top of page
Search

ကျော်ဇေယျရဲ့ ဖွတ်တလွမ်းခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 15, 2020
  • 1 min read

ကျော်ဇေယျက ကွီးကိုဝေဖန်တဲ့အခါ လက်ခုပ်တီးသူများက တီးကြပါတယ်။ ဒါပေမယ့် သူ့ကိုဝင်ထောက်ခံသူ သူရေးတာကို ဖွပေးသူများကိုလေ့လာကတည်းက အဘအကောင့်တုများက အများစုချိတ်ဆက်လုပ်ပေးတယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ အဆိုပါအကောင့်များဟာ Facebook က ပထမအသုတ်ပိတ်စဉ်မှာပါခဲ့သလို ယခုဒုတိယအသုတ် ပတ်စဉ်မှာလဲပါပါတယ်။

သူက ကွီးရဲ့ YBS စလုပ်တာကို ဝေဖန်စဉ်က သူကဘာလုပ်မလဲ မေးတဲ့အခါ သူလုပ်မယ့်ပုံစံက ယခင်ဝကခမြင့်ဆွေလုပ်ခဲ့တဲ့ ဘတ်စကားလိုသာ တစ်လိုင်းခြင်း လုပ်မယ်လို့ပြောသွားတာပါ။ အဲ့ဒီလိုလုပ်တာ လူတွေမကြိုက်လို့ ပြဿနာဖြစ်ပြီး စနစ်ကအစ ပြောင်းခဲ့ရတာပါ။

ဒီနေရာမှာ YBS လိုင်းအချို့ အရှုံးအမြတ် အငြင်းပွါးသလိုလုပ်လာသူတွေဟာ အဘတို့နဲ့အဆက်အသွယ်ရှိသူဆိုတာ သိလာရပါတယ်။ ထို့အတူပါဘဲ ရှယ်ရာရှင်တွေကို ရှယ်ရာမပေးလို့ သူတို့ကမကျေနပ်ရင်လဲ သူတို့ဟာ မထသခေတ်မှာ စစ်အစိုးရနဲ့ပေါင်းပြီး ပြည်သူကို ခေါင်းပုံဖြတ်ခဲ့သူ ခင်ညွန့်တို့ အဘတို့နဲ့ပေါင်းပြီး မထသမှာ ဆွဲခွင့်ရခဲ့သူတွေဖြစ်လို့ သူတို့အမြတ်မရတာဟာ တရားမျှတမှုအတွက် ပိုတောင်ကောင်းတယ်လို့ ပြောပါရစေ။ စားစဉ်ကအသံမထွက်ဘဲ ခံရမှ အသံထွက်ကြသူများပါ။ ထို့အတူဘဲ တပ်ပိုင်ဗန္ဓုလယဉ်လိုင်းဟာလဲ ကွီးကြောင့် ဘစ်အသစ်ဝယ်ရပြီး ယခင်ကလို ပြည်သူကို ဂျင်းထည့်လို့်မရလို့ ကျေနပ်မှာမဟုတ်ပါ။

ရွေးကောက်ပွဲမှာ မဲဆွယ်တယ်ဆိုတာက မိမိပါတီအတွက် မဲဆွယ်တာဖြစ်လို့ မိမိကဘယ်လိုကောင်းအောင်လုပ်မယ် လက်ရှိအာဏာရပါတီက အသုံးမကျဘူး ဘာညာပြောတာက လက်ခံလို့ရပေမယ့်ယခင်ဖွတ်အစိုးရလောက်မကောင်းဘူးဆိုတာကတော့ မိမိရဲ့ PPP ပါတီကိုကျော်ပြီး အမေကျော် ဒွေးဒေါ်လွမ်းလိုက်တာပါ။

သူ့ရဲ့ လက်ရှိရန်ကုန်အစိုးရရဲ့ လုပ်ဆောင်ချက်ကို ဝေဖန်တာဟာ ဘာမှမပြောလိုပါ။ လူတွေမှာတိုင်းတာတဲ့ စံနှုန်းရှိလို့ သူကရန်ကုန်ကို နယူးယောက်မြို့၊ ပါရီမြို့၊ လန်ဒန်မြို့တို့နဲ့ နှိုင်းယှဉ်ရင် ခံရမှာပါ။ ဒါပေမယ့် လက်ရှိရန်ကုန်အစိုးရဟာ ယခင်အစိုးရလောက် ရန်ကုန်ကိုတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာတော့ သူ့ဦးနှောက်က ဖွတ်ဦးနှောက်လား ပုဇွန်ဦးနှောက်လား မေးရမလို ဖြစ်သွားပါပြီ။

ဝေဖန်တာနဲ့ ဖွတ်တတာဟာ ကွာပါတယ်။ ပုဇွန်ဦးနှောက်နဲ့တော့ မဝေဖန်ပါနဲ့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page