top of page
Search

ကိုဌေးအောင်၊ ဆရာမင်းဒင်နှင့် အဘစက်ကြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 25, 2020
  • 1 min read

အဘက စက်ကြီးကိုမနေ့ကထုတ်ပြတယ်။ ဖြစ်စေချင်တာက အဘတို့က ဘယ်လိုတော်တယ် ဘယ်လိုအကွက်ကျော်မြင်တယ် ဘာညာပေါ့။ ပြည်သူ့အတွက် ဘာညာပေါ့။ ဒါပေမယ့် ဒီစက်ထုတ်ပြအပြီးမှာလူတွေက ရစရာမရှိအောင် ဝိုင်းဝေဖန်ကြ ဆဲကြတယ်။ ဖြစ်ချင်တာရဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။backfire ဖြစ်သွားတာပေါ့။ အဘသားများကလဲ ဝန်ကြီးက tablet ဝယ်ချိန်မှာ အဘက စက်ကြီးဝယ်ထားတယ်ပေါ့။ ဒါပေမယ့် ညနေလောက်မှာ ဖာလို့က ဘယ်လိုမှ မရတော့ဘူး။ အခြေအနေက ပိုဆိုးလာတယ်။

အမှန်က ဝန်ကြီးက တစ်နိုင်ငံလုံးကို ကျန်းမာရေးတိုးတက်အောင်လုပ်ရတာ။ အဘလို ငါးသိန်းလောက်ကြည့်ရတာမဟုတ်ဖူး။ အမှန်မှာ ငါးသိန်းကလဲ ပြောင်ရောင်နေတာတော့ မဟုတ်။ ထားလိုက်ပါ။ ဆရာမင်းဒင်က သရော်စာရေးချိန်မှာ အဘမျှော်လင့်ထားတာနဲ့ ဖြစ်လာတာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ပါဘူး။

ဒါနဲ့ ဒီမိုအစိုးရကို အမြဲဝေဖန်လေ့ရှိသူ သူ့ကိုယ်သူ သတင်းသမားလို့ နာမည်ခံသူ ဂွင်ဌေးအောင်ကလိုင်းပေါ်တက်လာပြီး အဘကို အပီအပြင်ကာကွယ်ပြီး ဆရာမင်းဒင်ကို တပ်နဲ့ ပြည်သူကို သွေးခွဲသူအဖြစ် စွပ်စွဲပါတော့တယ်။

ဒီနေရာမှာ ဌေးအောင်တို့ PPP က ဒေါက်ခိုင်တို့ ဇရပ်ပျက်အဖွဲ့တို့ဟာ ဒီမိုများလို့ထင်ခဲ့ရင် ယခုအချိန်မှာ သူတို့ဟာ အဘတ အဘမ များသာဖြစ်ကြောင်း သိသင့်ပါပြီ။

ဒါနဲ့ အဘက စက်ဝယ်ထားတာ ၂၀၁၉ ကဆိုတော့ တင်ဒါခေါ်ခဲ့ပါသလားလို့ တိုးတိုးတိတ်တိတ်လေးမေးပါရစေ။ အချို့တင်ဒါမခေါ်လို့ အဂတိကဖမ်းတာ ကြားလိုက်ရပါတယ်။

Photo credit: Roche, army, မင်းဒင်, ဌေးအောင်

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

4 Comments


U Myint Soe Oo
U Myint Soe Oo
Apr 26, 2020

ဦးမြတ်! စာကျန်သွားပါသည်။ ဝါးလုံးရှည်နဲ့ သိမ်းရိုက်နေရင် အခက်။ လုပ်သားပြည်သူ>>သူခိုးလူဆိုးမုဒိမ်းတစ်မျိုးနှင် လိမ်ညာဖြီးဖြန်းမဟုတ်တမ်းတစ်ခါ တစ်လီလုယက်နှိပ်စက်တတ်သူ ရာဇဝတ်ဒါဏ် အကျဥ်းခံ အစ / { ကိုယ့်အားကိုယ်ကိုး ခေါင်းရွက်ဗျတ်ထိုး ကုန်သည်စျေးသည် ပို့ဆောင်လုပ်သားအပြားပြားနှင့် သီးနှံဝေဆာရစေရန် ချွေးခြေမထိကျ တောင်သူလယ်လုပ်ထင်းခုတ်မကျန်} အလယ် { မိမိကျရာကျင်လည်ရာမှာ ကျေပွန်အောင် ထမ်းရွက်သယ်ပိုးနေကြသော အသိပညာရှင် အတတ်ပညာရှင် } အဆုံး အားလုံးသည် လုပ်သားပြည်သူများဖြစ်ကြပါသည်။

