top of page
Search
  • Writer's pictureMyat Tun Oo

ကြံ့ဖွတ်နဲ့တပ် လွှတ်တော်မတက်ဘဲ နေရဲလား?


သတင်းသမားတွေကို ဘီဘီစီနဲ့ အင်တာဗျူးမှာ NLD က ရန်ကုန်ဝန်ကြီးချူပ်လောင်း ဦးရဲမင်းဦးရဲ့ စီးပွါးဖက် ဒေါက်တာနန္ဒာလှမြင့်က သူတို့တောင်းဆိုထားတာတွေကို ရွေးကော်က ရှင်းလင်းပေးတဲ့အပေါ်မှာမူတည်ပြီးမှ လွှတ်တော်တက် မတက် ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ သူက အပြောအဆို အင်မတန်မှကောင်းပါတယ်။ မနေ့က RFA နဲ့ စကားဝိုင်းမှာလဲ ကြံ့ဖွတ်က နောက်ပြောခွင့်ရ ဦးသိန်းထွန်းဦးကထပ်မံအတည်ပြုပါတယ်။ ဒါဆိုရင် သူတို့ကြံ့ဖွတ်ပါတီက လွှတ်တော်ကို တက်မလား? မတက်ရင် ဘာဖြစ်မလဲ လေ့လာကြည့်ရအောင်။

လွှတ်တော်တို့ ရွေးကောက်ပွဲတို့ဆိုတာ ပါတီတွေက သပိတ်မှောက်လို့ရပါတယ်။ NLD က ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် NLD ဟာ ၁၉၉၀ မှာ အနိုင်ရခဲ့တဲ့ပါတီပါ။ ဒါ့ကြောင့်သူ့မှာ တရားဝင်မှုဆိုတာ ရှိခဲ့ပါတယ်။ ကမ္ဘာကရော ပြည်သူကပါ အသိအမှတ်ပြုခံခဲ့ရတဲ့ ပါတီပါ။ ဒါတောင်စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး ဘစိန်ကို အာဏာလွှဲပေးခဲ့ပါတယ်။

NLD ပါတီဟာ ၁၉၉၀ ကနေ သူတို့ဝင်ပြိုင်တိုင်း ရွေးကောက်ပွဲမှာ နိုင်ခဲ့ပါတယ်။ ဘောလုံးနဲ့ပြောရင်မန်ယူတို့ ဘာစီလိုနားတို့လိုပေါ့။ ယခုရွေးကောက်ပွဲမှာလဲ NLD က နေရာအများစုကို နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခုလက်ရှိလွှတ်တော်ဟာ NLD က ကိုယ်စားလှယ်တွေတက်ရင် အထမြောက်ပါပြီ။ ဒါ့ကြောင့် တပ်နဲ့ ကြံ့ဖွတ်ကိုယ်စားလှယ်တွေ တက်တက် မတက်တက် လွှတ်တော်ဟာ တရားဝင်သလို အထလဲမြောက်ပါတယ်။ ရှမ်း၊ ကချင်နဲ့ အခြားတိုင်းရင်းသားအများစုကလဲ လွှတ်တော်ကို လာတက်မှာပါ။ ကြံ့ဖွတ်ပါတီဟာ မိတ်ဖက်ပါတီတွေ ၃၀ ကျော်ရှိပေမယ့်လဲ သူ့မိတ်ဖက်ပါတီတွေက တစ်နေရာမှ မနိုင်ခဲ့လို့လွှတ်တော်မှာ ဘာမှလုပ်မရပါ။ အချို့ပါတီဥက္ကဌတွေဆို ဝရမ်းပြေးပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ တပ်နဲ့ကြံ့ဖွတ်ပါတီကသာ လွှတ်တော်မတက်ခဲ့ရင် NLD က ခြေဥကို တက်တဲ့ကိုယ်စားလှယ်ရဲ့ ၇၅% ကျော်က ထောက်ခံပြီး အလွယ်တကူပြင်လို့ရသွားပါမယ်။ ဒါ့ကြောင့်မိုလို့ ကြံ့ဖွတ်နဲ့ တပ်ကိုယ်စားလှယ်တွေဟာ ဘာမှရွေးစရာလမ်းမရှိဘဲ ယခုလွှတ်တော်ကို လာကိုတက်ရမှာပါလို့ ပြောပါရစေ။ သူတို့မတက်ရင် သူတို့အတွက်ဆိုးကျိုးကသာ များပါလိမ့်မယ်။ သူတို့လဲ ဆေးတွေစစ်နေကြပါပြီ။

လာမတက်ရင်တော့ NLDက ခြေဥပြင်ခွင့်ကို ၂၀၀၈ ခြေဥဘောင်အတွင်းက ရသွားမှာပါ။ ကြိုက်ရာလမ်းကို ရွေးနိုင်ပါတယ်လို့ ပြောပါရစေ။

417 views0 comments

Comments


bottom of page