top of page
Search
  • Writer's pictureMyat Tun Oo

ကျေးဇူးပါ ဦးအယ်လ်ဖောင်းရှို


စာရေးသူ ဦးအယ်လ်ဖောင်းရှိုကို ထောက်ခံတာက သူလုပ်ခဲ့တာကို ကြိုက်လို့ပါ။ သူ့ကို မသိပါ။ထောက်ခံတာက သူ့ကိုဖြုတ်ချဖို့ တပ်က စရဖနဲ့ NLD ကနေ ပြန်အရွေးမခံရတဲ့ လက်ရှိအမတ်တွေ၊ဖွတ်တွေနဲ့ ပေါင်းလုပ်တာကို သိလို့ပါ။ သူ့လက်ထက်မှာ NLD ပါတီထဲကို ကယားမှာ ရွာလုံးကျွတ်ပါတီဝင်သူတွေ များလာတာဟာ အဘတို့ကို တုန်လှုပ်စေခဲ့ပါတယ်။ ယခုလို NLD ဗဟိုက စာထုတ်လို့အမြင်တူလို့ ကျေးဇူးပါ။ အဆိုပါဖြစ်ရပ်ကနေတော့ သင်ခန်းစာယူနိုင်ပါစေ။ အထူးသဖြင့် ရန်ကုန်မှာခရိုနီထံ အလုပ်လုပ်ဖူးသူတွေ၊ ညီအစ်ကိုက နိုင်ငံရေးမှုမဟုတ်ဘဲ ထောင်ကျဖူးသူတွေ တပ်ကဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေနဲ့ သမီးယောက်ဖတော်သူတွေကို ရှောင်ရွေးနိုင်ပါစေ။ ဒီလောက်ပြောရင်DASSK ရော CEC ရော သဘောပေါက်မှာပါ။ အမတ်တို့ တိုင်းဝန်ကြီးတို့ ခန့်တာကတော့ အဆင်ပြေပါတယ်။ စာရေးသူက ဗကသအကြောင်းကို ပြည်သူ့အားသာရှိသည် https://www.myattunoo.com/post/ပ-ည-သ-အ-သ-ရ-သည ဆိုပြီး ရေးချိန်က ဒီကောင်က ဗကသနဲ့ အဘတို့ အဆက်အသွယ်ရှိတာဘယ်လိုသိလဲ ထင်ကြမှာပါ။ ယခုတော့ သိန်း ၂၀၀၀ ကိစ္စပေါ်လို့ သူတို့ရဲ့ ဗကသ ဥက္ကဌတောင် နုတ်ထွက်သွားပါပြီ။ မပေါ်ခင်ကဟာတွေ ရှိပါသေးတယ်။ မနောကို တောင်းပန်ခိုင်းတာလဲ မနောကDASSK ကို ထောက်ခံလို့ပါ။



နောက် ကယားမှာ ဝန်ကြီးဟောင်းစိုးသိန်းတို့က ၃ လနေရင် မဲပေးလို့ရတယ်ဆိုတဲ့ ရွေးကော်ဥပဒေကိုအခွင့်ကောင်းယူပြီး လူတွေရွှေ့နေပါတယ်။ ကယားက အချို့မဲဆန္ဒနယ်က လူ ၆၀၀၀ လောက်သာရှိတာပါ။ အဲ့ဒါကို သူက လူနှစ်ထောင်လောက်ကို ပိုက်ဆံပေးပြီး သုံးလရွှေ့ပြီး မဲပေးရင် NLD နာပါမယ်။သူတို့က တိုင်းရင်းသားထဲက လူမျိုးရေးအစွန်းရောက်ကိုလဲ မြှောက်ပေးထားပါတယ်။ သိနိုင်အောင်ပါ။


ဦးအယ်လ်ဖောင်းရှိုကတော့ ပါတီကပြောစကားနားထောင်ပြီး ရာထူးကဆင်းပေးသွားပါပြီ။ လောကမှာ တိန့်ရှောင်ဖိန်လဲ အဖြုတ်ခံခဲ့ရသလို အိုဘားမားလဲ ငယ်စဉ်က လွှတ်တော်အမတ်ဝင်ရွေးစဉ်က ရှုံးဖူးပါတယ်။ သူ Facebook မှာ ရေးသွားတာက လူကြီးလူကောင်းဆန်ပါတယ်။ NLD မှာလိုနေတာကအစုအဖွဲ့နဲ့ လုပ်တတ်သူများပါ။ သူ့အတွက်ကောင်းတာက ရွေးကောက်ပွဲကို အာရုံစိုက်လုပ်နိုင်သွားတာပါ။ အဆင်ပြေပါစေ။

1,698 views2 comments
bottom of page