top of page
Search

ကျွန်မသားလေး ဖက်ဆစ်တပ်ကျောင်းထားသင့်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 17, 2021
  • 1 min read

ဖက်ဆစ်မအလဟာ ဇွန် ၁ ရက်နေ့ကို ကလေးတွေ ကျောင်းပြန်တက်ခဲ့ရင် သူအောင်ပွဲခံနိုင်တဲ့နေ့လို့သတ်မှတ်ထားပါတယ်။ သူက ဆရာဝန် CDM တွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက် အလုပ်ပြန်ဝင်စေခဲ့ပါတယ်။ အထက်က ပါမောက္ခများ အရှက်မရှိအလုပ်ပြန်ဝင်ပေမယ့် လက်ထောက်ဆရာဝန်အဆင့်အများစုက ပြန်မဝင်လို့ ဆေးရုံတွေဟာ ဟန်ပြသာဖွင့်နိုင်ပါတယ်။ မအလကလဲ ပြည်သူကို စေတနာရှိတာမဟုတ်ဘဲ ဟန်ပြသာလုပ်လိုသူမိုလို့ ကိုယ်ကျိုးကြည့် သူအချင်းချင်း အဆင်ပြေနေကြပါတယ်။

ယခု ကလေးတွေ ကျောင်းပြန်တက်မတက်က သူ့ကိုအဆုံးအဖြတ်ပေးမယ်လို့ သူယူဆထားပါတယ်။ဒါဆို သင့်ကလေးကို ကျောင်းပြန်အပ်သင့်လား?

ရေခွန်ဆောင် မီးခွန်ဆောင်တာ မဆောင်တာက မိမိမဆောင်ရင် မအလက ရေဖြတ် မီးဖြတ်နဲ့ခြိမ်းခြောက်လို့ရပေမယ့် မိမိကလေးကို ကျောင်းမပို့ရင် သူကဘာမှ လုပ်မရပါ။ ဒါ့ကြောင့် မိမိကလေးကို မအလလက်အောက် မအလကို အသိအမှတ်ပြုပြီး ကျောင်းထားသင့် မသင့်လေ့လာရအောင်။


ပထမအချက်က ကျန်းမာရေးရှုထောင့်ပါ

အိန္ဒိယမှာ ကိုဗစ်ဟာအရှိန်အဟုန်နဲ့ ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလဲ ဖြစ်နေပါတယ်။ ရခိုင်မှာလဲ စဖြစ်နေပါပြီ။ ဒါက စာသင်ကျောင်းတွေကနေကူးဖို့ သေချာသလောက်ပါ။ ဒါ့ကြောင့် မိမိကလေးကိုကျောင်းပို့ရင် ကိုဗစ်ကူးဖို့က အင်မတန်မှာ ရာနှုန်းများပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးရှုထောင့်ကကြည့်ခဲ့ရင် မိမိကလေးကို ကျောင်းမပို့သင့်ပါ။


ဒုတိယအချက်က ပညာရေးရှုထောင့်ပါ

ယခုအချိန်မှာ ဖက်ဆစ်လက်ပါးစေ ဖွတ်ဆရာအချို့ပြောတာက ကလေးတွေ ကိုဗစ်ကြောင့်အတန်းလွတ်ခဲ့လို့ ပညာသင်ရမယ်ပေါ့။ ပုံမှန်မှာ အင်မတန်နားထောင်လို့ကောင်းတဲ့ အကြောင်းပြချက်ပါ။ ဒါပေမယ့် ယခုအချိန်မှာ ဆရာစစ်စစ် အများစုက CDM လုပ်ထားပါတယ်။ နေ့စားဆရာဆိုတာ မအလလိုသူခိုး ဂျပိုး ဓားမြဖြစ်အောင်သာ သင်နိုင်တဲ့ ဆရာတွေပါ။ ရဲထွဋ်လို လူလိမ်ဖြစ်ချင်ရင် မအလလို သူခိုးလေးဖြစ်စေချင်ရင် ဇော်မဲလုံးလို လူလိမ်တွေ မွေးထုတ်ချင်ရင်တော့ သင့်ကလေးကို မအလအောက်ကျောင်းသွားအပ်လိုက်ပါ။ သူသင်တာဟာ ဘာမှထူးလာမှာမဟုတ်ပါ။


