top of page
Search

ကုဋေဖြိုးအောင်မိန်းမမှပြောသောသတင်းသမား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 30, 2022
  • 1 min read

လမ်းမတော်မှာ အသတ်ခံရတဲ့ ကုဋေဖြိုးအောင်ဟာ တပ်ထဲက မအလကိုဖားပြီးရာထူးတက်ကိုယ်ကျိုးရှာပြီး အာဏာသိမ်းတာကို ထောက်ခံတဲ့ စစ်မတိုက်တတ်တဲ့ တပ်ထဲက အဘဖားလူတန်းစားများကို ကိုယ်စားပြုတဲ့သူပါ။ သူဟာစစ်မတိုက်တတ်ဘဲ မိန်းမအယူကောင်းပြီး လာဘ်ပေးနိုင်လို့ ရုရှားကိုပညာတော်သင် သွားခဲ့ရပါတယ်။ ရုရှားကအပြန်မှာလဲ စစ်မတိုက်ရ ရှေ့တန်းမထွက်ရအောင်လာဘ်ထိုးနိုင်လို့ ရန်ကုန်လွှတ်တော်မှာ အမတ်အဖြစ်နဲ့နေခွင့်ရခဲ့ပါတယ်။ သူ့မိန်းမက သတင်းထောက်အလုပ်နဲ့ ဂျပန်ကိုသွားခွင့် အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ သူ့သားကလဲ ဂျပန်မှာ ကျောင်းတက်နေပါတယ်။

ယခုတလောမှာ ဂျပန်ကအမျိုးသမီးတစ်ယောက် ဒီမိုယောင်ယောင်က PDF တွေ ပကဖတွေကမတော်တဆ လူသတ်မိရင် အလွန်စိုးရိမ်ပြီး NUG ကို ဘာလုပ်ပါ ညာလုပ်ပါပြောလေ့ရှိပါတယ်။ သူမက မအလတပ်ဖွဲ့က လူသတ်၊ ရွာမီးရှို့၊ မုဒိမ်းကျင့်ရင်တော့ NUG က ကုလကို တိုင်နေပါပြီ တိုင်ပါလိမ့်မယ်လို့ သူမစာမျက်နှာပေါ်မှာရေးပြီး ပြီးသွားပါတယ်။ သူမက PDF တွေသေရင် NUG ကို အပြစ်တင်သလို ပြောလေ့ရှိပါတယ်။ သူမက လိုင်းပေါ်မှာဘာဖြစ်ဖြစ် မအလစစ်တပ်က သတ်လို့ PDF သေရင်တောင် NUG ကို ကြံဖန်အပြစ်တင်ပါတယ်။ ထိုအမျိုးသမီး Salika Moe ကလဲ ဂျပန်အဆက်အသွယ်ပါ။ သူမရေးတာကို သတင်’ထောက်အချို့က ရှယ်လေ့ရှိပါတယ်။ သူမက Local PDF နဲ့ NUG ကိုလဲ ရန်တိုက်ပေးလေ့ရှိပါတယ်။ သူမက ယင်းမာပင်မှာဖြစ်တဲ့ကိစ္စကို ထန်တလန်မီးရှို့ခံရတာထက် ပိုစိတ်ပူသူပါ။

