top of page
Search

ကိုတေဇာဆန်းမသိသော အခြေတူမှပေါင်းလို့ရသည့်ပါဝါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 24, 2025
  • 2 min read

ကိုတေဇာဆန်းမသိသော အခြေတူမှပေါင်းလို့ရသည့်ပါဝါ

တတိယအင်အားစု လူများက ယခင်က NLD ယခု NUG ကို ဝေဖန်ကြပါတယ်။ ပြည်သူများလို့မသုံးနှုန်းလိုပါ။ ပြောခွင့်ရသော သတင်းသမားများနှင့်ရင်းနှီးသော လူအုပ်ကြီးလို့သာ သုံးနှုန်းလိုပါတယ်။

NUG ကို ဝေဖန်မှုတွေထဲကတစ်ခုက NUG က တိုင်းရင်းသားလက်နက်ကိုင်တွေကို မစည်းရုံးနိုင်တာကစလို့ပါ။ စစ်ကော်မရှင်မဖွဲ့နိုင်ဘူးဆိုပြီးတော့လည်း ဝေဖန်သူများရှိကြပါတယ်။ ဝေဖန်မှုအားလုံးကိုကြိုဆိုပါတယ်။  ကိုကိုကြီး၊ သက်သက်ခိုင်၊ ကျော်ဇေယျ၊ ညိုညိုသင်း၊ အေးမောင်၊ ဒေါ်တွဲ့ဘူး၊ စန္ဒာမင်း၊ ဦးသိန်းထွန်း၊ ဘူးလက်၊ ကျော်မျိုးမင်း၊ မန္တလေး(ကျော်ကြီး) တစ်ပူး၊ အကုန်သိတို့ကလည်းဝေဖန်ခဲ့ကြပါတယ်။

ပထမ အရိုးရှင်းဆုံးပြောရရင် အမေစု အာဏာရှိစဉ်မှာတောင် ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မစည်းရုံးနိုင်ခဲ့လို့ NUG က ယခုအာဏာမရှိတော်လှန်ရေးလုပ်ချိန်မှာ စည်းရုံးနိုင်ဖို့က ယခင်ကထက် ပိုခက်မှာကို အမှန်အတိုင်း ဝန်ခံရမှာပါ။

NUG က မစည်းရုံးနိုင်ရင် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ? လက်ရှိယာယီသမ္မတကြီးက ကချင်အဖွဲ့ကလာတယ်လို့ဆိုပါတယ်။ ဒါဆိုရင်သူက ရခိုင်၊ ရှမ်း၊ ချင်းကို မစည်းရုံးနိုင်ဘူးထား ကချင်ကို NUG ထဲပါအောင် စည်းရုံးနိုင်ပါပြီလား? အတိုင်းအတာ တစ်ခုအထိ စည်းရုံးနိုင်ပေမယ့် အလုံးစုံတော့ မဟုတ်သေးပါ။ မစည်းရုံးနိုင်ရင် သူကယာယီသမ္မတအနေနဲ့ တာဝန်ရှိလား ဒါမှမဟုတ် ဘာဘဲပြောပြော NLD ကိုသာ အပြစ်ပုံချလိုလို့ NLD ကလာတဲ့ ဝန်ကြီးတွေမှာသာ တာဝန်ရှိတာပါလား?

ကိုတေဇာဆန်းက TNLA ထဲမှာဆိုတော့ TNLA က NUG ထဲပါအောင် စည်းရုံးနိုင်ပါပြီလား? မစည်းရုံးနိုင်ရင် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ? မြန်မာနိုင်ငံအစိုးရကို အသာထားပြီး ကိုတေဇဆန်းလုပ်ကိုင်နေတဲ့ မန္တလေးက လက်နက်ကိုင်အားလုံးကို ကိုတေဇဆန်းက စည်းရုံးပြီး မန္တလေးတိုင်းတပ်ကို လုပ်နိုင်ပါပြီလား? မလုပ်နိုင်ရင် ကိုတေဇဆန်းမှာ တာဝန်ရှိပါသလား?

သင်္ချာတွက်ရာမှာ အခြေတူမှာ ပါဝါခြင်း ပေါင်းလို့ရတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ စိုင်းစိုင်းကတောင် သီချင်းလုပ်ဆိုထားပါတယ်။ ဒါကြောင့် ပါဝါခြင်းပေါင်းနိုင်ဖို့က အခြေတူဖို့ လိုအပ်ပါတယ်။

မြောက်ပိုင်းက က ""ပါတီရှိပြီး သူ့ကို သူ့တပ် UWSA က သစ္စာခံပါတယ်။ သူ့နယ်ထဲမှာ ပါတီစုံမရှိပါ။ KIA ကလဲ သူ့ကချင်ပါတီအောက်မှာပါ။ AA က သူ့ပါတီ ULA အောက်မှာဖြစ်ပြီး ကိုးကန့်၊ မိုင်းလား၊ TNLA, ရှမ်း အားလုံးကလဲ အတူတူပါ။ သူတို့ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့တပ်ပုံစံကိုအတုယူထားပါတယ်။ သူတို့နယ်ထဲမှာ ပါတီစုံမရှိပါ။ သူတို့ကနေမှ ကို ဆရာတင်ပြီး FPNCC ဆိုပြီးအဖွဲ့ဖွဲ့ပါတယ်။ မြောက်ပိုင်းက တရုတ်ပုံစံနိုင်ငံရေးစနစ်ထောင်ထားပြီး တရုတ်မျက်နှာ ကြည့်ရပါတယ်။

