top of page
Search

ကျန်းမာရေးဝန်ကြီးရဲ့ ကွီးသို့ ချီးကျူးစကား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7, 2021
  • 1 min read

မနေ့က ကျန်းမာရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့က အနုပညာရှင်တွေကို ကျေးဇူးတင်တဲ့အခမ်းအနား လုပ်ပါတယ်။ အသိဆရာဝန်မတစ်ယောက်က ကြည့်ဖို့သတိပေးလို့ အနည်းငယ် ကြည့်လိုက်ပါတယ်။ သူက ကွီးကို ဖောင်ကြီးဆေးရုံလုပ်တာနဲ့ အခြားလုပ်ဆောက်ချက်တွေအတွက်လဲ လိုင်းပေါ်မှာ ပေါ်တင်ကျေးဇူးတင်စကား ပြောသွားပါတယ်။ နောက်ဝန်ကြီးဟာ အင်္ဂလန်နဲ့ အမေရိကန်မှာဖြစ်နေတာတွေကိုလဲ သူ့သူငယ်ချင်းတွေထံကနေသိကြောင်း ပြောသွားပါတယ်။

ကျန်းမာရေးဝန်ကြီးက ကွီးကိုချီးကျူးတော့ ရန်ကုန်ကို ကိုဗစ်ကိုင်တွယ်တာအတွက် ဝေဖန်တဲ့ စာထုတ်တာဟာ ဘယ်ဝန်ကြီးစနက်လဲဆိုတာ ပိုထင်ရှားသွားပါတယ်။ ကျန်းမာရေးဝန်ကြီးက ပညာပါပါနဲ့ လုပ်သွားတာပါ။ နောက်ပြီး ကျန်းမာရေးက ဆေးကျောင်းနောက်ဆုံးနှစ်တွေ ပြန်ဖွင့်ဖို့လဲ ပြင်ဆင်နေပါပြီ။

ပြည်သူ့အသံနားထောင်လို့ ကျေးဇူးပါဝန်ကြီး။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jan 07, 2021

ဦးမြတ်!! ကျန်သွားလို့ပါ။

ညက စမ်းသပ်ခုတ်မောင်းသောနှုန်းသည် 80km/h and above.

ယခင်က မိုင်နှုန်းကတော့???

ဒီလောက်မြန်နေတာ တောင်၊ လမ်းအရေးအသွေးစမ်းသပ်တဲ့အနေနဲ့ ကြီးကြပ်သူ အရာရှိ၏ စကားက *နင်း**နင်း*ဆိုတဲ့အသံ အတိုင်းသားကြားရပါသည်။

မြန်နှုန်း ၈၀ အထက် တက်အောင် မောင်းနှင်တာတောင် ရထား တုန်ခါ ယိမ်းယိုင်ခြင်း မရှိပါ။

ကွာ လွန်းပါသည်

ခြားနား ခဲ့ပါပြီ။

ထိုက်တန်သော အစိုးရကို ရခဲ့ပါပြီ။ လူမှုဘဝ မြင့်တာကို မြင်နေရပါပြီ။


Like

Myint Soe Oo
Myint Soe Oo
Jan 07, 2021

ဦးမြတ်!!! ယခင်ဆောင်းပါးတ​ွေမှ ကျားကွက်ရွှေ့ရာမှာ ကျွမ်းသလို စစ်တုရင်ကစားရာမှာ တော်သူတစ်ဦးရဲ့စကား အမှတ်ထားမိမှာပါ။

~ဘုရင်မ လမ်း ပွင့်အောင်၊ လွတ်လွတ်လပ်လပ် ကစားကွက်

ဖော်နိုင်ခဲ့လျှင်

~ကျား ဘုရင်အတွက်တော့ ကျားဘိုတွေက အမဲချည်းပဲ

ညက မြို့ပတ်ရထားစမ်းသပ်ခုတ်မောင်းမှု ကြည့်လိုက်ရပါသည်။(၅. ၁. ၂၀၂၁ နေ့စွဲဖြင့်)။ ရထားလမ်းဘေး ရှုခင်း ရှင်းလင်း။ ရေဆိုးမြောင်းများနှင့် ရေအိုင်အဟောင်းတွေဆိုတာ မရှိတော့။

**ရထားဝန်ထမ်းတစ်ဦးပြောစကား ကြားလိုက်ရပါသည်**စည်ပင်နဲ့ ညှိလုပ်ရတာပေါ့။ စကားကြားကတည်းက ဦးဖြိုးကို တန်းကနဲ သတိရလိုက်ပါသည်။ ခုလည်း အလုံလမ်းဘူတာ နှင့် ဂုံးကျော် အပီအပြင် ဆော်နေကြောင်း မီးရထားသတင်းရပ်ကွက်များမှ ကြားသိရပါသည်။

ဒေါက်ထွေး မလွန်ပါ။ ဘာမှ မဆိုင်တဲ့ အညာနေပြည်သူတစ်ယောက်ကတောင် ဦးဖြိုးရဲ့ အရည်အချင်းကောင်းတွေကိုကြည့်ပြီး ဝမ်းသာပီတိ ဖြစ်ရပါသည်။ ထပ်ညွှန်း၍ အမွှန်းတင်ပါရစေ။

အမေစုအတွက် အကွက်တွေချည်းပဲ။

အကွက်ရလျှင် အဆောက်အဦးဆောက်ကြသည်မှာနိယမ။

ခု ဒေါက်ထွေး ချီးကျုးခြင်းဟာ

#ကျောက်အုတ်ဖြင့်ပြုလုပ်မည့်အုတ်မြစ်အတွက် ၊ ပန္နက်တင် မင်္ဂလာ အခမ်းအနားတစ်ရပ်ဟူ၍သာ မြင်မိပါတော့သည်။


မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page