top of page
Search

ကျွန်မက ညွန့်ပေါင်းပါမောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 9, 2020
  • 1 min read


ယခု အင်တာဗျူးတွေနားထောင်းရတာ အဘနဲ့ သူ၏အဖွဲ့က ညွန့်ပေါင်းကိုမှန်းနေတာ ပိုသိသာလာပါတယ်။

အဘသူရရွှေမန်းက NLD အစိုးရလက်ထက်မှာ ဘာမှအဆင်မပြေဘူး စီးပွါးရေးရော၊ ငြိမ်းချမ်းရေးရော ဒါကြောင့်သူနဲ့ သူ့ပါတီကိုရွေးမှ အဆင်ပြေမယ်ပေါ့။ သူက ဘုရားကိစ္စမှာ ယတြာကိုမယုံကြောင်းမလုပ်ကြောင်းပြောပေမယ့် သူလှူထားတဲ့ဘုရားပုံတွေက လိုင်းပေါ်မှာတွေ့နေရလို့ လိမ်တာသိသာပါတယ်။ နောက်ကိစ္စက ဘယ်ကရတဲ့ငွေတွေနဲ့ ပါတီထောင်လဲဆိုတဲ့မေးခွန်းပါ။ သူကတော့ သူအငြိမ်းစားရထားတဲ့ငွေလို့ပြောပါတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အငြိမ်းစားငွေက သိန်းထောင်ချီရအောင် ဘယ်လိုစုခဲ့တာလဲဆိုတာ မေးစရာပါ။ နောက်သူက သူသာအစိုးရဖြစ်ရင် စီးပွါးရေးကောင်းအောင် လုပ်နိုင်မလို ပြောတာက သူယခင်အုပ်ချုပ်စဉ်က ဘာကြောင့်မလုပ်ခဲ့လဲ မေးစရာပါ။

ကိုကိုကြီးဟာလဲ ကာလုံခေါ်ဖို့ပြောခဲ့သူဖြစ်ပြီး သူဟာယခုအချိန်မှာ ဘာမှအတွေ့အကြုံမရှိသေးသလိုသူ့ပါတီကိုဘယ်ကငွေနဲ့ တည်ဆောက်ထားတာလဲဆိုတာက မေးစရာပါ။ သူကလဲ ကြွေးကြော်သံက အဘတို့နဲ့အတူပါ။

ဦးသန်းဌေးရဲ့ စီမံခန့်ခွဲမှုကတော့ သူဆောက်ခဲ့တဲ့ ရထားလမ်းတွေက သက်သေပြပြီးသားမိုလို့ မပြောတော့ပါ။

ဘဂျပုကတော့ မိမိအလုပ်ဖြစ်တဲ့ စစ်ပွဲတွေကို အသေအပျောက်နည်းအောင် မတိုက်နိုင်ဘဲယောင်ခြောက်ဆယ်လုပ်နေသူပါ။ ဘုရားတည်သလိုလို ဆေးကုသလိုလို၊ ဗေဒင်ဆရာလိုလို၊မွေးမြူရေးသမားလိုလို၊ စိုက်ပျိုးရေးသမားလိုလို၊ စီးပွါးရေးသမားလိုလိုနဲ့ ဘာမှဖြစ်မလာပါ။ သူ့ရဲ့နှစ်လေးဆယ်ကျော်အတွေ့အကြုံက ခြေမပေါ်တဲ့ ကစားသမားရဲ့ အတွေ့အကြုံနဲ့သာ တူနေပါတယ်။ဥပမာ အသက်လေးဆယ်ကျော်ခြေမပေါ်တဲ့ ကစားသမားနဲ့ ယခုနောက်ခြေတက် မန်ယူက Greenwood လေး ကွာသလိုပေါ့။ သူ့ဉာဏ်က ကြက်ဆူပင်ကိုအထွက်တိုးအောင်စိုက်တာပေါ့။

ဒေါက်ခိုင်က စီးပွါးရေးကျွမ်းကျင်သူလို့ သူ့ဖာသာပြောနေပေမယ့် သူချမ်းသာပုံက ရိုက်စားဂွင်မျိုးပါ။သူဘရွှေမြေးလေးနဲ့ လုံးနေခဲ့တာက ယခင်အစိုးရလက်ထက်ကထဲကပါ။ သူ့မှာ ဘာမှခံယူချက်မရှိဘဲငွေရရင် ဘာကိုမဆို စွန့်မယ့်ပုံစံပါ။ သူ့ရဲ့ မှတ်သားစရာ စကားများကတော့ ၂၅% နဲ့ အရက်အတူသောက်တာ ကာရာအိုကေဆိုတာသာပါ။


သူ့ရဲ့ ရည်ရွယ်ချက်ကလဲ ကျွန်မက ညွန့်ပေါင်းပါမောင်ပါဘဲ။


စာရေးသူအနေနဲ့ ပြောလိုတာက တိုင်းပြည်ကြီးက ညွန့်ပေါင်းနဲ့တိုးရင်တော့ အညွန့်ကျိုးမယ်လို့သာပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page