တောင်ပိုင်းမှာက KNU ဟာ အင်္ဂလိပ်ကိုအားကျပြီး ဒီမိုပုံစံအပြည့်ရှိပါတယ်။ သူ့လူတွေကိုရွေးကောက်တင်မြှောက်ပြီး လက်နက်ကိုင်မှာတောင် တပ်မဟာ() နဲ့ () က အမေရိကန်စစ်တပ်ထက်ဒီမိုကရေစီပိုရှိပါတယ်။ () က တိုက်တိုင်း () က လိုက်တိုက်တာ မဟုတ်ပါ။ ထို့အတူ ကရင်နီကလဲလုံးဝ ကုလစံအတိုင်း ဘာလုပ်လုပ် ကုလစည်းမျဉ်းကို ပထမဆုံး စမေးတာပါ။ သူ့အုပ်ချုပ်မှုကောင်စီမှာ NGO ကလူကို အဓိကခန့်ထားတာပါ။ ချင်းကလဲ လုံးဝ ဒီမိုပါ။ သူတို့က ယခင် UNFC ဆိုပြီး ဖွဲ့ထားတာပါ။

ဒါတွေကိုလေ့လာကြည့်ရင် စံတန်ဖိုးအပေါ်မူတည်ပြီး တောင်နဲ့ မြောက်လက်နက်ကိုင်တွေက ကွဲနေတာတွေ့ရမှာပါ။

ဒါဆိုရင် UWSA ထံက လက်နက်ယူထားသူတွေက "" ပြောတာနားထောင်ကြလား? FPNCC မှာ "" က ဦးဆောင်ပြီး လက်နက်ထောက်ပံ့တာတောင် ရှမ်း၊ တအောင်း၊ ကချင်နယ်မြေပြဿနာ အငြင်းပွားတာကို ဘာမှမရှင်းနိုင်သလို "" က ထိုင်ကြည့်နေရပါတယ်။ လို လက်နက်ထောက်ပံ့သူကတောင် မရှင်းနိုင်လို့ အခြားအဖွဲ့က ရှင်းရခက်မှာပါ။

NUG သမ္မတက ချင်းအဖွဲ့တွေ အချင်းချင်းချတာကို မေတ္တာရပ်ခံပြီး ငြိမ်းချမ်းရေးတရား ဟောနေရတာပါ။ ဒါက လက်ရှိ ဖြစ်နေတာပါ။

မင်းကဘာကိုပြောချင်တာလဲဆိုရင် NUG ကို အပြစ်မတင်ခင် မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ အရှိတရားကို တိုင်းရင်းသားအားလုံမြင်ပြီး စည်းလုံးညီညွတ်စွာ ဝိုင်းတိုက်မှ မအလတပ်က ပြုတ်ကျမှာပါ။ ငါ့နယ်မှာ ဘာမှမဖြစ်လို့ မဆိုင်ဘူးထင်ရင်တော့ စစ်မှုထမ်းနဲ့ ကြီးလာတဲ့တပ်က တင်တို့နယ်ကို တံခါးလာခေါက်မှာပါ။ ပြည်သူတွေသိထားရမှာက မစည်းရုံးနိုင်တာက NUG ‌ကြောင့်မဟုတ်ဘဲ ရှိနေတဲ့တွေးခေါ်ပုံနဲ့ စနစ်မတူညီကြလို့ပါ။ ကရင်သာ အချင်းချင်း စည်းလုံးခဲ့ရင်၊ ရှမ်းသာ အချင်းချင်းစည်းလုံးခဲ့ရင်၊ တိုင်းရင်းသားအားလုံးသာ ဗမာလူမျိုးကြဝါဒကို လေနဲ့မဟုတ်ဘဲ တကယ်မုန်းတီးပြီးတိုက်ခဲ့ရင် မအလဖက်ဆစ်တပ်ပြုတ်သွားတာ ကြာခဲ့ပါပြီ။ ပြည်သူက တွေဝေမနေဘဲ NUG အောက်က PDF ကိုသာ ဝိုင်းထောက်ပံ့ကြပါ။ PDF အင်အားရှိမှသာ NUG ကို လေးစားလာမှာပါ။

 
 
 

Recent Posts

See All
ဒေဝဒတ်မြေမြိုခြင်း

ဒေဝဒတ်မြေမြိုလို့ ပြည်သူတွေက ပျော်တာကို ဒေဝဒတ်ဟာ ပညာတတ်ကြောင်း၊ သင်္ဃန်းခြုံထားကြောင်း ဒါကြောင့် မပျော်သင့်ကြောင်း သတင်းသမားများနဲ့ ပညာရှင်များက ပြောလို့မရပါ။ လူတော်ပြီး လူမကောင်းရင် အလကားပါ။ မြေမြို့

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page