top of page
Search

ကွန်မန်ဒိုများ ပိတ်မိသောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 11, 2022
  • 1 min read

မအလတပ်ဟာ ရုရှားရဲ့အကူအညီနဲ့ စစ်တိုင်းတွေမှာ ကွန်မန်ဒိုဖွဲ့ ရဟတ်ယာဉ်ပေါ်က အတက်အဆင်းကျင့် ရဟတ်ယာဉ်တွေကို မြေပြင်ကို ပစ်လို့ပိုရအောင် ဝန်အားပိုသယ်နိုင်အောင်ပြင် ရုရှားထံကရဟတ်ယာဉ်တွေ ထပ်ဝယ်ပြီး စစ်ဆင်ရေးအတွက်ပြင်ခဲ့ပါတယ်။ ပထမဆုံး စတိုက်တာကတော့ စစ်ကိုင်းက ၂ နှစ်သား PDF တွေကို ကွန်မန်ဒိုနဲ့ပါ။ ထောက်လှမ်းရေးမှာ PDF တွေရဲ့ မညီညွတ်မှု၊လက်နက်သယ်ရာမှာ မိမိတပ်ကို ဖုန်းဆက်ပြီး အာခြောင်တာကို ကြားဖြတ်နားထောင်နိုင်မှု၊ ပျူများ၊စစ်ကိုင်းထဲရှိ သဘာဝတရားရိပ်သာက ဘုန်းကြီးနှင့် ဒကာများ၊ နန်းဝန်ထမ်းမိသားစုများရဲ့သတင်းပေးမှုနဲ့ စခန်းအချို့ကို ဝင်စီးနိုင်ခဲ့ပါတယ်။ အဆိုပါ အခြေအနေတွေမှာတောင် ဟိုက ဝိုင်းတိုက်ရင် မအလတပ်မှာ အသေအပျောက်ရှိခဲ့ပါတယ်။ပွဲတစ်ခုမှာဆိုရင် ဗိုလ်မှူးအဆင့် ထိပြီး စစ်ဆေးရုံမှာ သေသွားခဲ့တာပါ။ ဒါပေမယ့် မအလက ဒီနည်းစနစ်ဟာ PDF တွေကို အလစ်အငိုက်တိုက်နိုင်လို့မိုင်းတွေကို ရှောင်နိုင်လို့ အလွန်အောင်မြင်တယ်လို့ထင်ပြီး အခြားတိုင်းတွေမှာလဲ ရဟတ်ယာဉ်အုပ်တွေချပေးပြီး စစ်ဆင်ဖို့လုပ်ပါတယ်။ ရဟတ်ယာဉ်သုံးဖို့အမိန့်ပေးစနစ်ကို တိုင်းမှူးတွေ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေထံ လွှဲပေးခဲ့ပါတယ်။ ဒီနေရာမှာ TNLA က အရာရှိအချို့ကို ရှမ်းမြောက်မှာ ဖမ်းမိရာကနေ စခန်းကိုခြေရာခံအပြီး TNLA စခန်းကိုတိုက်ဖို့လေ့ကျင့်ပြီး ဝင်စီးတာပါ။ မအလဟာ သူကိုးကန့်ကိုတိုက်နိုင်ခဲ့တာဟာ လျှပ်တစ်ပြက်တိုက်နိုင်လို့ ထိုးစစ်ဆင်နိုင်လို့ ဘာညာဆိုပြီး အမြဲပြောလေ့ရှိသူပါ။

