top of page
Search

ကျပ်လာနေသော မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 1, 2021
  • 1 min read

အိန္ဒိယ ကုမ္ပဏီက ဦးပိုင်နဲ့ ပေါင်းပြီး ဆိပ်ကမ်းဆောက်ဖို့ ရပ်လိုက်ပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ အိန္ဒိယအစိုးရက မအလနဲ့ စီးပွါးလုပ်တာကို အားမပေးဘူးဆိုတာပါ။ သူ့လက်နက်အဟောင်းတွေကို မအလက ဝယ်တာက အထာတမျိုးပါ။ နောက်တရုတ်ကလဲ ဆက်လုပ်မယ့်စီမံကိန်းအချို့ကို လုံခြုံရေးအကြောင်းပြ ရပ်ထားသလို နယ်စပ်ကုန်သွယ်ရေးကိုလဲ ကိုဗစ်အကြောင်းပြပြီး ပိတ်ထားပါတယ်။ DASSK လက်ထက်ကလဲ ကိုဗစ်ဖြစ်ခဲ့ပေမယ့် မပိတ်ခဲ့ပါ။ယခု ကမ္ဘောဒီးယားက မအလကို အာဆီယံပြောတာ နားထောင်ဖို့ ဖိအားပေးနေပါတယ်။ ဟွန်ဆန်က တရုတ်လူပါ။ အမေရိကန်နဲ့ မဆိုင်ပါ။ ဘရူနိုင်းဘုရင်ကတော့ အင်္ဂလိပ်က ယခင်ကသူ့ကိုကယ်ခဲ့လို့ ကျေးဇူးတင်သူပါ။ ယခုဟာက တရုတ်နဲ့ အမေရိကန် ပေါင်းကျပ်နေပုံပါ။

တရုတ်က ထပ်လာပြီး DASSK နဲ့ တွေ့လိုကြောင်း မအလထံ ထပ်တောင်းဆိုထားပါတယ်။ မအလက ပေးမတွေ့ရင် တရုတ်က အမေရိကန်နဲ့ပေါင်းပြီး ပိုကျပ်လာဖို့သာ ရှိပါတယ်။ ယခုလောလောဆယ်မှာ နိုင်ငံအားလုံးက သံတမန်ရေးကို အချိန်ပေးထားပါတယ်။ ရှေ့နှစ်ဆန်းပိုင်းအထိ မအလက ခေါင်းမာနေရင် PDF တွေရဲ့လက်နက်ဟာ ယခုထက်ပိုကောင်းလာမယ်ဆိုတာယုံကြည်ပါတယ်။ ယခုအချိန်မှာ PDF တွေကို ဘယ်အနောက်အုပ်စုကမှ မထောက်ပံ့သေးတာတရုတ်သိပါတယ်။

စင်ကာပူနဲ့ ထိုင်းဟာလဲ စကစအကောင့်တွေကို ပိတ်ဖို့ အရေးယူဖို့ အမေရိကန်ရဲ့ဖိအားကို ခံနေရပါတယ်။

ယခုဖြစ်နေတာတွေက မအလရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတာကြောင့် ဖြစ်သွားတာက အများစုပါ။မအလ ကျပ်လာနေပါပြီ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 comentário


Myint Soe Oo
Myint Soe Oo
01 de nov. de 2021

ဦးမြတ်!!! ကြပ် တာမှ၊ ပြာ နေအောင် ကြပ်နေပါပြီ။ ကြပ်ပြာမို့ ကြာလျှင် ပြတ်တော့ပါမည်။ခု ပြတ်လို့ ငတ် နေကြောင်းသိသာထင်ရှားစေပါသည်။

~••မီတာခများ အဓမ္မ တအိမ်တက်ဆင်း ကောက်ခံခြင်း၊ မပေးလျှင် လိုင်း ဖြတ်ခြင်း။

~••ကညန ရုံးများ၊ လုပ်ငန်းဆောင်တာများ အချိန်နှင့် တပြေးညီ ဆောင်ရွက်ခြင်း။

~••စစ်ဆေးရေး ဂိတ်တွေမှာ အတောင်းကြမ်းလာခြင်း။ ရွာတွေထဲ အကြောင်းပြ ဝင်၊ ရွှေငွေနှင့် အဖိုးတန် ရတနာများကို အောက်ခြေအဆင့်တို့က ဓါးပြသဖွယ် လုယူခြင်း။

ကြပ်လို့ ငတ်လာကြပြါပီ။ မကြာမီ ပြည်သူနဲ့ ပြတ်လို့ ဘဝတွေ ရပ်စဲရတော့မည့်အချိန် တဖြည်းဖြည်း နီးကပ်လာပါသည်။

**အာဏာ လုယူထားသူက၊ အခွန်အခ မဆောင်သူမျာသည် ဒီမိုကရေစီစနစ်နှင့် မထိုက်တန် မကိုက်ညီကြောင်း**

အပြောကတော့ သောတာပန်ပါ

ခြင်ကိုက်ခံရတိုင်း ရိုက်သတ်နေရတော့

မြင်ရသူအပေါင်းအတွက် အဆင်မပြေလှပါ။

ခုတလော လျှပ်စစ်ကို ပါးစပ်ဖျားက မချတာသည် ချိဖကို မြူဆွယ်နေတာလား??

မမြင်ရသော အမှောင်အကွယ်က ဆက်ဆံရေးကြောင့်လား??သူတို့ အချင်းချင်းသာ သိပါမည်။ အကြောင်းမူကား~ *ရ* နေသူတို့နှင့် *ဝ* နေသူတို့ တော်လှန်ရေးတွင် မပါဝင်လာသေးသောကြောင့်ပါ။သူတို့ပါလာပါက ချိဖ ကိုယ်တိုင် လက်မခံကြောင်း သိနိုင်ပါသည်။ခုတော ရ နေသူကော ဝ နေသူပါ တုတ်တုတ်မျှ မလှုပ်။

ကြပ်လာရခြင်း၏ အကြောင်းရင်းကိုရှာသော အာဆီယံအစ လူ့အသင်းပင်း အဝန်းအဝိုင်းက စု နှိမ် နေသောကြောင့်ဖြစ်ပါသည်။ စု နှိမ်အောင် အစိမ်းရင့်ရင့်တွေကနေ အစိမ်းတွေ နုခဲ့တာကိုး။အစိမ်းတွေ နုလာတော့ အရည်ချင်းတွေ အစမ်းသပ် ဒါဏ်မခံနိုင်တော့ပဲ တဖြုတ်ဖြုတ်နဲ့ ဟိုနား ကြွေ၊ ဒီနား ကျနဲ့ လုံးပါး ပါးလာကြောင်း စာမျက်နှာသတင်းတွေမှာ တွေ့လာရပါသည်။

ကြပ်လာရခြင်း၏ နောက်အကြောင်းတစ်ခု။ လူ့အဝန်းအဝိုင်းက စ ကြဉ် တာကို စတင်ခံစားနေရပါသည်…


Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page