Myat Tun Oo
ကိုထိုက်ဇော်ကို ဘယ်သူလုပ်ကြံလဲ

ယခုတလော ရေးစရာစာတွေက များနေပါတယ်။ အချိန်မရှိပါ။ ယခုတောင် ကိုယ့်အသံဖိုင်ကို တူ/တူမတွေကို စာရိုက်ခိုင်းရတာပါ။
ကိုထိုက်ဇော်လုပ်ကြံခံရတယ်။ လိုင်းပေါ်တက်လာတယ်။ တပ်မတော်သတင်းမှန်က ဘာမှမတင်ဘူး။ပထမဆုံးသီအိုရီက သူပုန်တွေကြီးစိုးတဲ့နေရာမိုလို့ အသတ်ခံရတယ်ဆိုတာပါ။ ဒီသီအိုရီက ဦးကိုနီနဲ့ နေပြည်တော်က ရွေးကော်ရုံးဗုံးပေါက်တာတွေကနေ မမှန်ဘူးဆိုတာ ပြသွားခဲ့ပြီးပါပြီ။ မြန်မာပြည်မှာက တရားဥပဒေစိုးမိုးမှုက နေရာတိုင်းမှာ မရှိတာပါ။
အဲ့ဒီညနဲ့ နောက်နေ့တွေမှာဘဲ SNLD က ဒုတိယနဲ့ မဲရှုံးလို့ လုပ်သလို အကောင့်အချို့က ရေးကြပါတယ်။ RCSS က SNLD ကို ထောက်ခံတာပါ။ ဒီသီအိုရီက ရုတ်တရက်ကြည့်ရင် မှန်သလိုပါ။ ဒါပေမယ့် SNLD ရဲ့ အများစုသော အာဏာရှင်ဆန့်ကျင်ရေး မူဝါဒတွေဟာ NLD နဲ့ တူပါတယ်။ စာရေးသူတောင် SNLD ဆန့်ကျင်ရေး သိပ်မရေးတာ စာဖတ်သူများ သတိထားမိမှာပါ။ သူရယ် ဦးအေးသာအောင် ထောင်ခဲ့တဲ့ ရခိုင်ပါတီတွေက ဒီမိုစစ်စစ် တိုင်းရင်းသားပါတီတွေပါ။ ဒါကြောင့် SNLD ဟာ ဒီမိုစံအရ ဒါမျိုး မလုပ်နိုင်ပါ။ နောက် RCSS ဟာ DASSK နဲ့ အလွန်အဆင်ပြေခဲ့ပါတယ်။ သူမနဲ့ တွေ့အပြီးမှာ ပင်လုံက ပြန်အောင်မြင်သွားတာပါ။ သူမနဲ့မတွေ့ခင်က တပ်ချုပ်နဲ့ အစာမကျေဖြစ်ပြီး ပင်လုံပျက်မလို ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် RCSSက လုပ်တာလဲ မဖြစ်နိုင်ပါ။ အနည်းဆုံး ခေါင်းဆောင်က မခိုင်းတာသေချာပါတယ်။ နောက် TNLA ပါ။ သူကလဲ အဲ့ဒီနယ်မြေမှာ လှုပ်ရှားပေမယ့် ဒီလူကိုသတ်ဖို့အကြောင်းမခိုင်လုံပါ။
ဒါဆို ဘယ်သူကျန်လဲ? ပြည်သူ့စစ်အချို့ဟာ ဘိန်းကို NLD အစိုးရက တိုက်ဖျက်လို့ မကျေနပ်ကြပါ။နောက်ပြည်သူ့စစ်ဟာ ဘယ်သူ့အောက်မှာရှိလဲဆိုတာလဲ အားလုံးသိမှာပါ။ နောက် မဘသဘုန်ကြီးအချို့ဟာလဲ အဆိုပါကိစ္စမတိုင်ခင် အာခြောင်ထားတာ တွေ့ရပါတယ်။ ယခုဟာက သေနတ်ကျည်ဆံကျန်ခဲ့လို့ ဘယ်သူက ပစ်တာလောက်တော့ သိမှာပါ။ ဒါပေမယ့် သေနတ်ကလဲ ဝယ်လို့ရပါတယ်။အားလုံးဟာ ဦးကိုနီအမှုလို သေချာလိုက်စစ်ရင်တော့ အဘနားက တစ်နေရာမှာ အဆုံးသတ်မှာပါ။ ဒီအမှုကို CID အပ်ရင်တော့ ငါးပါးမှောက်မှာပါ။
ယခုအမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ရော သမ္မတသစ်ကပါ ဘင်ကိစ္စကို လော်ခဲ့သူပါ။ သူတို့ကိုယခုလိုကိစ္စတွေ ဒီမိုတွေလဲ အသတ်ခံရနေတယ်ဆိုတာတွေကို ရှင်းပြသင့်ပါတယ်။ နောက်ပြီးအရေးကြီးတာက ယခုလို NLD က အမတ်လောင်းတွေ အမတ်တွေ အသတ်ခံရရင် တရုတ်နိုင်ငံ (သို့) အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံက ရဲတွေကို အကူအညီတောင်းပြီး စုံစမ်းခိုင်းသင့်ပါတယ်။ ဒါဆိုရင်သာဝကို မိမိအလုပ် မိမိလုပ်မလား နိုင်ငံခြားရဲ ခေါ်ရမလား သတင်းစကား ပါးပြီးသား ဖြစ်သွားပါမယ်လို့ ပြောပါရစေ။ ဖြစ်နိုင်ရင်တော့ သာဝအချို့ပြောင်းအောင် စကားပြောကြည့်ပါ။