တတိယအချက်က မိမိကလေး လုံခြုံရေးရှုထောင့်ပါ

စာသင်ကျောင်းတွေမှာ ယခုပြည်သူတွေရဲ့ အသက်တွေကို သတ်ထားတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ကလေးတွေ မိန်းမတွေရှိနေပါတယ်။ ဥပမာ အချို့ကျောင်းအုပ်ဆရာမကြီးတွေရဲ့ အမျိုးသားတွေဟာပဲခူးကသပိတ်စခန်းကို ဖြိုခွဲတဲ့ ဗျူဟာမှူးပါ။ သူတို့တွေဟာ ပြည်သူတွေရဲ့ တရားဝင်ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ထို့အတူ မအလဖက်ဆစ်တပ်တွေဟာ ကျောင်းဝင်းတွေထဲမှာ တပ်စွဲထားပါတယ်။ သူတို့တွေက ကျောင်းသားတွေကိုသတ်တာ သင်တို့မျက်စိရှေ့မှာ မြင်ပြီးသားဖြစ်မှာပါ။ မအလကစာသင်ကျောင်းထဲမှာ ဗုံးထောင်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ သူ့ရဲ့ စရဖညွှန်ချုပ် ရဲဝင်းဦးကိုလဲ ညွှန်ကြားထားပြီးသားပါ။ သူကဗုံးထောင်ပြီး သင့်ကလေးက သေသွားမှာပါ။ သူ့စစ်တပ်က ကျောင်းဝင်းထဲနေရင် သူ့စစ်တပ်ကိုပစ်ရင်းက သင့်ကလေးကလဲ ကြားညပ်ပါသွားနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးရဲ့ အသက်နဲ့ အနာဂတ်ကို တန်ဖိုးထားရင် ကျောင်းမပို့သင့်ပါ။


စတုတ္ထအချက်က နိုင်ငံရေးရှုထောင့်ပါ

မအလဟာ တရားဝင်အစိုးရမဟုတ်လို့ သူဖွင့်တဲ့ကျောင်းဟာလဲ တရားမဝင်ပါ။ သင်တို့အားလုံးကျောင်းမသွားရင် လူ ၁၀၀ မှာ ၈၀ က ကျောင်းမသွားရင် မအလက ၈၀ ကို ကျောင်းထုတ်လဲ ဘာမှလုပ်မရပါ။ ဒါပေမယ့် လူမညီဘဲ ၈၀ ကသွားပြီး ၂၀ က မသွားခဲ့ရင်တော့ သူက ကျောင်းထုတ်တာနဲ့ခြိမ်းခြောက်မှာပါ။ လူညီဖို့တော့ လိုပါတယ်။


ကျောင်းမသွားရင် ဘာလုပ်ရမလဲဆရာ

စာတကယ်တတ်စေချင်ရင် ကိုယ့်သားသမီးကို အိမ်မှာသင်ပေးလဲ ရပါတယ်။ အသိအမှတ်ပြုဖို့ကNUG က လိုင်းပေါ်ကနေ စာမေးပွဲစစ်ပေးလို့ ရနိုင်ပါတယ်။ ယခုဟာကတော့ မအလကို ခံတိုက်ဖို့က ဒီနည်းသာရှိပြီး သူသင်ပေးတဲ့ ပညာရေးကလဲ ကောင်းမှာမဟုတ်လို့ ကျောင်းမထားတာပါ။ နောက်ကိုဗစ်ကူးနိုင်ချေကလဲ များနေပါတယ်။ ကိုဗစ်ထက်စိုးတာက ကျောင်းထဲမှာ မအလဖက်ဆစ်တပ်က တပ်စွဲထားနိုင်လို့ မိမိက သမီးမိန်းကလေးဆိုရင် စစ်တပ်ရဲ့ ကျောင်းထဲမှာ မုဒိမ်းကျင့်တာခံရနိုင်ပါတယ်။ဖက်ဆစ်စစ်သားအများစုကို မအလက စိတ်ကြွဆေး တိုက်ထားပါတယ်။ သူခိုင်းတာလုပ်အောင်ပါ။ရန်ကုန်ထဲ တပ်စွဲထားတဲ့ တပ်တွေကိုပါ။


အကျဉ်းချုပ်အဖြေက လူညီရင် မိမိကလေးကို ဘာမှကျောင်းထုတ်လို့ အတန်းချလို့မရပါ။ လုပ်ခဲ့ရင်လဲ မအလလက်ပါးစေ ကျောင်းအုပ်ကြီးတွေကို မုန့်ဟင်းခါးကျွေးလို့ရပါတယ်။ ဒါ့ကြောင့် မိမိကလေးကို ကျောင်းမအပ်ဘဲ အိမ်မှာထားပြီး မအလကို အာဏာဖီဆန်ပါလို့ ပြောပါရစေ။ အကယ်၍များအတန်းမတက်မှာစိုးပြီး သင့်ကလေးကို ကျောင်းသွားထားခဲ့ရင် မအလတပ်က မုဒိန်းကျင့်မှ မငိုပါနဲ့။မိမိကလေး ကိုဗစ်ကူးပြီးသေမှ မငိုပါနဲ့။ မအလက ဗုံးဖောက်လို့သေမှ မငိုပါနဲ့လို့ ပြောပါရစေ။ မအလယုတ်မာတာကို မိမိမျက်စေ့ရှေ့မှာ တွေ့ခဲ့တာတောင် မယုံသေးရင်တော့ သင့်ကလေးကို ကျောင်းပို့လိုက်ပါ။ မအလက သူအာဏာရဖို့ မလုပ်ရဲတာ ဘာမှမရှိပါဘူးလို့ ဒဲ့ပြောခဲ့သလို လူတွေလဲ သတ်ပြခဲ့ပြီးပါပြီ။ ဒါပါဘဲ။ ဒါနဲ့ စကားမစပ် မအလမြေးတွေရော အစိုးရကျောင်းတက်လား?

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page