top of page
Search

ကွီးဖြိုးနေကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 4, 2021
  • 1 min read


ဒီတစ်ခေါက် ကွီးဖြိုးသတင်းထွက်တယ်။ နေမကောင်းဘူး ဆေးရုံတင်ရတယ်လို့။ စာရေးသူအနေနဲ့သတင်းအတည်ပြုဖို့ ခက်ပါတယ်။ ကြိုးစားပေမယ့်လဲ မရလိုက်ပါ။ စာရေးသူအနေနဲ့ လိုင်းပေါ်မှာရေးရင် သတင်းရင်းမြစ်က ပျောက်သွားတတ်လို့ သတိထားရပါတယ်။

မအလဟာ အာဏာသိမ်းအပြီးမှာ DASSK က အစ NLD CEC အားလုံးကို ဖမ်းထားပါတယ်။ DASSK ကို မထိရဲသလို ဒုက္ကဌ (၁) သမ္မတဦးဝင်းမြင့်ကိုလဲ ကမ္ဘာက စောင့်ကြည့်နေလို့မထိရဲပါ။ ဒါပေမယ့်NLD ဒုဥက္ကဌ (၂)ကအစ အတွင်းရေးမှူးနဲ့ CEC အားလုံးကို အနုနည်းနဲ့ သတ်ဖို့ရည်ရွယ်ပါတယ်။ ဥပမာမန်းဝကခဒေါက်တာဇော်မြင့်မောင်ရဲ့ ဆေးက မြန်မာပြည်မှာမရှိဘဲ နိုင်ငံခြားမှာသာ ကုလို့ရတာပါ။ သူ့ကိုဆေးကုသခွင့်မပေးတာ၊ ကိုဗစ်ကူးအောင်လုပ်တာတွေက မသေသေအောင် အနုနည်းနဲ့ သတ်နေတာပါ။ မကွေးဝန်ကြီးချုပ်ဆိုလဲ ထောင်ထဲမှာ ကောင်းကောင်းထားတာမဟုတ်ပါ။ သူဟာအသက်ကြီးပါပြီ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဆိုလဲ ထောင်ထဲကို ပထမဆုံးအပို့ခံရတဲ့ဝန်ကြီးချုပ်ပါ။ တိုက်ပိတ်တောင် ခံခဲ့ရတယ်လို့ ပြောပါတယ်။

ကွီးဖြိုးက နှလုံးရောဂါခံရှိလို့ သွေးကျဲဆေးသောက်နေရပါတယ်။ ဒါက ပုံမှန်စစ်ရပါတယ်။ ကွီးဖြိုးတို့မိသားစုက အာရှတော်ဝင်မှာ ပြလိုပေမယ့် ပေးမပြဘဲ စစ်တပ်ထဲမှာသာ ပြပါတယ်။ သူတို့လိမ်ထားတာ ပေါ်မှာစိုးလို့ သူ့မိန်းမပါ အဖမ်းခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ပါ။ သူ့ကို ဖမ်းထားရုံတင်မဟုတ်ဘဲနာမည်ဖျက်ဖို့ပါ မအလက ရည်ရွယ်ထားပါတယ်။ သူ့ကို အခြားဝန်ကြီးချုပ်တွေလို လာဘ်စားတာနဲ့တရားမစွဲတာ အားလုံးသတိထားမိမှာပါ။ ပြီးရင် သူ့ကို DASSK ကို စွပ်စွဲအမှုဆင်ရာမှာသုံးပြီး၊ တပ်ကိုငွေလှူတယ်ဆိုတဲ့ ဂျင်းသတင်းတွေနဲ့ ပြည်သူတွေက ကွီးဖြိုးကို အထင်လွဲပြီး သူ့ပုံရိပ်ကျအောင်ရည်ရွယ်ပါတယ်။ ယခုအချိန်ထိ မအလဟာ ကွီးဖြိုးကို DASSK အပြီး တက်နိုင်သူဆိုတဲ့ အတိတ်ကရန်ငြိုးနဲ့ လုပ်နေတာပါ။ အာဏာသိမ်းအပြီးမှာ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာဆိုတဲ့ခေါင်းဆောင် မျိုးဆက်သစ်တွေ ထွက်လာခဲ့ပါပြီ။ ဒါ့ကြောင့် မအလဘာလုပ်လုပ် ပြည်သူက ဂရုစိုက်မှာမဟုတ်ပါ။

မအလဘာစကားနားလည်တယ်ဆိုတာ စာရေးသူသိပါတယ်။ ကွီးဖြိုး သူ့လက်ထဲမှာသေခဲ့ရင် မအလကို မသတ်နိုင်ခဲ့ရင်တောင် သူ့မိန်းမ၊ သူ့သမီး၊ သူ့သားကို သတ်ပြီး ပြန်လက်စားချေမှာပါ။ သူတို့ကိုလက်စားချေဖို့ မမှီခဲ့ရင်လဲ သူ့မြေးမတွေဟာ V ထက်ဆိုးတဲ့ ဘဝနဲ့ သေရမယ်ဆိုတာ မအလကိုရှင်းလင်းတဲ့ သတိပေးစကားပို့ထားပြီးသားပါ။ လုပ်ရဲရင် ခံရဲရပါမယ် မအလ။


