top of page
Search
Writer's pictureMyat Tun Oo

ကွီးဖြိုးကို အယုံအကြည်မရှိအဆို အောင်မြင်မလား?


ဒီကိစ္စကိုမပြောခင် ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေမှာ ပါတီတွေက ရွေးထားတဲ့ လွှတ်တော်အမတ်တွေက သူတို့ ဝန်ကြီးချုပ်တွေ သမ္မတတွေကို အယုံအကြည်မရှိအဆိုတင်ရင် ဘာလိုမဲပေးကြသလဲဆိုတာကို အရင်ဆုံးလေ့လာတင်ပြပါ့မယ်။ ဒါက အချို့သတင်းသမားတွေက လွှတ်တော်အမတ်တွေနဲ့ အင်တာဗျူးပြီး ရေလာမြောင်းပေးလုပ်နေလို့ပါ။


ပထမက အမေရိကန်မှာပါ။ လက်ရှိသမ္မတထရမ့်ကို စွတ်စွဲပြစ်တင်ဖို့ ဒီမိုကရက်ပါတီက ကြီးစိုးတဲ့အောက်လွှတ်တော်မှာ လုပ်ပါတယ်။ ပထမက တရားရေးကော်မတီအဆင့်မှာပါ။ အဲ့ဒီကော်မတီအဆင့်မှာ ဒီမိုကရက်ပါတီက အမတ်တွေက တရားစွဲဖို့ ပါတီအတိုင်းမဲပေးပြီး ရီပတ်ပလီကန်အမတ်တွေကကန့်ကွက်ခဲ့ပါတယ်။ ဒီမိုကရက်က ၂၃မဲ ရီပတ်ပလီကန်က ၁၇ မဲပါ။


နောက်အောက်လွှတ်တော်မှာ စွဲချက်တင်ဖို့ကိုလဲ ပါတီအမတ်တွေက သူတို့ပါတီအတိုင်း မဲပေးခဲ့ပြီး ဒီမိုကရတ်က ၂၃၀ ထောက်ခံပြီး ၁၉၇ က ကန့်ကွက်ခဲ့ပါတယ်။ ဒီမိုကရတ် ၂ ယောက်သာ အခြားပါတီနဲ့ပေါင်းမဲပေးခဲ့ပါတယ်။


အထက်လွှတ်တော်မှာတော့ ရီပတ်ပလီကန်အမတ်တွေက ၅၂ မဲ ဒီမိုကရက် ၄၈မဲနဲ့ ထရမ့်ကို အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ရီပတ်ပလီကန်အမတ် Mitt Romney က ထရမ့်ရဲ့ပြိုင်ဖက် သမ္မတရူးပါ။ သူကတော့ ဒီမိုကရတ်တွေနဲ့ ထရမ့်ကိုဖြုတ်ဖို့မဲပေးခဲ့ပါတယ်။ စွဲချက်က နှစ်ခုပါ။ သူက တစ်ခုမှာ ဒီမိုကရက်နဲ့ပေါင်းပြီး နောက်တစ်ခုမှာတော့ သူ့ပါတီအတိုင်းမဲပေးပါတယ်။


ထို့အတူပါဘဲ ဒီမိုဘိုးအေ အင်္ဂလန်မှာလဲ ဝန်ကြီးချုပ်ဟောင်း မေကို အယုံအကြည်မရှိအဆိုတင်ရာမှာသူ့ပါတီကလူတွေက ထောက်ခံလို့ နိုင်သွားခဲ့ပါတယ်။ သူတို့ဟာ မိမိပါတီကလူကိုသာ မဲပြန်ပေးသွားခဲ့ပါတယ်။ သူတို့ဖြုတ်ချင်ရင် ပါတီအတွင်းမှာသာ ခေါင်းဆောင်ပြောင်းပါတယ်။ ဒီမိုဆိုပြီး မိမိပါတီကဝကခကို ဆန့်ကျင်ပြီး မဲမပေးပါ။ ဒါက ဗဟုသုတအနေနဲ့ ပြောပြတာပါ။

အထက်မှာရေးပြသွားတဲ့ အမေရိကန်ရော အင်္ဂလန်မှာပါ အယုံအကြည်မရှိအဆိုကို တင်တာဟာအတိုက်အခံပါတီကဖြစ်ပြီး သူတို့ရဲ့ လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်မရှိပါ။


