top of page
Search

ကျန်းမာရေးဝန်ကြီး ဘာတွေလုပ်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 29, 2020
  • 1 min read

ဒီနေ့မှာ ဆရာဝန်အချို့က ကျန်းမာရေးဝန်ကြီးကို ဝေဖန်တာတွေ့ရပါတယ်။ ဒါကလဲ ဒီမိုစနစ်မှာလွတ်လပ်စွာပြောဆိုခွင့်အရ ဝေဖန်နိုင်ပါတယ်။ ဒီနေရာမှာ မြန်မာပြည်က ဆင်းရဲတာအားလုံးသိပြီးသားပါ။ မြန်မာပြည်မှာ ကျန်းမာရေးဘတ်ဂျက်ကို ဘယ်လောက်သုံးနိုင်လဲ။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၆ အစီရင်ခံစာမှာ မြန်မာရဲ့ လူတစ်ဦးအတွက် ကျန်းမာရေးဆိုင်ရာသုံးငွေဟာဒေါ်လာ ၆၂.၁၁ ပါ။ အာဖဂန်က ဒေါ်လာ ၅၇.၂၅ပါ။ တရုတ်က ဒေါ်လာ ၃၉၈.၃၃ ဖြစ်ပြီး စင်ကာပူကဒေါ်လာ ၂၄၆၂.၃၉ ပါ။ ထိုင်းက ဒေါ်လာ ၂၂၁.၉၁ပါ။ အမေရိကန်က ဒေါ်လာ ၉၈၆၉.၇၄ပါ။ အင်္ဂလန်က ဒေါ်လာ ၃၉၅၈.၀၂ ပါ။ မြန်မာပြည်ဟာ ပြည်တွင်းစစ်ဖြစ်နေလို့ စစ်တပ်အသုံးစရိတ်များပြီးကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်နည်းတာကို အားလုံးကလက်ခံရမှာပါ။ လက်ခံနိုင်လိမ့်မယ်လို့ထင်ပါတယ်။

လက်ရှိအစိုးရတက်ချိန်မှာ ကျန်းမာရေးအသုံးစရိတ်ကိုမြှင့်တင်ပြီး ဆေးရုံအသစ်ဆောက်တာ၊ တိုးချဲ့တာတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ်ဆေးရုံတွေမှာ မေ့ဆေးပေးရင် အသက်ရှုတာကို ကူပေးတဲ့ventilator က နှစ်လုံးလောက်သာ အများဆုံးရှိနိုင်မှာပါ။ အဆိုပါဆေးရုံတွေမှာ အရေးပေါ်ခွဲပြီး လူနာထားတဲ့နေရာသာရှိပြီး အထူးကြပ်မတ်ကုသဆောင် ICU ဆိုတာ မရှိပါ။

PPE Kit တစ်ခုဟာ အပေါဆုံး မြန်မာငွေ နှစ်သောင်းလောက်ကျပါတယ်။ တစ်ခါသုံးပါ။ ဒါကquarantine လုပ်သူနဲ့တွေ့ရင် မဝတ်ရပါ။ ဒါက COVID 19 ပိုးတွေ့သူကို အနီးကပ်ကိုင်တွယ်သူတွေအထူးကြပ်မတ်ဆောင်(Intensive Care Unit)မှာ အသက်ရှုစက်တပ်တာ သွေးကြောအတွက်လိုအပ်တဲ့လိုင်းထိုးသူတွေသာ ဝတ်ရတာပါ။

ဒီရောဂါဖြစ်လို့ ဆိုးရွားရင် အဆုတ်ထိ(ARDS)ပြီး ICU တင်ရပါတယ်။ အသက်ရှုလမ်းကြောင်းထိလို့စက်နဲ့ အသက်ရှုရတာပါ။ အဲ့ဒီ အသက်ရှုစက် (ventilator) က တစ်လုံးကို ဒေါ်လာ သုံးသောင်းလောက်တန်ပါတယ်။ စက်တစ်ခုကို တစ်ယောက်သာသုံးလို့ရပါတယ်။ ဒီစက်တွေဟာ အီတလီ၊ အင်္ဂလန်နဲ့ အမေရိကန်မှာတောင် မလုံလောက်ပါ။ ပိုက်ဆံရှိတာတောင် ဝယ်မရပါ။ ဥရောပက ယခုမှ စက်ကို စမှာပါတယ်။ သုံးပတ်အနည်းဆုံးကြာပါမယ်။ အမေရိကန်က MIT က ထွင်နေပါတယ်။ ဒီစက်နဲ့ လူနာကိုစောင့်ကုတာက မေ့ဆေးဆရာဝန်သာ လုပ်နိုင်တာပါ။ မေ့ဆေးဆရာဝန်ဒီလောက်အများကြီး မြန်မာပြည်မှာမရှိပါ။ နိုင်ငံခြားမှာတော့ အထူးကြပ်မတ်ကုသဆရာဝန် Intensivist က ကုတာပါ။

