top of page
Search

ကျေးဇူးပါဖထီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 28, 2021
  • 1 min read

တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ နိုင်ငံရေးအရ ဦးဆောင်ဖို့ ရှင်းလင်းဖို့လိုပါတယ်။ ယခုလူငယ်များအနုပညာရှင် အတတ်ပညာရှင်များ ဆရာဝန်များဟာ ဖက်ဆစ်တော်လှန်ရေးကာလကလို မအလဖက်ဆစ်ကို အမြစ်ပြတ်တိုက်ဖို့အတွက် ပြည်သူ့တပ်မတော် PDF ထဲဝင်ပြီး ပြင်ဆင်နေကြပါပြီ။ NUG အစိုးရကိုလဲ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးခဲ့ပြီးပါပြီ။ အရာအားလုံးနီးပါး ပြီးပြည့်စုံနေပေမယ့်တစ်ခုလိုနေခဲ့ပါတယ်။ ဒါက လူအများစိုးရိမ်နေတာက NLD ထိပ်ပိုင်းက ဘာပြောမလဲဆိုတာပါ။ မအလဟာ NLD ဥက္ကဌမှသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အားလုံးနီးပါးကို ဖမ်းထားလို့ ဘာပြောမလဲဆိုတာ စိတ်ပူခဲ့ရပါတယ်။

ယခုဖထီးက ဓာတ်ပုံနဲ့ သူကိုယ်တိုင် တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာကို အသိပေးလိုက်လို့ လူတိုင်းကို စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပြီး မူဝါဒဝေဝါးမှု မရှိအောင်လဲ ခေါင်းဆောင်မှုပေးခဲ့ပါတယ်။ ဖထီးဟာ NLD အမာခံဖြစ်ပြီး ရွေးကောက်ပွဲတိုင်း ဝင်ပြိုင်နိုင်ခဲ့သူပါ။ NLD CEC မှာ ပါခဲ့သလိုဧရာဝတီတိုင်း ဝန်ကြီးချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး NLD ရဲ့ သဘာပတိအဖွဲ့ဝင်ပါ။

ဖထီးရဲ့ ဓာတ်ပုံဟာ တော်လှန်ရေးအတွက် ခွန်အားပေးခဲ့သလို မူဝါဒရေးရာ ရှင်းလင်းစေပြီး မအလကိုတိုက်ထုတ်မှသာ ရမယ်ဆိုတာ ပြည်သူအားလုံး သဘောပေါက်မယ်ထင်ပါတယ်။ တိုက်ထုတ်ရာမှာလဲကိုယ့်အားကိုယ်ကိုးရမှာပါ။ ပြည်သူညီရင် နိုင်မှာပါ။ ပြည်သူညီရင် အမေရိကန်လဲ ဗီယက်နမ်က ထွက်ခဲ့ရသလို ဆိုဗီယက်ဟာလဲ အာဖဂန်က ထွက်ခဲ့ရပါတယ်။ ပြည်သူညီရင် မအလလဲ ထွက်ရမှာပါ။နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 29, 2021

ဦးမြတ်!!! လူထဲက လူ ၊ လူသား (ဘဘ)မန်းဂျော်နီ ဟူ၍ ဦးစွာ ဂုဏ်ပြု ကင်ပွန်းတပ်အပ်ပါသည်။

လူချင်းတူညား အောက်ဆီဂျင် ရှုပုံ ရှုနည်း ကွာပါသည်။ လူသားတိုင်း အတွက်သဘာဝတရား၏ လက်ဆောင် အောက်ဆီဂျင်ကို ရူရာတွင် မိမိအတ္တ တဘို့တည်းအတွက် လောဘတကြီး လု ရူ ကြသော လုတတ်သည့် လူသားများရှိကြောင်း သက်သေပြခဲ့သည်မှာ မကြာသေးပါ။

~အဓမ္မဖြင့် လု ဖို့အတွက် လူ ဖြစ်လာသူများ။

အောက်ဆီဂျင်ရူပြီး ရပ်တည်ကြသူချင်းအတူတူ လောကစောင့်တရားများ ကွယ်ပျေက်သည်ထိ ကိုယ်ကျင့်သိက္ကာယိုယွင်းခံပြီး ရာထူးအာဏာပါဝါဂုဏ်ဒြဗ်များကြား လူး လာ တုန့်ခတ်အရူးပမာ လူး လဲနေကြသော လူး လူများ။

ကရင် ကချင် ဗမာ ဟူသည်

အပြောသမုတ် ပညတ်။

ချစ်ခင် သနားကြင်နာ ကိုယ်ချင်းစာ

ငြိမ်းချမ်းမှုသာ ကိန်းတည်ရာ

ရင်ဝယ်ရှိ လူသား

ကရင် ကချင် ဗမာ မခွဲခြား

တကယ့် သစ္စာ ပရမတ် လူသား

အဖိုးတန်များ။

လူ ထဲက လူ

မေတ္တာ အညွန့်နဲ့ လူ

သစ္စာအမှန်တရား ပန်းတွေ ပွင့်စေ သူ

ငြိမ်း အေးရေးမူ လက်တွေ့ဖော်ဆောင် သူ

အောက်ဆီဂျင်ကို လို ရုံမျှ ရူ

ပတ်ဝန်းကျင်ကို မပျက်ဆီးစေသူ

အရာရာမှန်သမျှ

တရား(ဓမ္မ) နှင့် လူ။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page