ယခုရန်ကုန်လွှတ်တော်လာပါပြီ။ NLD က အရွေးခံလို့ လွှတ်တော်အမတ်ဖြစ်လာတဲ့ မိုးကျကျော်ဇေယျက ပထမအဆိုတင်တာကို နောက်ပိုင်း ဖွတ်အမတ်တင်ဝင်းနဲ့ တပ်ကိုယ်စားလှယ်တွေက မအလမီးစိမ်းပြအပြီးမှာ လက်မှတ်ထိုးတင်ခဲ့တာပါ။ ပထမက ဗိုလ်တထောင်ဘုရား လူစုတယ်ဆိုပြီး စွတ်စွဲတာပါ။ ညောင်ရေသွန်းပွဲကို လူစုလုပ်ခဲ့တဲ့ တပ်ချုပ်နဲ့ဖွတ်ပါတီက ပြစ်တင်တာဆိုတော့ ရယ်စရာပါ။

နောက်စွတ်စွဲပြစ်တင်တာက ဘတ်ဂျက်ကို မရှင်းပြလို့ဆိုထားပါတယ်။ တပ်မှာ စာရင်းစစ်မခံတဲ့ အဖွဲ့ကဆိုတော့ ဒါကလဲရယ်စရာပါ။


ဒါဆိုဘယ်လိုမဲပေးမလဲ? ရန်ကုန်လွှတ်တော်မှာ စုစုပေါင်းအမတ်နေရာ ၁၂၃ နေရာရှိပါတယ်။ NLDက၈၇၊ PPP က ၁၊ ဖွတ်က ၃၊ ANP က ၁ နဲ့ တပ်က ၃၁ နေရာပါ။ ယခုအဖွဲ့ဖွဲ့ပြီးစစ်ရမှာဖြစ်ပြီး ပြီးရင်အပြစ်ရှိမရှိ မဲခွဲရမှာ ဖြစ်ပါတယ်။ အဆိုက သုံးပုံနှစ်ပုံ ၈၂ မဲရမှ နိုင်မှာပါ။ ယခု PPP၊ ဖွတ်နဲ့ တပ်က ၃၅မဲရထားပြီး နောက်၄၇ မဲလိုပါတယ်။ NLD အမတ် ၄၇ ရောက်က ကွီးကို ပြစ်တင်ပြီး တပ်နဲ့အတူ မဲပေးရပါမယ်။ NLD ထဲမှာ အမေရိကန်က Mitt Romney လို ဝကခရာထူး ရူးနေသူတွေက ကွီးကိုဖြုတ်ချဖို့မဲပေးနိုင်သလို NLD ထောက်ခံသူကို နီပေါလို့ပြောခဲ့တဲ့ NLD အမတ်အချို့လဲ တပ်၊ ဖွတ်တွေနဲ့ လက်တွဲပြီး ကွီးကိုဖြုတ်ချဖို့ မဲပေးနိုင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခြေဥက သုံးပုံနှစ်ပုံမိုလို့ အထက်က DASSK က အမိန့်မပေးရင် အမတ် ၄၇ ယောက်က တပ်နဲ့ပေါင်းမဲပေးဖို့ မဖြစ်နိုင်ပါ။


