ကျားဖြန့်မှသည် ဘဘဆီသို့
- Myat Tun Oo
- Nov 23, 2023
- 1 min read

အာဏာသိမ်းအပြီးမှာ တရုတ်နယ်စပ်က ကျားဖြန့် လိုင်းပေါ်ငွေလိမ်တာက စီးပွါးဖြစ်လုပ်လာပါတယ်။ အကြောင်းက မအလက သူ့ပြည်သူ့စစ်တွေကို မထိန်းနိုင်လို့နဲ့ သူတို့ထံက ငွေဝင်လို့ပါ။ သူက ပြည်သူ့စစ်အားကိုးပြီး PDF ကိုတိုက်ရလို့ အသံမမာရဲပါ။ ဥပမာ ရွှေကုက္ကိုမြို့သစ်မှာလဲ ကျားဖြန့်ရှိပြီး မအလက စောချစ်သူကို မကျော်ရဲပါ။ ဒီစီးပွါးရေးမှာ အမြတ်ကို ဒကစမှသည် တိုင်းမှူး စစ်ဆင်ရေးအထူးအဖွဲ့မှူး အဆင့်ဆင့်ကိုပေးရပြီး မအလအထိပေးရသလို စရဖကိုလဲ ပေးရပါတယ်။ ရဲကိုလဲပေးရပြီး ပြည်ထဲရေးဝန်ကြီးအထိပေးရပါတယ်။ ဒီဝင်ငွေက မြန်မာတစ်ပြည်လုံး ထုတ်ကုန်ထက် များလာနေတာ တွေ့ရပါတယ်။ မြန်မာပြည်က ထုတ်ကုန်က သဘာဝဓာတ်ငွေ့မှသည် အထည်ချုပ်အထိ ၂၀၂၁ မှာ ကြိုးစားခဲ့တာ ဒေါ်လာ ၆၅ ဘီလီယံသာ ရခဲ့ပါတယ်။ ဒီလိုင်းပေါ်က လိမ်တဲ့လုပ်ငန်းက ဒေါ်လာဘီလီယံ ၄၀ ရတာပါ။ ဒါဆိုရင် အမြတ်ဘယ်လောက်ကောင်းလဲ အားလုံးသိမှာပါ။
တရုတ်က ဘာလို့ကြမ်းလာလဲဆိုတော့ သူ့ပြည်သူထံက ငွေလိမ်လို့ရယ် လောင်းကစားအိမ်တစ်ခုကနေ သူ့ထောက်လှမ်းရေးကို မအလပြည်သူ့စစ်နဲ့ မအလတပ်က အရပ်ဝတ်စရဖက ပစ်သတ်လိုက်လို့ပါ။ လူ ၅၀ လောက်သေပါတယ်။ ဒီကိစ္စမှာ ပြည်သူ့စစ်၊ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ရေးမှသည်၊ ကြံ့ဖွတ်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ စစ်တပ်ခေါင်းဆောင်များ မအလအထိ ပါဝင်ပတ်သက်နေပါတယ်။ ဒါကြောင့် Ming Xuecheng က မိမိကိုယ်ကို သတ်သေခဲ့တာမဟုတ်ဘဲ မအလက စရဖကတဆင့် နှုတ်ပိတ်ခဲ့တာပါ။ ဒီနေရာမှာ ကျားဖြန့်ကရငွေက အများကြီးပါ။ ဒေါ်လာဘီလီယံ ၄၀ မှာ အဘကို ၁၀% ပေးရလို့ ၄ ဘီလီယံ ဒေါ်လာ သန်း ၄၀၀၀ ပါ။ အဘ ဘဝ တစ်ရာရှာလို့မရပါ။ သူလဲဒါကတရုတ်နဲ့ပြဿနာဖြစ်မယ် မထင်လို့နေခဲ့မှာပေါ့။ မအလက လူသေအလောင်းပုံကိုထုတ်ပြခဲ့ပေမယ့် မအလကို တရုတ်ကယုံမှာပါလား? မအလလောက်တော့ တရုတ်ကလဲ လုပ်နေကြပါ။ မြွေမြွေချင်း ခြေမြင်မှာပါ။ မအလက သူ့ PSO, ဒကစမှူး၊ ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ မိုးမြင့်ထွန်း၊ စိုးထွဋ်၊ လက်ရှိစရဖညွှန်ချုပ်ကို ဖမ်းစစ်ရဲပါသလား? တရုတ်ကို ထိုသူများကိုမလွှဲရဲတာကတော့ သေချာပါတယ်။ လောက်ကိုင်ဟာ အဘရာထူးတိုးခဲ့တဲ့ အောင်မြေကနေ အဘကြိုးစင်တက်ရမယ့်မြေဖြစ်လာမှာလားကတော့ စောင့်ကြည့်ရမှာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးသန်းရွှေက ဘာပြောလဲ။ ဦးလော်စစ်ဟန်၊ ဦးဖုန်းကြာရှင်နဲ့ ဦးခင်ညွန့်တို့ ရှိနေရင် ကိုးကန့် ပဋိပက္ခ ဖြစ်မှာ မဟုတ်ဘူး။ ဦး မင်းအောင်လှိုင်ကို ဒီလိုမထားခဲ့ပါနဲ့။ သူဘယ်လိုကိုင်တွယ်ရမှန်းမသိဘူး။
အမှုက တော့...
နက်နဲလာဘီ IP ရေ...
that righy