ကျွဲပါးစောင်းတီးမဖြစ်ရလေအောင် ကၽြဲပါးေစာင္းတီးမျဖစ္ရေလေအာင္
- Myat Tun Oo
- Aug 14, 2019
- 1 min read
Updated: Aug 15, 2019

ကၽြဲပါးေစာင္းတီးမျဖစ္ရေလေအာင္
ျမန္မာျပည္မွာတရားဥပေဒစိုးမိုးမႈမရွိတာဟာလူေတြတရားမွ်တမႈေတာင္းဆိုေနတဲ့ကေလးအမႈမွမဟုတ္ပါဘူး။ဒီကေလးထက္ႀကီးတဲ့ႏိုင္ငံေတာ္ပုန္ကန္မႈက်ဴးလြန္သူဆိုရင္ေတာင္တရားမွ်တမႈကေမးခြန္းထုတ္စရာပါ။ယခုဘူးလက္ေျပာဆိုခဲ့တာေတြကိုႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ေထြအုပ္ကတရားစြဲပါၿပီ။
ဒီေနရာမွာဘူးလက္တင္မဟုတ္ဘဲကိုေနမ်ိဳးဇင္၊ကိုမင္းထင္ကိုကိုႀကီးတို႔ဟာလဲေျခဥျပင္ဖို႔ေထာက္ခံေျပာဆိုပြဲမွာတပ္ကိုအပုတ္ခ်လို႔ဆိုၿပီးတရားစြဲရာမွာရဲကသူတို႔ကိုအကုန္မိခဲ့ပါတယ္။ဘုန္းႀကီးဆိုလဲဆရာေတာ္ဦးေသာပိတကိုရဲကတရား႐ံုးအထိအဖမ္းခံရတာမဟုတ္ေပမယ့္ပို႔ေပးခဲ့ပါတယ္။
ဒီေနရာမွာအဖမ္းခံရေအာင္တမင္လုပ္တဲ့ေက်ာင္းသားသံခ်ပ္နဲ႔7th July ဆႏၵျပသူမ်ားဟာလဲတရားဥပေဒစိုးမိုးေရးမူအရအဖမ္းခံရပါတယ္။ျပည္ထဲေရးကတာဝန္ေက်စြာဖမ္းပို႔ခဲ့ပါတယ္။ေဆး႐ံုထဲေတာင္ဝင္ဖမ္းခဲ့တာပါ။ဟိုဓာတ္ခဲသူပုန္ေထာက္ခံအဖြဲ႕ကိုစင္ကာပူကဘာမေျပာညာမေျပာဖမ္းပို႔လို႔ခဏတာလြတ္သြားေပမယ့္အေဝးေျပးလမ္းေပၚမွာတင္ရေအာင္ဖမ္းခဲ့ပါတယ္။ျပည္သူ႔ရဲေတြဟာအဘဖမ္းလိုသူေတြကိုတာဝန္ေက်စြာဖမ္းႏိုင္ခဲ့ပါတယ္။ဒီေနရာမွာဆႏၵျပဖို႔ခြင့္မေတာင္းဘဲဆႏၵျပရင္ရဲကသူ႔ရဲအေရးပိုင္တဲ့အတြက္အစိုးရဝကခထံကခြင့္ေတာင္းစရာမလိုဘဲအမႈဖြင့္တရားစြဲပါတယ္။
ဒါဆိုရင္လက္ရွိဒီမိုအစိုးရကိုအသေရဖ်က္သူပုန္ကန္မႈအားေပးသူကိုျပည္ထဲေရးကဘယ္ႏွစ္ေယာက္မိၿပီးပါၿပီလဲ။
