းတင်းကြပ်ကြပ် မကိုင်တွယ်ဘူး ဘာညာဆိုပြီး အပြစ်တင်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ကိုဗစ်ဗဟိုမှာက ထွေအုပ်ဝန်ကြီးက ဦးစီးပြီး ကျန်းမာရေးဝန်ကြီးလဲ ပါပါတယ်။ တကယ်က လက်ရှိမြန်မာပြည်ရဲ့ ကိုဗစ်ဥပဒေအရ အာဏာရှိသူဟာ ကျန်းမာရေးဝန်ကြီးပါ။ သူကအမိန့်ထုတ်ပါတယ်။


ဒါဆိုရင် နိုင်ငံခြားမှာ Lockdown ဘယ်လိုလုပ်လဲ လေ့လာရအောင်။ ကျန်းမာရေးဝန်ကြီးဟာ အမေရိကန်မှာနေဖူးပြီး ဝန်ကြီးမင်းသူဟာလဲ အင်္ဂလန်ရောက်ဖူးပါတယ်။ ဒါ့ကြောင့် အဆိုပါနိုင်ငံတွေနဲ့ ဥပမာပေးပါ့မယ်။ အမေရိကန်မှာ ကိုဗစ်အချိန် အစိုးရက လခပေးထားသလို ဒုတိယအကြိမ်မှာ လူတစ်ယောက်ကို ဒေါ်လာတစ်ထောင် ချက်လက်မှတ်ပေးပါတယ်။ ယခုတတိယအကြိမ်မှာ ၆၀၀ ဘဲပေးလို့ထရမ့်က လက်မှတ်မထိုးပါ။ အဲ့ဒီလိုပေးတာအပြင် ကယ်လီဖိုးနီးယားမှာ ပြည်နယ်အဆင့်ထောက်ပံ့ကြေးထပ်ပေးပြီးမှ lockdown လုပ်ပါတယ်။ အင်္ဂလန်ကို ကြည့်ရအောင်။ သူလဲ အလုပ်မဆင်းရတဲ့ လူတွေရဲ့ လစာအချို့ကို အစိုးရက ပေးထားပြီး ဥပဒေနဲ့ Lockdown လုပ်တာပါ။


အိုကေ ရန်ကုန်မှာ အမေရိကန်နဲ့ အင်္ဂလန်လို Lockdown လုပ်မယ်လို့ စိတ်ကူးကြည့်ရအောင်။ ရန်ကုန်မှာ လူဦးရေ ၇ သန်းခွဲကနေ ၈ သန်းနီးပါးရှိပါတယ်။ ၃ သန်းလောက်က ဆင်းရဲပါတယ်။ ခန့်မှန်းပါ။စာရေးသူတို့ တိုင်းပြည်မှာ ဘာမှ မှန်ကန်တဲ့ အချက်အလက် data မရှိပါဘူး။ အဆိုပါ ဆင်းရဲသားတွေကို လုံးဝပိတ်ပြီး အလုပ်မလုပ်ခိုင်းရင် ဘယ်သူကထမင်းလာကျွေးမလဲဆိုတာ ရှိပါတယ်။ အဆိုပါအချိန်မှာ အလုပ်သမား၊ စီမံဘဏ္ဍာ၊ ထွေအုပ်ဝန်ကြီးတို့ ဘော်လီဘော် ပုတ်ကြမှာပါ။ ယခု လေးသောင်းထောက်ပံ့တာတောင် ထွေအုပ်က အဖြစ်ရှိအောင် မလုပ်နိုင်ခဲ့ပါ။ နောက် ရန်ကုန်ဟာ ကုန်စည်စီးဆင်းမှုရဲ့ ဗဟိုချက်ပါ။ ဒါကိုပိတ်လိုက်ရင် တစ်တိုင်းပြည်လုံး ပြဿနာတက်သွားမှာပါ။


