top of page
Search

ကွီးဖြိုးဆုတောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 17, 2021
  • 1 min read

ကွီးဖြိုးကို ရေကြည်အိုင်ထဲက သီးသန့်တိုက်မှာထားတယ်။ စဖမ်းချိန်က သူ့ရဲ့ နယ်လုံဝန်ကြီးသစ်နဲ့ စရဖဗိုလ်မှူးကြီးအဆင့်ရှိသူကလက်ထိပ်ခတ်ဖမ်းတာ။ ကျန်ဝန်ကြီးတွေက လက်နောက်ပြန်ကြိုးတုတ်၊ မျက်နှာဖုံးစွပ်အဖမ်းခံရတာ။ ကွီးဖြိုးကို နည်းမျိုးစုံစစ်တယ်။ အစာမကျွေးတာပါပါတယ်။ ဘဏ်စစ်တယ်။ အကုန်စစ်တယ်။ လုပ်ငန်းရှင်တွေ စစ်တယ်။ ဘာမှမရဘူး။ နောက် DASSK ကိစ္စလုပ်တယ်။ သူ့မိန်းမက အပြင်မှာရှိလို့ သူတို့သတင်းစာရှင်းလင်းပွဲလုပ်ရင် သူ့မိန်းမက ငြင်းမှာစိုးလို့ သူ့မိန်းမကိုပါဖမ်းတယ်။ ကွီးဖြိုးက သွေးကြဲဆေး warfarin သောက်ရတယ်။ မသောက်ရင် လေဖြတ်တာ၊ နှလုံးရောဂါတွေပိုစိုးနိုင်တယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာ လာစစ်လေ့ရှိတယ်။ ယခင်မရေးတာက နေရာပြောင်းမှာစိုးလို့။ ပြောချင်တာက အဲ့ဒီနေရာက အခြားအကျဉ်းသားနဲ့ ရောထားတာမဟုတ်ဘူး။ စစ်တဲ့လူသာဝင်လိုရတာ။ တပ်ထဲက စရဖသာဝရကြည်အိုင်ထဲ ဝင်လို့ရတာ။ သူကူးတာက စစ်တပ်ကလူတစ်ယောက်ယောက်ထံကကူးတာ။ ကူးနိုင်တာက ရေကြည်အိုင်နဲ့မင်္ဂလာဒုံစစ်ဆေးရုံဘဲရှိတယ်။ ယခုကိုဗစ်နဲ့ နှလုံးအခံဆိုတော့မလွယ်ဘူး။ တမင် နုတ်ပိတ်လိုလို့ ကူးအောင်လုပ်တာလား? ဒါတော့မပြောတတ်သေးပါ။ ကွီးဖြိုးအမြန်ကျန်းမာပါစေ။ ယခု ရန်ကုန်မှာမအလရဲ့ ဖက်ဆစ်တပ်တစ်ခုလုံး လုပ်နေတာတောင် ကွီးဖြိုးနဲ့ ဆရာဇော်ဝေစိုးခြေဖျားတောင်မမှီတာ ရန်ကုန်သားတွေ သိမှာပါ။ ကွီးဖြိုးတို့က အာရှတော်ဝင် (သို့) ပန်းလှိုင်မှာ တက်လိုပေမယ့် မအလက သူတို့မတရားလုပ်ထားတာ ပေါ်မှာစိုးလို့ စစ်ဆေးရုံကိုသာ ပို့တာပါ။ ကွီးဖြိုးရော အစ်မပါ အမြန်ပြန်ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Jul 17, 2021

ဦးမြတ်!!ဖြည့်စွက် ဖတ်ပေးပါရန်။ ဝေယျာဝစ္စကြောင့် စာကျန်သွားလို့ပါ။ နားလည်ပေးပါရန်။


ပြည်တော်သာ အောင်

ဆောင်ရာမှာ တော်

မတ်မဟော်သည်


ဟူ၍။


Like

Myint Soe Oo
Myint Soe Oo
Jul 17, 2021

ဦးမြတ်!!! ဦးဖြိုးအတွက် ကောင်းမြတ်မွန်ဆု ထပ်တူပြု၍ မျှ ပြည့်ဝရပါစေ။


မြို့တော်လည်း စည်

စည်းနှင့်တကွ

စိုပြေလှခဲ့ပြီ။


နဂိုရည်ထက်

ရောင်ထွက်

ပို လက်တောက်ပြောင်

သူ့ စွမ်းအားနှင့် ဆောင်ခဲ့။


မြင်သူပင် ငေး

ရှုသူလည်း အေး

မြင်ကွင်းက အကြည်ဆေးဖြစ်အောင်

သယ်ပိုးဆောင်ရာမှာ ကျော်

မတ်မဟော်။


မှန်သော စကား

သစ္စာတရား။


မဖောက်မပြန် သစ္စာအမှန်ကြောင့်

ပြည်တော် သာအောင် ဆောင်

မတ်မဟော်သည်

နလံ ထူထလွယ်စေ

ဘဝင်နှလုံး စဥ်ပြုံးဖြာဖြာ

ကိုယ်လည်း ကျန်းမာ

စိတ်ချမ်းသာကာ

လန်း ဖြာ ဝေပါစေသော်။


Like

Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jul 17, 2021

နေကောင်းကျန်းမာပါစေကွီးဖြိုးရေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page