ဦးကိုနီလုပ္ၾကံသူအခ်ိဳ႕ကိုမိတာဟာအငွားယဥ္ေမာင္းေၾကာင့္ပါ။ဒါေတာင္ေအာင္ဝင္းခိုင္လြတ္ေနပါတယ္။သူ႔သူငယ္ခ်င္းၾကံရာပါမအလရဲ႕ကိုယ္ေရးအရာရွိေဟာင္းဆိုအမႈတြဲထဲေတာင္မပါပါ။ဒါတင္ဘဲလား။ထမင္းဝေအာင္စားထားဆိုသူမ်ားကိုလဲယေန႔တိုင္မမိပါ။ဝီဝီ့လိုနာမည္ႀကီးသူကိုလဲမမိပါ။ယခုဘူးလက္လဲဘယ္မွာမွန္းမသိပါ။မိုက္ကယ္ေက်ာ္ျမင့္ကိုမိတာကျပည္သူကသတင္းေပးလို႔ပါ။သူပံုးေနတာကရဲေတြသိႏိုင္တဲ့သူနဲ႔ဆက္စပ္သူထံမွာပါ။သူပုန္နယ္ထဲမွာမဟုတ္ပါ။
ဒါေတြဟာတိုက္ဆိုင္တာလား။တစ္မႈေလာက္ဆိုရင္ေတာ့ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္အစိုးရကိုမေကာင္းေျပာၿပီးမအလေထာက္ခံသူတိုင္းကိုမမိတာဟာတိုက္ဆိုင္တာမဟုတ္ေတာ့ပါ။ဒါဆိုဘာလုပ္သင့္လဲ။အစိုးရအေနနဲ႔လက္ရွိရဲတပ္ဖြဲ႕ကိုျဖဳတ္တာ၊ထုတ္တာ၊ရွင္းတာေတြစလုပ္သင့္ပါတယ္။ခံု႐ံုးဖြဲ႕မေနဘဲဒီအမႈကိုဘယ္ႏွစ္ရက္အတြင္းဖမ္းမမိရင္ရဲခ်ဳပ္ကိုအၿငိမ္းစားေပးတာမ်ိဳးစဥ္းစားသင့္ပါၿပီ။
အခ်ိဳ႕ကေျပာပါမယ္။ပညာေပးပါ။ေျပာင္းလဲမလားေစာင့္ၾကည့္ပါဘာညာေပါ့။သံုးႏွစ္ဆိုတာလံုေလာက္ၿပီလို႔ထင္ပါတယ္။စာေရးသူတို႔ကျမန္မာျပည္မွာေနတာပါ။ဘေရႊခင္ၫြန္႔ေထာက္လွမ္းေရးကိုကိုင္လိုက္သလိုကိုင္လိုက္ႏိုင္မွအပိုးက်ိဳးမွာပါ။ဥပမာကေလးတစ္ေယာက္ကိုငယ္စဥ္ကထဲကက်ိဳးေၾကာင္းနားလည္ေအာင္သင္ျပထားရင္သူတို႔ကစဥ္းစားေတြးေခၚတတ္လို႔႐ိုက္စရာမလိုပါ။ဒါမွမဟုတ္ဘဲေမြးကထဲကတုတ္ျပ႐ိုက္ၿပီးအုပ္ခ်ဳပ္ခံလာရတဲ့ကေလးကတုတ္မရွိရင္အ႐ိုက္မခံရရင္ဘာမွမလုပ္တတ္ပါ။အခ်ိဳ႕ကိစၥေတြမွာကႏြားကိုတရားသြားေဟာလို႔မရပါ။ႀကိမ္ေလးနဲ႔မွႏြားကအလုပ္လုပ္မွာပါ။ဒီေနရာမွာႏြားကေစတနာရွိႏိုင္ေပမယ့္ေတြးေခၚႏိုင္စြမ္းဦးေႏွာက္ကမရွိႏိုင္ပါ။သူကႏြားေတြးသာေတြးေနမွာပါ။
စာေရးသူအျမင္ကေရတိုမွာျပဳျပင္ေျပာင္းလဲဖို႔အတြက္က်ိန္တို႔ၿပီးေရရွည္မွာလက္ရွိဒုရဲအုပ္ေလာင္းေတြ၊ရဲအုပ္ေလးေတြကိုေတြးေခၚတတ္ေအာင္သင္ေပးရင္ေတာ့အေျပာင္းအလဲဟာျမန္ဆန္ႏိုင္ပါမယ္။မဟုတ္ရင္ကၽြဲပါးေစာင္းတီးျဖစ္သြားႏိုင္သလိုႏြားေတြကိုတရားသြားေဟာသလိုျဖစ္ေနပါ့မယ္။ျမက္စားတဲ့ႏြားကိုျမက္ေကၽြးၿပီးတုတ္နဲ႔ခိုင္းတာဟာအေကာင္းဆံုးပါ။