Like

U Myint Soe Oo
U Myint Soe Oo
Apr 26, 2020

ဦးမြတ်! ပေးပို့မျှဝေမှုကို မီသမျှအသိဖြင့် တုံ့ပြန်အပ်ပါသည်။ ငါးသိန်းသော အရေအတွက်၏ မည်မျှသောရာခိုင်နှုန်း (သို့) ရာနှုန်းပြည့်လား? ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါလျှင်? နန်းတော်အုပ်စု အရောင်းမြှင့်တင်ရေး ဆိုပြီး #ဗမာတွေသာနေတဲ့စကားဝါမြေကို #သွေးတိုးလာစမ်းတယ်။ဖေဖေါ်ဝါရီလဆန်းဟု မသေမချာမှတ်မိလိုက်ပါသည်။(စိတ်ဝင်စားမှုပမာဏကိုဖေါ်ပြအပ်ပါသည်)။လက်ခံပြီးကျင်းပပေးသူနဲ့မကင်းရာမကင်းကြောင်းသာသွားကြသည်။ပစ္စည်းဝယ်မဝယ်တော့မသိပါ။ကျန်လူထုကတော့ (လွမ်းလို့မဟုတ်) ဝမ်းနည်းပြီးပြန်လစ်တာကို အားနာပါသည်။ ပြည်သူ့အတိုင်ပင်ခံ လုပ်သားပြည်သူ တိုင်းရင်းသားပြည်သူ (ကချင်/ကရင်/ကယား/ချင်း/မွန်/ဗမာ/ရခိုင်/ရှမ်း) ဘယ်ပြည်သူလဲ ? ကွဲပြားအောင်လို့ ခွဲခြားပါရစေ။ နိုင်ငံတော်>> လုပ်သားပြည်သူ+တိုင်းရင်သားပြည်သူ #နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်# တုံးခုလို့မှမရရင် တံချုနဲ့လှမ်းခူးမယ် မြေမညီ တုံးလိမ့်သွား လျှင်ဖြင့် ! အမှန်သစ္စာဖြင့်

Like

naynanmyint629395
naynanmyint629395
Apr 26, 2020

2019 ကထဲ က ဝယ်ထားပါ

လျက် နဲ့ အစိုး ရ ကို ပိုးစစ်

ဖို့ ပေးတာမျိုး မလုပ်တာ

ကို တကယ် ကို အံ့သြမိပါ

တယ် ပြည်သူ ကို တကယ်

ကူညီ ချင်ရင် အစထဲ က

အစိုးရ ကိုပေးရမှာပါ


ဘန်ကောက်အထိ ပို့ စစ်

နေရ မယ် ဆိုတာသိပါလျက်

နဲ့ အခု ထုတ်ပြတော့

ဆရာဒင် ရေး သလို

အယုတ် က ကမ်း ကုန်

သွားပါပီ

Like

naynanmyint629395
naynanmyint629395
Apr 26, 2020

ဒေါက်ခိုင် တို့ ဟာ အမစု

ထမိန်အောက်ကို လာ ခိုပီး

နေရာယူ သူများပါ


သူရို့ကလဲ ဆရာဒင်ပြောသလို

ပါဘဲ အမစု အရိပ် လဲသေး

အယုတ် ကြီး ကမ်းက ကုန်

ဘယ်ယုတ် ုံ သာပါလိမ့်

ဆိုရင် သူ မ သာ အဘ အသုဘ ပါ ဘဲ ဆရာ မြတ်

စာကြွင်း

(unicode နဲ့ Bagan keyboard

user ပါဘဲ but တ ချို့ စာုံး များ

အမှန်မထွက် မှန်းသာ ဖတ်ပါရော့ ဆရာ )

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page