မြန်မာပြည်က ဆင်းရဲတဲ့တိုင်းပြည်မိုလို့ ကာကွယ်ရေးကိုသာ အဓိကလုပ်နိုင်ပါမယ်။ နိုင်ငံခြားကဆရာဝန် တူ၊ တူမတွေရဲ့ သူတို့နေတဲ့ တိုင်းပြည်တွေနဲ့ယှဉ်ပြီး သုံးသပ်ထားတာကတော့ မြန်မာပြည်ဟာသီးခြားခွဲတာ စောင့်ကြည့်တာမှာ quarantine and contact tracing မှာ အီတလီ၊ အင်္ဂလန်နဲ့ အမေရိကန်ထက်သာပါတယ်။ ဆေးစစ်ရာမှာ testing မှာ ငွေကြေးအရ အမြောက်အမြား မလုပ်နိုင်ပါ။ မိမိရဲ့သတ်မှတ်တဲ့စံနဲ့ လုပ်နေပါတယ်။

PPE kit နဲ့ ventilator က ငွေလိုသလို ventilator ကို ကိုင်တွယ်နိုင်တဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်လိုပါမယ်။ဒါပေမယ့် ဒါက အသက်ကြီးသူတွေမှာသာ အဖြစ်များ အသေများလို့ မြန်မာပြည်ရဲ့ လူဦးရေကအသက်ငယ်သူများလို့ စာရေးသူတို့က အသက်ကြီးသူများတဲ့ တိုင်းပြည်တွေထက် demographic အရတပန်းသာပါတယ်။

lockdown လိုလားဆိုတော့ ဒါက နိုင်ငံရေးအရ အခြားအရာတွေပါ သုံးသပ်ပြီး ဆုံးဖြတ်ရပါတယ်။ဒါက ကျန်းမာရေးဝန်ကြီးနဲ့ မဆိုင်ပါ။ ဥပမာ Lockdown လုပ်ရင် တစ်နေ့လုပ် တစ်နေ့စားတွေကိုဘယ်လိုထောက်ပံ့မလဲ ဥပမာ ဆန်ဆိုင်၊ ဆီဆိုင်က အဓိကထဲမှာပါလို့ ပိတ်မရဘဲ အခြားအဝတ်ဆိုင်မျိုးတွေက ပိတ်ရမှာပါ။ ဒါတွေကတော့ အစိုးရက နိုင်ငံရေးအရ စဉ်းစားရမှာပါ။ နောက် တက္ကစီသမားကို ဘယ်လိုဝင်ငွေထောက်မလဲဆိုတာမျိုးတွေ စဉ်းစားရမှာပါ။

ယခုကျန်းမာရေးဝန်ကြီးလုပ်နေတာက အထိရောက်ဆုံးပါ။ ဒီရောဂါက အများစု အသက်ငယ်သူတွေက တုတ်ကွေးလောက်သာဖြစ်ပြီး အသက် ၆၅ အထက်နဲ့ ရောဂါအခံရှိသူတွေမှာသာ အဆုတ်ထိပြီးသေကြတာပါ။ ကုတဲ့ဆေးက အတိအကျမရှိသေးဘဲ HIV ရောဂါကုတဲ့ Lopinavir/Ritonavir၊ Ebola မှာကုတဲ့ Remdesivir၊ ငှက်ဖျားမှာကုတဲ့ Hyroxycholoroquine တွေနဲ့ စမ်းကုနေရတာပါ။ အခြားကုနည်းတွေက ပိုက်ဆံအများကြီးကုန်ပါတယ်။

(စာကြွင်း၊ ဒီဆောင်ပါးအား တတ်ကျွမ်းသူ အထူးကုဆရာဝန်များ၏ အကူအညီဖြင့် ဆေးပညာအတွက် တာဝန်ယူရေးသားပါသည်။ အပေါ်ပိုင်းက နိုင်ငံရေးကိစ္စသာ စာရေးသူရဲ့ အာဘော်ပါ။)

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page