top of page
Search

ကျွန်တော်တို့မှာ ရွေးချယ်စရာရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2024
  • 1 min read

ယခုအချိန်မှာ စစ်မှုထမ်းဥပဒေအရ မအလတပ်က တပ်သားသစ်တွေ စပြီး စုဆောင်းနေပါပြီ။ လူငယ်တွေမှာ ရွေးချယ်စရာလမ်းရှိပါသလား? ဒီကိစ္စအတွက်အဖြေက လူငယ်တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါ။ ဒါပေမယ့် အတိုက လူတိုင်းမှာ ရွေးချယ်စရာလမ်းတွေရှိတယ်ဆိုတာပါ။ ဘာကြောင့်လဲ?

အခြားလူတွေကိုမပြောခင် စာရေးသူအကြောင်းပြောပါ့မယ်။ စာရေးသူ ကွီးဖြိုးကို ကာကွယ်ပြောဆိုလာတာ တပ်ကမိုးညို၊ ခေတ်သစ်၊ တစ်ပူး၊ အကုန်သိ၊ စရဖတို့နဲ့ တိုက်ခိုက်လာတာ ၂၀၁၇-၂၀၁၈ လောက်ထဲကပါ။ စာရေးသူ ထိုစဉ်ကထဲက တပ်ထဲမှာ စရဖ၊ စိတ်ဓာတ်စစ်ဆင်ရေး၊ ခရိုနီ၊ တပ်ချုပ် PSO ကတဆင့် NLD အစိုးရနဲ့ ကွီးဖြိုးကို သိက္ခာချတာကို မခံနိုင်လို့ ကိုယ့်ထမင်းကိုယ်စားပြီး ရေးခဲ့ပြောခဲ့ ကာကွယ်ခဲ့တာပါ။ ထိုအတွက် စာရေးသူကိုဖမ်းမိရင် ထောင်ကျမယ်ဆိုတာ သိခဲ့ပါတယ်။ ဒီကြားထဲက ရွေးချယ်မှုပါ။ အာဏာသိမ်းအပြီးမှာလဲ မိမိထောက်ခံသူတွေရဲ့ အသက်အန္တရာယ်ကို မအလနဲ့ စရဖက ဒုက္ခမပေးရဲအောင် ကာကွယ်ဖို့ ရန်သူ့အတွင်းစည်းထဲမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကလဲ ရွေးချယ်မှုပါ။ အဖမ်းခံရရင် သေဒဏ်အပေးခံရနိုင်တာ သိပါတယ်။ မိမိ မိသားစုကိုတော့ လွတ်မြောက်အောင် အာဏာမသိမ်းခင် ၂ လ အလိုထဲက ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ ဒါတွေအားလုံးဟာ NLD အစိုးရကို ထောက်ခံမိလို့ ကွီးဖြိုးကို ထောက်ခံမိလို့ ပေးဆပ်ရမှုတွေပါ။ သူတို့စာရေးသူ ဘယ်သူလဲဆိုတာ မသိပါဘူး။ သွားရန်ရှာရင် မအလမြေးမတွေ ဒုက္ခရောက်မယ်လို့ ကြိုတင်ထပ်မံသတိပေးပါရစေ။