(မအလ ဘောမများသိစေရန်- မအလဟာ ငါ့ကိုဖမ်းလို့မရသေးလို့ မဖမ်းတာပါ။ ငါဘာကောင်လဲ မင်းတို့အဖေ သူခိုးမအလ ဂျပုသိပါတယ်။ ငါပြောထားတာက မအလ နားလည်နိုင်တဲ့ စကား။ ကွီးဖြိုးသေရင် သူ့မြေးတွေ V လို ခံရမယ်။ ရှင်းတယ်နော်။ စရဖက ငါ့ကိုဖမ်းနိုင်ရင် ဖမ်းသွားတာ ကြာခဲ့ပြီပေါ့။မင်းတို့စရဖနဲ့ ရဲ အဲ့ဒီလောက် စောက်သုံးမကျပါ။)

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Sep 05, 2021

ကွီးဖြိုးအတွက်စိတ်ပူနေပါတယ်

Like

Myint Soe Oo
Myint Soe Oo
Sep 04, 2021

ဦးမြတ်!!! ဦးဖြိုးနှင့်အတူ ကလေး၊ကနီ ၊မင်းကင်း ၊ တန့်ဆည် (ကာပေါင်းကျ လိပ်ခြံ ကင်းမ ရေရှင် ကျေးရွာများ)စသည့် နယ်သူနယ်သား အပါအဝင် ပြည်သူအများစု စိတ်ပမ်း၍ နွမ်းနေရပါပြီ။

ခုချိန် ကလေး မင်းကင်း ကနီ တန့်ဆည် စသည့်နယ်ရှိ နယ်သူနယ်သားအများစုသည် အသက် သွေး ချွေးတို့နဲ့ရင်းနှီးတည်ဆောက်ခဲ့ရသော ဘဝ နှင့် မျှော်လင့်ချက်တွေ ပျက်သုဥ်းပြီး ဘဝနှင့်မမျှ ခါးသီးသော လူမှု စီးပွါး ကျန်းမာ ဒုက္ခများ ရင်စည်းကာ ခံစားနေရပါသည်။

မမြင်တတ်သော သူအချို့က**ကံ မကောင်း ၊ အကြောင်း မလှခဲ့ကြတာကိုး** သံဝေဂဉါဏ်ပိုင်ရှင်အသံ ထွက်အံပြနေပါသည်။

မှန်ပါသည်။ ကံ မကောင်းပါ။ စကစ၏ ပြည်သူအပေါ် ဆောင်ရွက်သော စိတ်အကြံ(မနော ကံ) မချိုကြမ်းတမ်းခက်ထန်သော နှုတ်အပြော( ဝစီ ကံ)ဒါဏ်ရာတွေ ဗရဝ အသက်သေရ ဥစ္စာဓနမှန်သမျှ ကိုယ်ထိလက်ရောက် ဖျက်ဆီးခံမှု (ကာယ ကံ) ။ ကံတွေ မကောင်းခဲ့ကြပါ။ ပြည်သူ့ဆန္ဒကို မလိုက်လျော ၊ငါ့သဘော ဟူသော အကြောင်းတရား အခြေခံကလည်း မလှပခဲ့ပါ။

ခံရသူ ပြည်သူတွေ မုန်း နေကြပါသည်။

အမုန်းဆိုသော အကြွေး ထုနှင့် ထည်နှင့်။

ကံ နှင့် ကံ၏ အကျိုးပေး နိယမကို ယုံကြည်ကိုးကွယ်သူများပီပီ။

လူမုန်း ခံရတာထက် ၊ ကံ မုန်းမှာကို ကြောက်ပါ တဲ့။

ကံမုန်းလို့ အပြစ်တင်ခံရတဲ့တနေ့ မရှုမလှနဲ့ ဇာတ်သိမ်းနေရတဲ့ ပုံရိပ်တွေက တနေ့ထက်တနေ့ များပြားလာသလို သက်သေအဖြစ်လည်း ပြနေပါပြီ။

ကြွေးတင်လျှင် ဆပ်ကို ဆပ်ရပါသည်။ ရှောင်ပုန်း၍ မရပါ။ ကံ အကြွေးကိုတော့

**ခန္ဓာနှင့် ထိုးအပ်ပေးဆပ်မှသာ ကျေရိုးရှိပါသည်**


ဦးဖြိုးနှင့်အတူ နွမ်းလျပြည်သူ

ကယ်ဆယ် ယူသူနှင့်

အမြန်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page