Unicode version
ကျွဲပါးစောင်းတီးမဖြစ်ရလေအောင်
မြန်မာပြည်မှာတရားဥပဒေစိုးမိုးမှုမရှိတာဟာလူတွေတရားမျှတမှုတောင်းဆိုနေတဲ့ကလေးအမှုမှမဟုတ်ပါဘူး။ဒီကလေးထက်ကြီးတဲ့နိုင်ငံတော်ပုန်ကန်မှုကျူးလွန်သူဆိုရင်တောင်တရားမျှတမှုကမေးခွန်းထုတ်စရာပါ။ယခုဘူးလက်ပြောဆိုခဲ့တာတွေကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ထွေအုပ်ကတရားစွဲပါပြီ။
ဒီနေရာမှာဘူးလက်တင်မဟုတ်ဘဲကိုနေမျိုးဇင်၊ကိုမင်းထင်ကိုကိုကြီးတို့ဟာလဲခြေဥပြင်ဖို့ထောက်ခံပြောဆိုပွဲမှာတပ်ကိုအပုတ်ချလို့ဆိုပြီးတရားစွဲရာမှာရဲကသူတို့ကိုအကုန်မိခဲ့ပါတယ်။ဘုန်းကြီးဆိုလဲဆရာတော်ဦးသောပိတကိုရဲကတရားရုံးအထိအဖမ်းခံရတာမဟုတ်ပေမယ့်ပို့ပေးခဲ့ပါတယ်။
ဒီနေရာမှာအဖမ်းခံရအောင်တမင်လုပ်တဲ့ကျောင်းသားသံချပ်နဲ့7th July ဆန္ဒပြသူများဟာလဲတရားဥပဒေစိုးမိုးရေးမူအရအဖမ်းခံရပါတယ်။ပြည်ထဲရေးကတာဝန်ကျေစွာဖမ်းပို့ခဲ့ပါတယ်။ဆေးရုံထဲတောင်ဝင်ဖမ်းခဲ့တာပါ။ဟိုဓာတ်ခဲသူပုန်ထောက်ခံအဖွဲ့ကိုစင်ကာပူကဘာမပြောညာမပြောဖမ်းပို့လို့ခဏတာလွတ်သွားပေမယ့်အဝေးပြေးလမ်းပေါ်မှာတင်ရအောင်ဖမ်းခဲ့ပါတယ်။ပြည်သူ့ရဲတွေဟာအဘဖမ်းလိုသူတွေကိုတာဝန်ကျေစွာဖမ်းနိုင်ခဲ့ပါတယ်။ဒီနေရာမှာဆန္ဒပြဖို့ခွင့်မတောင်းဘဲဆန္ဒပြရင်ရဲကသူ့ရဲအရေးပိုင်တဲ့အတွက်အစိုးရဝကခထံကခွင့်တောင်းစရာမလိုဘဲအမှုဖွင့်တရားစွဲပါတယ်။
ဒါဆိုရင်လက်ရှိဒီမိုအစိုးရကိုအသရေဖျက်သူပုန်ကန်မှုအားပေးသူကိုပြည်ထဲရေးကဘယ်နှစ်ယောက်မိပြီးပါပြီလဲ။
ဦးကိုနီလုပ်ကြံသူအချို့ကိုမိတာဟာအငှားယဉ်မောင်းကြောင့်ပါ။ဒါတောင်အောင်ဝင်းခိုင်လွတ်နေပါတယ်။သူ့သူငယ်ချင်းကြံရာပါမအလရဲ့ကိုယ်ရေးအရာရှိဟောင်းဆိုအမှုတွဲထဲတောင်မပါပါ။ဒါတင်ဘဲလား။ထမင်းဝအောင်စားထားဆိုသူများကိုလဲယနေ့တိုင်မမိပါ။ဝီဝီ့လိုနာမည်ကြီးသူကိုလဲမမိပါ။ယခုဘူးလက်လဲဘယ်မှာမှန်းမသိပါ။မိုက်ကယ်ကျော်မြင့်ကိုမိတာကပြည်သူကသတင်းပေးလို့ပါ။သူပုံးနေတာကရဲတွေသိနိုင်တဲ့သူနဲ့ဆက်စပ်သူထံမှာပါ။သူပုန်နယ်ထဲမှာမဟုတ်ပါ။