အာဏာသိမ်းအပြီးမှာ နန်းတွေက ရွေးချယ်စရာမရှိဘူးဆိုပြီး နန်းလုပ်ခဲ့ကြပါတယ်။ သူတို့ကြောင့် တော်လှန်ရေးကြာခဲ့တာက ငြင်းမရတဲ့အချက်ပါ။ ထိုအချိန်မှာ အုပ်ကြီးထိရင်၊ အရန်မီးသတ်ထိရင်၊ နန်းထိရင်၊ စစ်သားမိန်းမထိရင်  ပျူတွေထိရင် သတင်းသမားတွေ၊လူ့အခွင့်အရေးသမားတွေက မသတ်ပါနဲ့ဆိုပြီး ကျယ်ကျယ်လောင်လောင် ဝိုင်းအော်ခဲ့ကြပါတယ်။ ယခုအချိန်မှာ စစ်သားမိန်းမတွေက တပ်ထဲမှာ သေနတ်ကိုင်ပြီး သင်တို့ကို ပြန်ပစ်နေသလို နန်းတွေကလဲ စစ်သင်တန်းတက်နေကြပါပြီ။ ပျူတွေကလဲ သေနတ်ကိုင်ပြီး ပြည်သူကို ပြန်သတ်နေပါပြီ။ ထိုအချိန်က အော်ခဲ့သူများ ပါးစပ်ပိတ်နေတာလဲ တွေ့ရပါတယ်။ ယခုအုပ်ကြီးများဟာ စစ်သားစုဆောင်းရေးမှာ အဓိကပါဝင်နေတာ တွေ့ရပါတယ်။ တော်လှန်ရေးတပ် အလုံးစုံမစိုးမိုးနိုင်သေးတဲ့ ရန်ကုန်၊ မန္တလေးဒေသအချို့၊ ပဲခူး၊ နေပြည်တော်နဲ့ ဧရာဝတီတို့မှာ အုပ်ကြီးတွေ သောင်းကျန်းနေပါပြီ။

ယခုအချိန်မှာ လူငယ်တွေ ဘာရွေးစရာလမ်းရှိလဲ? ပိုက်ဆံရှိသူ နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်သူက နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ရှောင်နေနိုင်ပါတယ်။ ပိုက်ဆံမရှိသူကရော? ပိုက်ဆံမရှိသူက လွတ်မြောက်နယ် မြေသွားပြီး NUG အောက်မှာ PDF အနေနဲ့ အမှုထမ်းနိုင်သလို  ဆေးပညာ၊ အခြားပညာတတ်သူများကလဲ သွားအမှုထမ်းနိုင်ပါတယ်။ ဘာမှ မလုပ်ချင်ရင်လဲ မိမိပိုင်ဆိုင်မှုနဲ့ လွတ်မြောက်နယ်မြေမှာ စစ်ဘေးရှောင်နိုင်ပါတယ်။ ယခုအချိန်ဟာ ၂၀၂၁ မတ်လကနဲ့ မတူတော့ပါ။ လွတ်မြောက်နယ်မြေက များစွာပေါ်လာနေသလို ပြည်သူတွေကို စောင့်ရှောက်ပေးနိုင်တဲ့ PDF တွေ ERO တွေလဲ ပေါ်လာနေပါပြီ။ မိသားစုရှိသူများလဲ မိသားစုလိုက်ထွက်ပြေးနိုင်ပါတယ်။ ဒါကလွယ်လား? မြန်မာနိုင်ငံမှာက စစ်ဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။ သင်တို့အိမ် ဗုံးမကျသေးလို့သာ သင်တို့နေသာနေတာပါ။ နေတိုးက ထောက်ပံ့တဲ့ ယူကရိန်းမှာတောင် အချိန်မရွေး ဗုံးကျဲဒဏ်ကိုခံပြီး ရုရှားကို ပြန်ချနေတာပါ။

စစ်ဖြစ်နေတာက ပန်းခင်းသောလမ်းကို လျှောက်နေတာမဟုတ်ပါ။ သင်တို့က တော်လှန်ရေးဘက်ကရပ်ရင် မရပ်ခဲ့ရင်တောင်မှ မအလတပ်အောက် စစ်မှုမထမ်းဘဲ ထွက်ပြေးခဲ့ရင် ဒီပွဲက မြန်မြန်ပြီးမှာပါ။ ဒီပွဲကြာနေတာက သင်တို့ခြံစည်းရိုးခွထိုင်နေလို့သာ ကြာနေတာပါလို့ ပြောပါရစေ။ လူတိုင်းမှာ ရွေးချယ်စရာလမ်းရှိပါတယ်။ လမ်းမှန်လျှောက်မှာလား လမ်းမှားလျှောက်မှာလားက သင်ကသာ ဆုံးဖြတ်ရမှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page