ဒါဆို DASSK နဲ့ သမ္မတကြီးက ဘာလုပ်မလဲ? ဒီကိစ္စက ဖြုတ်ရလောက်တဲ့ကိစ္စမဟုတ်ဘူးဆိုတာသာမန်လူတောင်သိပါတယ်။ အလွန်ဆုံးသတိပေးရုံပါ။ တပ်နဲ့ဖွတ်က အဆိုမတင်ရင်တောင် DASSK နဲ့သမ္မတကြီးက ကွီးကိုဘာလုပ်ရမလဲ စဉ်းစားပေးနိုင်ပါတယ်။ ယခုတပ်က ဖြုတ်ချဖို့ကြံအပြီးမှာတော့ကွီးဖြိုးဟာ ပြည်မက မြန်မာများသာမက ပြည်နယ်တွေက စစ်တပ်ကိုဆန့်ကျင်တဲ့ တိုင်းရင်းသားအားလုံးရဲ့ ထောက်ခံသူဖြစ်သွားခဲ့ပါတယ်။ ကချင်မှသည် ကရင်ပြည်နယ်အထိ we stand with ကွီးဖြိုးဖြစ်သွားခဲ့ပြီး သူ့ရဲ့နိုင်ငံရေးအရ ရပ်တည်မှုဟာ အလွန်ခိုင်သွားခဲ့ပါတယ်။ နောက်သူက ဗိုလ်တထောင်ဘုရားပြင်တာလုပ်လို့ ရန်ကုန်ကဘုန်ကြီးများကလဲ သူ့ကိုထောက်ခံကြပါတယ်။ သူဟာ NLD မှာ ဘဘဦးတင်ဦးပြီးရင် ဘုန်းကြီးတွေနဲ့ ဘာသာပေါင်းစုံကို စုစည်းလုပ်ဆောင်ပေးခဲ့သူပါ။ ဒါ့အပြင် သမ္မတကြီးနဲ့ DASSK က ညောင်ရေးသွန်းတဲ့ မအလကို အရေးမယူနိုင်ဘဲ ကွီးဖြိုးကိုကွက်အရေးယူရင်ရွေးကောက်ပွဲနားမှာ အကျိုးများဖို့မရှိပါ။ တပ်၊ ဖွတ်နဲ့ ကျော်ဇေယျရဲ့လုပ်ရပ်ကြောင့် ကွီးကိုဝေဖန်ခဲ့သူအချို့တောင် we stand with ကွီးဖြိုးဖြစ်သွားခဲ့ပါတယ်။ DASSK ဟာ စာရေးသူရဲ့ ကွီးနဲ့တပ်ချုပ်ကိုပြည်သူက ဘယ်သူ့ကို ပိုယုံလဲဆိုတဲ့ စစ်တမ်းကိုလဲ ဖတ်တယ်လို့ သိရပါတယ်။


အကျဉ်းချုပ်ရရင် ဇွန် ၁၈ လွှတ်တော်မှာ ကွီးကို တပ်ကအဆိုတင်လို့ စစ်ရမှာဖြစ်ပေမယ့် မဲခွဲရင် ကွီးကသာ နိုင်ပါမယ်လို့ ပြောပါရစေ။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌကြီးအနေနဲ့လဲ ဒီမိုဘိုးအေ အမေရိကန်နဲ့အင်္ဂလန်နမူနာကိုယူပြီး မဲခွဲရင် လျှို့ဝှက်မဲမလုပ်ဘဲ ဗြောင်မဲခွဲပေးပါ။ အမေရိကန်နဲ့ အင်္ဂလန်မှာလဲဗြောင်မဲခွဲပါတယ်။ ဒါမှ NLD ထဲက သစ္စာဖောက်အမတ်အချို့ကိုလဲ သိရမှာပါ။


ပြည်သူတွေအတွက်က တပ် ၂၅% ရှိနေသရွေ့ NLD သာမဲပေးဖို့ပါ။ NLD အတွက်သင်ခန်းစာကကျော်ဇေယျလို မိုးကျကို မရွေးမိဖို့နဲ့ သက်သက်ခိုင်လို ခရိုနီအသေးတွေ ခရိုနီနဲ့ ပတ်သက်သူကို မရွေးမိဖို့ပါ။


(စာကြွင်း၊ စာရေးသူသည် ကွီးဖြိုးနဲ့ အပြင်မှာမတွေ့ဖူးပါ။ သူရွေးကောက်ပွဲ ဝင် မဝင် စာရေးသူ သာမန်ပြည်သူလောက်သာ သိပါတယ်။ NLD ပါတီဝင်မဟုတ်ပါ။ DASSK နဲ့ သာ အပြင်မှာတွေ့ဖူးပါတယ်။)

Credit: CNN, NY times, BBC, Politico, Yangon Hluttaw

414 views3 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

3 תגובות


Sunny Aung
Sunny Aung
16 ביוני 2020

စစ်တုရင်စကားနဲ့ ပြောရရင် စစ်အုပ်စုမှာ မအလက ကာဆယ် castle အဆင့်ပဲ ရှိပါတယ်.. သန်းဌေးက ပွန်း pawn အဆင့်ပါ.. သိန်းစိန်ကတော့ ဘစ်ရှော့ bishop အဆင့်ပါ.. ကင်း king နဲ့ ကွင်း queen က ဘရွှေနဲ့ ဒေါ်ကြိုင်ပါ.. ဒီအခင်းအကျင်းကို နားလည်ထားဖို့ အရေးကြီးပါတယ်..


