top of page
Search

ကိုဆွေဝင်းကို ဘယ်သူသတ်ဖို့ကြိုးစားခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 10, 2020
  • 1 min read

ကိုဆွေဝင်းကို ရခိုင်မှာသတ်ဖို့ ကြိုးစားတာဟာ မအောင်မြင်ခဲ့ပါ။ သူ့ကို ဘယ်သူသတ်ဖို့ ကြိုးစားခဲ့လဲ? အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် ဘယ်လိုလုပ်မလဲ?

စာရေးသူတို့တိုင်းပြည်မှာ ပထမက ဘာသာမတူ လူမျိုးမတူသူကို စသတ်ပါတယ်။ ဒါကို နိုင်ငံခြားသားမိုလို့ဆိုပြီး အစပိုင်းမှာ ဘာသာတူ လူမျိုးမတူ တိုင်းရင်းသားက လက်ခုပ်တီးခဲ့ပါတယ်။ နောက်ပိုင်းမှာအဲ့ဒီအဖွဲ့ကဘဲ အဆိုပါတိုင်းရင်းသားတွေကို ဘာသာမတူ နိုင်ငံခြားသားကို လုပ်တဲ့အတိုင်း လူ့အခွင့်အရေး ချိုးဖောက်လာပါတယ်။ စာရေးသူတို့ မြေပြန့်ကလဲ ငါတို့နဲ့ မဆိုင်သေးဘူးလို့ နေလိုက်ပါတယ်။ဒါနဲ့ လူမျိုးတူ ဘာသာမတူသူကို လေဆိပ်မှာ လာပစ်သွားခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ လူမျိုးတူဘာသာတူတွေကိုတောင် ခြိမ်းခြောက်လာနေပါပြီ။

ကိုဆွေဝင်းကိစ္စကို ပြန်လေ့လာရအောင်။ ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ သူပုန်နယ်မြေမဟုတ်ပါ။နောက်ပြီး ဓာတ်ခဲမှာ ကိုဆွေဝင်းကို လုပ်ကြံဖို့ အကြောင်း motive မရှိပါ။ ဒါဆိုရင် ဘယ်သူကလုပ်ကြံခဲ့လဲ? ကိုဆွေဝင်းကားထွက်တာကိုမေးတာ၊ ခရီးစဉ်ကိုမေးတာဟာ ထွေအုပ်၊ ရဲနဲ့ တပ်ထောက်လှမ်းရေး စရဖပါ။ သူ့ကို လုပ်ကြံဖို့က ဂွကထွက်မှ ချက်ခြင်းစီစဉ်လို့ရတာမျိုးမဟုတ်ပါ။ သူရန်ကုန်ကထွက်ကထဲက သိသူသာဖြစ်ရပါမယ်။ ဒါ့ကြောင့် ဒေသခံထွေအုပ်က မဖြစ်နိုင်ပါ။ ဒါဆိုရင် သူ့နောက်ကိုပြည်မကထဲက နောက်ယောင်ခံလိုက်နိုင်တာက သတင်းတပ်ဖွဲ့နဲ့ စရဖသာကြံပါတယ်။ လုပ်ကြံသူဟာအဆိုပါအဖွဲ့တွေနဲ့ ဆက်စပ်မှု သတင်းရရှိမှု ရှိရပါမယ်။


ဒီကိစ္စကို စုံစမ်းသင့်လား? စာရေးသူအနေနဲ့ ဒီကိစ္စကို အစိုးရအနေက အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းသင့်ပါတယ်။ ထိုအဖွဲ့ကို တရုတ်ရဲ (သို့) ဂျပန်ရဲကိုခေါ်ရင် အဖြေမှန်ထွက်ပါမယ်။ အမေရိကန် (သို့) အင်္ဂလန်ရဲက မလာနိုင်သေးလို့ပါ။ ဒါမှ ဂျပန်က အခြေအနေမှန်ကို သိသွားပါမယ်။ ဂျပန်/တရုတ်ရဲကိုသာဝနဲ့ မျိုးချစ်တွေက ကြောက်ပါတယ်။ စုံစမ်းစစ်ဆေးရင် တရားခံမိနိုင်သလို နောက်ယခုလို ထပ်မဖြစ်အောင်လဲ အဟန့်အတားဖြစ်ပြီး သတင်းသမားတွေကိုလဲ ကာကွယ်ပေးလို့ နိုင်ငံတကာမှာ အစိုးရက အမှတ်တက်လာနိုင်ပါတယ်လို့ ပြောပါရစေ။ မိမိနဲ့ မဆိုင်သလိုနေရင် သာဝတို့အဖွဲ့က အတင့်ရဲလာနိုင်ပါတယ်လို့ ပြောပါရစေ။

News Credit: Myanmar Now

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 10, 2020

ဦးမြတ်! ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး၏ အဆုံးအမ သြ ဝါဒ တစ်ရပ်။

***အနိစ္စ မြင်တယ် ၊ ဒုက္ခ မြင်တယ် ၊ အနတ္တမြင်တယ် ။ ဘယ်လိုပဲ ပြောပြော နောက်ဆုံးတော့ ဖြစ်ပျက် ဒုက္ခသစ္စာထဲမှာပဲ

ဦးတည် လမ်းဆုံးရတာပဲ။***

လောကဥပမာ အနေနဲ့ ပြောရရင်

လောကမှာ ခြေရာတကာ့ ခြေရာထဲမှာ ဆင်ခြေရာအကြီးဆုံးပဲ။ သူ့ထက်ကြီးတဲ့ တိရိစ္ဆာန်ခြေရာဆိုတာမရှိဘူး။ ခြင်​္သေ့ ခြေရာ၊ ကျားခြေရာ ၊ မြေခွေးခြေရာမှန်သမျှ သူတို့သွားချင်တဲ့ခရီးကို ရောက်ချင်တယ်ဆိုလျှင် ဆင်ခြေရာထဲ ထောက် ထောက်ပြီးမှ သူတို့လိုရာခရီးကို အပြီးတိုင် အရောက်သွားရတာချည်းပဲ။ ဆင်ခြေရာကို ကျော်လွန် သွားလို့

မရပေဘူး။ ဟူ၍ဟောကြားတော်မူခဲ့ပါသည်။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page