ဒါပေမယ့် စစ်ကိုင်းက PDF နဲ့ TNLA က ကွာပါတယ်။ စစ်ကိုင်းမှာက တူမီးကိုင်နေရသူတွေရှိပါသေးတယ်။ ဒါက ပထမအချက်ကွာတာပါ။ နောက် TNLA မှာက ပြန်ပစ်လို့ရတဲ့ လက်နက်ကြီးတွေရှိနေပါတယ်။ အဓိကက လွှတ်လိုက်တဲ့အဖွဲ့က ဗိုလ်မှူး မသ ဟာ လေကျယ်တာသာရှိပြီး သီအိုရီထဲမှာတော်နေပေမယ့် ရန်သူ့အဝိုင်းခံရချိန်မှာ လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူတွေကို ငယ်သံပါအောင် တောင်းပါတယ်။ အလစ်အငိုက်မှာ ပစ်လို့ရတဲ့ ရဟတ်ယာဉ်ဟာ ရန်သူက သတိနဲ့ ပြန်ပစ်ချိန်မှာနောက်ထပ်ပစ်ကူပေးဖို့ မလွယ်တော့ပါ။ လေကြောင်းက ချသူများဟာလဲ မြေပေါ်အရောက်မှာ ပိတ်မိနေတဲ့တပ်ကို မကယ်နိုင်ဘဲ သေသွားခဲ့ကြပါတယ်။ ဒါက အဓိကစစ်ဆင်ရေးအမှားနဲ့ တပ်တွင်းအသေအများဆုံးအမှုပါ။ လက်ရှိအချိန်မှာ အနည်းဆုံး ၂၀၀ နီးပါး သေဆုံး/ဒဏ်ရာရနေပါတယ်။ မြေပြင်ကစစ်ကြောင်းကလဲ TNLA ပိတ်ထားတဲ့ တပ်တွေနား မကပ်နိုင်ဘဲ ထပ်အဝိုင်းခံထားရပါတယ်။ အားလုံးသေသွားရင် မအလတပ်က ၆၀၀-၇၀၀ ကြားသေသွားနိုင်တာပါ။ လက်ရှိက ရဟတ်ယာဉ်မဟုတ်ဘဲလေယာဉ်ကနေ ဗုံးကျဲပေးပြီး မြေပြင်စစ်ကြောင်း တက်လို့ရအောင် ကြိုးစားနေပါတယ်။ဒါဆိုရင်လဲသူ့တပ်နဲ့က သိပ်ကပ်နေလို့ မှားကျဲရင် မအလတပ်က ထပ်သေမှာပါ။

ဒီနေရာမှာ စာရေးသူက AA အပစ်ရပ်ရင် AA ကို အပစ်မပြောဖို့ ဒီမိုတွေကို အမြဲပြောလေ့ရှိပါတယ်။ဘာလို့လဲဆိုတော့ သူအပစ်ရပ်ချိန် မအလက သူ့တပ်တွေကို အားဖြည့်ရင် ခံရမှာက AA ပါ။ သူ့တပ်ကိုအားဖြည့်ပေမယ့် ရခိုင်မှာ ကုန်စည်ကိုတော့ ဆက်ပိတ်ထားပါသေးတယ်။ ပြီးရင် ယခု မအလတပ်ကTNLA တအောင်းနဲ့ MNDAA ကိုးကန့်ကို ဖိတိုက်နေပါတယ်။ သူတို့က AA ရဲ့အဓိက မဟာမိတ်ပါ။ သူတို့အချင်းချင်း သူတို့ကိစ္စ သူတို့သိပါတယ်။

ယခုမအလတပ်ဟာ မြောက်ပိုင်းကို မဲနေပေမယ့် တောင်ပိုင်းက အတိုက်ခံရတာ ပိုစိပ်လာနေပြီး တင်္နသာရီဝန်ကြီးချုပ်ရဲ့ လုံခြုံရေးယဉ်တန်းကိုတောင် PDF က ဝင်တိုက်တဲ့အထိ ဖြစ်လာနေလို့စစ်ဆင်ရေးလုပ်မှရမယ်ဆိုတာ မအလသိပါတယ်။ ဒါကြောင့် စစ်မျက်နှာက ပိုကျယ်လာနေပြီး မအလတပ်က အသေများလာမှာပါ။ ဒီနေရာမှာ ထောက်ပို့က အရေးကြီးလာပါတယ်။ ပြည်သူများက မအလတပ်ကို တိုက်နိုင်အောင် PDF ကို NUG က တဆင့် ဆက်ထောက်ပံ့ရမှာပါ။ သေနတ်က ပစ်ပြီးရင် ရပ်မရပါ။ အားလုံးသတိရှိရမှာက မအလတပ်ကို နေ့စဉ်အများစုတိုက်နေတဲ့ PDF တပ်တွေဟာ မီဒီယာတွေက တင်ဆက်လေ့ရှိတဲ့ ဘာတပ်တော် ညာတပ်တော်မဟုတ်ဘဲ သာမန် PDF တွေဆိုတာပါ။ မအလအခက် ပြည်သူ့အချက်အနေနဲ့ ထိုးစစ်ပိုဆင်နိုင်ပါစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page