top of page
Search

ကွီးဖြိုးကို ဘာကြောင့် ဖွတ်နဲ့ အဘတတွေ မုန်းနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 1, 2020
  • 1 min read

ဒီနေ့ကွီးဖြိုးကို နှလုံးရောဂါခွဲရတယ်ဆိုပြီး သတင်းတုလွှင့်တယ်။ သတင်းတုလွှင့်တဲ့နေရာတွေကနေပြည်တော်က တစ်နေရာ၊ ရုရှားနဲ့ ကျန်တာက ယခင်ကွီးဖြိုးကို လှောင်သလို အပုတ်ချသလို ရေးလေ့ရှိတဲ့ ဖွတ်နဲ့ အဘတအကောင့်များပါ။ ကွီးစာမျက်နှာက ဒီနေ့ဘာမှမတင်လို့ ကွီးကိုလွမ်းပြီး ကောလဟာလထုတ်ပုံပါ။

ယခုဘဲ ကွီးဖြိုးရဲ့ စာမျက်နှာက အဲ့ဒီအကြောင်းဖြေရှင်းလိုက်ပါပြီ။ ခွေးဟောင်တိုင်း ထကြည့်စရာမလိုပေမယ့် အဘတ ခွေးတွေကဟောင်တာကို လွှတ်ပေးထားရင် နားငြီးပါတယ်။

ယခုလို ဖွတ်တွေ၊ အဘတွေက ဘာလို့ဒီလောက် ကွီးမကောင်းကြောင်းပြောနေကြလဲ။ ကွီးဖြိုးကိုDASSK ပြီးရင် သူတို့ကို တိုက်ခိုက်နိုင်ဆုံး အုပ်ချုပ်မှုကျွမ်းကျင်သူ နိုင်ငံရေးအရ လိမ္မာပါးနပ်သူလို့ သူတို့က သုံးသပ်ထားလို့ပါ။ သု့ကိုဒုသမ္မတပေးနိုင်လို့ ဦးတည်တိုက်တာပါ။

ကွီးကို အခြားနည်းမျိုးစုံနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။

ယခုကိုဗစ်မှာလဲ ကွီးဖြိုးရဲ့ ဘာသာရေးတရားမဝင်ပွဲကို အရေးယူတာကို သူ့အမေ DASSK နဲ့ တိုက်ပေးဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်ခဲ့ပါ။ DASSK က ဥပဒေအတိုင်းဆက်လုပ်ဖို့ သဘောတူခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် သူ့ရဲ့ တကယ့်အရေးပေါ်အခြေအနေမှာ ကိုင်တွယ်နိုင်တဲ့ စွမ်းရည်ဟာ တပ်ချုပ်ထက်တောင် သာလွန်နေကြောင်း ပြည်သူများက တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်က လူဦးရေ ၅သန်းကျော်ပြီး တပ်ထဲမှာက ၅ သိန်းသာရှိတာပါ။

ကောလဟာလ ဆက်ထုတ်ပါ။ ကွီးကတော့ ကျန်းမာစွာနဲ့ အဘထက်အဆပေါင်းများစွာ သာလွန်စွာဖြင့်တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဖွတ်နဲ့ အဘတတွေအတွက်ကတော့ ကွီးကျန်းမာနေတာဟာ သတင်းဆိုးဖြစ်နေမှာပါ။ အဘတို့အနေနဲ့ သတ္တိရှိရင်ယူနီဖောင်းချွတ်ပြီး ကွီးနဲ့ပြိုင်အရွေးခံကြည့်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page