ဒါတွေဟာတိုက်ဆိုင်တာလား။တစ်မှုလောက်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ဒါပေမယ့်အစိုးရကိုမကောင်းပြောပြီးမအလထောက်ခံသူတိုင်းကိုမမိတာဟာတိုက်ဆိုင်တာမဟုတ်တော့ပါ။ဒါဆိုဘာလုပ်သင့်လဲ။အစိုးရအနေနဲ့လက်ရှိရဲတပ်ဖွဲ့ကိုဖြုတ်တာ၊ထုတ်တာ၊ရှင်းတာတွေစလုပ်သင့်ပါတယ်။ခုံရုံးဖွဲ့မနေဘဲဒီအမှုကိုဘယ်နှစ်ရက်အတွင်းဖမ်းမမိရင်ရဲချုပ်ကိုအငြိမ်းစားပေးတာမျိုးစဉ်းစားသင့်ပါပြီ။
အချို့ကပြောပါမယ်။ပညာပေးပါ။ပြောင်းလဲမလားစောင့်ကြည့်ပါဘာညာပေါ့။သုံးနှစ်ဆိုတာလုံလောက်ပြီလို့ထင်ပါတယ်။စာရေးသူတို့ကမြန်မာပြည်မှာနေတာပါ။ဘရွှေခင်ညွန့်ထောက်လှမ်းရေးကိုကိုင်လိုက်သလိုကိုင်လိုက်နိုင်မှအပိုးကျိုးမှာပါ။ဥပမာကလေးတစ်ယောက်ကိုငယ်စဉ်ကထဲကကျိုးကြောင်းနားလည်အောင်သင်ပြထားရင်သူတို့ကစဉ်းစားတွေးခေါ်တတ်လို့ရိုက်စရာမလိုပါ။ဒါမှမဟုတ်ဘဲမွေးကထဲကတုတ်ပြရိုက်ပြီးအုပ်ချုပ်ခံလာရတဲ့ကလေးကတုတ်မရှိရင်အရိုက်မခံရရင်ဘာမှမလုပ်တတ်ပါ။အချို့ကိစ္စတွေမှာကနွားကိုတရားသွားဟောလို့မရပါ။ကြိမ်လေးနဲ့မှနွားကအလုပ်လုပ်မှာပါ။ဒီနေရာမှာနွားကစေတနာရှိနိုင်ပေမယ့်တွေးခေါ်နိုင်စွမ်းဦးနှောက်ကမရှိနိုင်ပါ။သူကနွားတွေးသာတွေးနေမှာပါ။
စာရေးသူအမြင်ကရေတိုမှာပြုပြင်ပြောင်းလဲဖို့အတွက်ကျိန်တို့ပြီးရေရှည်မှာလက်ရှိဒုရဲအုပ်လောင်းတွေ၊ရဲအုပ်လေးတွေကိုတွေးခေါ်တတ်အောင်သင်ပေးရင်တော့အပြောင်းအလဲဟာမြန်ဆန်နိုင်ပါမယ်။မဟုတ်ရင်ကျွဲပါးစောင်းတီးဖြစ်သွားနိုင်သလိုနွားတွေကိုတရားသွားဟောသလိုဖြစ်နေပါ့မယ်။မြက်စားတဲ့နွားကိုမြက်ကျွေးပြီးတုတ်နဲ့ခိုင်းတာဟာအကောင်းဆုံးပါ။
Comments