ယခုရန်ကုန်မှာ ကြမ်းကြမ်းမကိုင်တာကို စာရေးသူကိုယ်တိုင် အားမလိုအားမရတော့ ဖြစ်ခဲ့မိပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းက ဘီဘီစီမြန်မာပိုင်းကနေ အင်္ဂလန်မှာ ပိုးသစ်ကြောင့် ပြင်သစ်ကလမ်းပိတ်ပြီး ပိုးစစ်ခိုင်းလို့ ယဉ်ကြောပိတ်တာ၊ စျေးတွေမှာ ပစ္စည်းပြတ်တာ၊ ကားသမားတွေက ဆူပူပြီး ဆန္ဒပြလို့ ရဲတွေခေါ်ရသလို ကားသမားတွေကို ပိုးစစ်ဖို့ စစ်တပ်ခေါ်ရကြောင်း ပြောချိန်မှာ ရန်ကုန်မှာသာ Lockdown အသေကျပ်လို့ ဆူပူမှုဖြစ်ပြီး စစ်တပ်က ဝင်ထိန်းရင် ပြည်သူတွေဟာ ကိုဗစ်ကြောင့်မသေဘဲ တစ်တိုင်းပြည်လုံး သာဝကြောင့် သေသွားနိုင်ကြောင်း တွေးမိသွားပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာလဲ ကွီးဖြိုးမှန်သွားတယ်လို့ ပြောပါရစေ။ စာရေးသူကတော့ ရန်ကုန်ရဲ့ ကိုဗစ်ကိုင်တွယ်ပုံဟာလက်ရှိခြေဥနဲ့ ဗဟိုက မိုးကျ ဦးမင်းသူ၊ မိုးကျ ဇော်သန်းသင်းတို့ရဲ့ အသုံးမကျတဲ့ စီမံခန့်ခွဲမှုကြားကအကောင်းဆုံးလုပ်ထားနိုင်တာ တွေ့ရပါတယ်။ မင်းသူနဲ့ ဇော်သန်းသင်းတို့ကတော့ ရန်ကုန်ကို ကျပ်ပြည်သူတွေဆူပြီး စစ်တပ်ကို ပြန်ခေါ်သွင်းချင်ပုံပါ။ အချို့နေရာတွေက နိုင်ငံရေးအမြင်နဲ့ ကြည့်ရင်ကွီးဖြိုးမှန်သွားပါတယ်။ အင်္ဂလန်လိုနိုင်ငံတောင် သွားကျပ်ရင် တပ်ပါလာတတ်လို့ တပ်မပါအောင်လုပ်ထားနိုင်တာက နိုင်ငံရေးပါးနပ်မှုလို့ ပြောပါရစေ။


News Credit: BBC Burmese

661 views2 comments

2件のコメント


Myint Soe Oo
Myint Soe Oo
2020年12月26日

ဦးမြတ်!! ချိုအေးသော တေးသွား တစ်ပုဒ်ဖြင့်


**သီချင်းနဲ့ လူ**


~အလှတရားများ ထွန်းကားဖြန့်ကျက်ဖို့ ၊ သီချင်းတစ်ပုဒ်က မြား တစ်စင်းဖြစ်ပါစေ။

~လောဘဆူးညှောင့် ဆူးခလုတ်တို့၊ ခရီးသွား လမ်းတလျှောက် ရှင်းပစ်ဖို့၊ သီချင်းတစ်ပုဒ်က ဒါးတစ်စင်း ဖြစ်ပါစေ။

~သီ ချင်းနဲ့ လူ

ဒီကမ္ဘာမြေကို အကြင်နာပို ကာကွယ်နိုင်စေသားကွယ်။

~လူသားအတ္တ အစွန်းမရောက်ဖို့

ဒေါသမီးများ ငြိမ်းစေဖို့၊သီချင်းတစ်ပုဒ်က အားသစ်ဖြစ်ပါစေသားကွယ်။

~မြူခိုး ဆီးနှင်းတို့ကျတဲ့ ခဏ၊ ကြယ်ကလေးများ မလင်းတဲ့ လမိုက်ည၊ သီချင်းတစ်ပုဒ်ကြောင့်

အလင်းတန်းဖြစ်ပါစေ။

~သီ ချင်းနဲ့ လူ!ဒီကမ္ဘာကို သာယာအောင် ကာကွယ်နိုင်စေသားကွယ်။


ထူးအိမ်သင်

ချစ် ခြင်း အား ဖြင့်

いいね!

Myint Soe Oo
Myint Soe Oo
2020年12月26日

ဦးမြတ်!!! စာကဗျာဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

**လမင်း**


အပြစ်တင် မစောလိုက်ပါနဲ့

ချစ်ခင်သော အရင်းခံ။


မြင်မြင်သမျှ

ပြင်လို့မှ မရအောင်

အနန္တ အမှားကုဋေလို့

အလကားနေရင်း ကြည့်မရ

ဒေါသမာန်နဲ့။


အမြင် မလှရင်တော့

ဘဝင်မကျနိုင်ဘု

ထင်သမျှ အကျည်းတန်

မီးလျှံထက် ပူပြင်း။


အချစ်နဲ့ ကြည့်ရင်တော့

အပြစ်မရှိ ဖြူစင်စွာနဲ့

ပူပင်တာ အကုန်ပျောက်ပါလိမ့်

အပန်းဖြေ စမ်းရေသောက်သလို

ထွန်းတောက် လမင်း။ ။


တင်မိုး

၁၀ - ၆. -၉၁


မေတ္တာဖြင့်

いいね!
bottom of page