לייק

naynanmyint629395
naynanmyint629395
16 ביוני 2020

ကိုယ် တိုင်က မဟုတ်တာ မှန်သမျှ

အကုန်လုပ်နေပီး မဆိုင်တာ ဝင်ပါ

နေံ တဲ့ မအလ. အလိုမရှိ ။


H.E Phyo Min Thein ကို

စာရင်း စစ်မယ်ပြောရင်

လက်ရှိ တပ်သားသစ် ကို စုဖို့

လူဝယ်နေရတာ ကိုဖြေပါ ။


တပ်ထဲမှာ တပ်စိတ်တခု စာအင်အား ကို တပ်ရင်းခေါ်နေရတာ

ဘာလဲဖြေပါ


တပ် ရဲ့ အင်အားအမှန်ဖြေပါ

ပြည်သူ့ ပိုက်ဆံ မတရားတောင်း

ထားပီး တပ်သားများစုတ်ပြတ်နေ

ရတာ ဘာကြောင့်လဲဖြေပါ


တယုတ်ဆီ ကစက်ဝယ်ထားပီး

အစိုးရကို မကူညီ ဘဲ ဖွက်ထား

တာဖြေပါ စစ်တပ်ဆိုတဲ့ အဖွဲ့ က

လူများ နဲ့သခင်အားရကျွန်နာဝ

ကြသူများ

( တကယ်ဘဲစိတ်တိုလာပါပီ)


לייק

naynanmyint629395
naynanmyint629395
16 ביוני 2020

1. သစ္စာဖောက်အမတ်များ ကိုသိရဖို့ လွှတ်တော်ဥက္ကဌ. မှ​

လျှို့ဝှက်မဲမလုပ်ဘဲ ဗြောင်မဲခွဲပေးပါ။


2. ကိုယ့်အလုပ်မလုပ် ဘဲ

မဆိုင်သောနေရာ လာထိုင်နေတဲ့တပ် ၂၅% ရှိနေသရွေ့ NLD သာမဲပေးပါမည် ။


3 . ကိုယ့်ပါတီ ကိုထောက်ခံသူများကိုနိမ့် ချပြော င်လေ ှာင်

သောweb blogger NPL

လို အမတ်မျိုး ကိုလဲနောက်ထပ် မလိုချင်ပါ ။


4 . အရေးအကြီး ုံး တော့

အစိုးရ ရဲ့ ကပ်ရောဂါကာကွယ်

ရေး အမိန့်များ ထဲက လူအစုဝေးမလုပ်ရဆိုတဲ့ အမိန့်ကို မနာခံဘဲ

ညောင်ရေ သွန်း ခဲ့တဲ့တပ်ချုပ်

မအလ ၊ ဘယ်တော့မှ စာရင်းအစစ်မခံ တဲ့ လူလွန်မသား

မအလ ကို အရ င်အရေးယူခိုင်းပါလို့သစ္စာဖောက် လူလွန်မသား

ျော်ဇေ ယျ နဲ့ ကိုယ်ယူထားသူ

ကယောကျာ်း စစ် စစ်မဟုတ်ပါ

ဘဲ နဲ့ သူ့အမျိုးသား ပါလို့

တရားမဲ့ ဇွ တ်ပြောဆို တဲ့

သက်သက်ခိုင် လိုနေရာလိုချင်

လို့ NLD. ကိုလာတဲ့ သူ က

မအလနောက်လိုက်များ ဆိုတာ

ရာနှုံးပြည့်သေချနေပီ မို့

2020 election အတွက် မည်သည့် မိုးကျ နဲ့ မောင် shwe နဲ့ ပတ်

သက်သူ မဘ သ နဲ့ ပတ်သက်သူ

မှန်သမျှ ကို အမတ်လောင်းဖြစ်

မြင်ပါစေနဲ့

တိုင်းရင်းသား NLDပါတီ နဲ့

ခြားNLD. ရဲ့ မိတ်ဘက်တိုင်းရင်းသား ပါတီ ကိုသာ

choose လုပ်ပေးပါရန်

NLD. ကိုတောင်းဆိုပါရစေ

לייק
bottom of page