ဒါဆို ကုဋေဖြိုးအောင်မိန်းမနဲ့ သူမလိုလူက ဘယ်လိုဆက်စပ်လဲ? သူမက အချို့ မြန်မာပြည်ထဲမှာ ဖြစ်နေတာတွေကို စရဖအလားသိနေတာပါ။ သူမက သာမန်သတင်းထောက် စရဖနဲ့မဆက်သွယ်ဆိုသူဆိုရင် သိဖို့မလွယ်ပါ။ သူမက အထောက်အထားပြတဲ့ ပို့စ်တွေကလဲ စရဖနဲ့နွယ်တဲ့ NUG ကို ဖောင်းထုတဲ့စာသားတွေများပါတယ်။ သူမက ကုဋေဖြိုးအောင်မိန်းမထံက သတင်းရမရ စာရေးသူတို့ မသိနိုင်ပါ။စာရေးသူတို့သိထားရမှာက ကုဋေဖြိုးအောင်မိန်းမလို စစ်ခွေး မအလဘောမကို လင်တော်ပြီး ဂျပန်၊စင်ကာပူ၊ အင်္ဂလန်၊ အမေရိကန်နဲ့ ဥရောပရောက် ဘောမများစွာရှိတယ်ဆိုတာပါ။ သူတို့ဟာ အချို့ပညာရှင်ယောင်ယောင် ဘောမယောင်ယောင် NUG ဖောင်းထု၊ NLD ဖောင်းထု၊ DASSK ဖောင်းထုများကို အသုံးချပြီး သူတို့လိုချင်တာကို ရေးတယ်ဆိုတာပါ။ ဒီ Salika Moe (ခေါ် ) မိုးမြင့်သွယ်လို ပညာရှင်ယောင်ယောင်တွေရဲ့ အဓိကလိုင်းက မြန်မာပြည်ရဲ့ပြဿနာအားလုံးဟာ မအလထက် NUG ကိုမသိမသာ အပြစ်ပုံချဖို့ပါ။ သူမအလုပ်လုပ်တဲ့ Salika ကုမ္ပဏီက မြန်မာပြည်နဲ့ပတ်သက်နေတော့ NUG ကိုဖောင်းထုမှ သူမစီးပွါးရေးက အဆင်ပြေမှာပါ။ သူမရဲ့ ကုမ္ပဏီမှာပါသူနောက်တစ်ယောက်က ထွန်းအောင်ကျော်ပါ။

အကျဉ်းချုပ်ရရင် ကုဋေဖြိုးအောင်လိုလူက သူသေသွားရင်တောင် သူ့မိန်းမက သတင်းသမားအဖြစ်နဲ့ကျန်ခဲ့ပြီး ကြားလူကိုသုံးပြီး စာရေးသူတို့ ဒီမိုတွေကို ဒုက္ခပေးမှာပါ။ သူ့မိန်းမလို သတင်းသမားကကြားနေမယ်လို့ သင်ထင်ပါသလား? စာရေးသူတို့လုပ်ရမှာက တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင်သာ ဆက်လုပ်ရမှာပါ။ စာရေးသူတို့ဟာ PhD စာတမ်းပြုစုနေတာမဟုတ်ပါ။ လိုင်းပေါ်ကနေဆရာကြီးလိုအာချောင်နေပြီး မြေပြင်ကခံရသူကို မကူညီဘဲ အဘနဲ့ပတ်သက်သူခံရရင် ကုန်းအော်တတ်သူများကို သတိထားရှောင်ရှားကြပါ။ အချို့က မြန်မာပြည်မှာ အကျိုးစီးပွါးရှိပါတယ်။သူတော်ကောင်းယောင်ဆောင်နေတာပါ။ ကုဋေဖြိုးအောင်က သူသေသွားပေမယ့် သူ့မိန်းမကို ဒုက္ခပေးဖို့ထားခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သူ့မိန်းမဟာ စရဖကရတဲ့သတင်းတွေနဲ့ ဒီမိုယောင်ယောင် NUG ဖောင်းထုသူများကတဆင့် စာရေးသူတို့ကို ဒုက္ခပေးမှာပါ။ ဒါကိုစုစုစည်းစည်းနဲ့ တွန်းလှန်ပြီး NUG ကို ဝန်းရံကြပါ။ စာရေးသူတို့ကို အမေရိကန်၊ အင်္ဂလိပ်နဲ့ ဂျပန်က လာကယ်မှာမဟုတ်ဘဲ ပြည်သူအချင်းချင်းသာ ကယ်ရမှာပါ။

(ပုံ အပြည့်အစုံကို အထောက်အထားနဲ့ကြည့်လိုရင် www.myattunoo.com မှာ သွားကြည့်ပါ)

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page