top of page
Search

ကြိုဆိုပါသည် NUG

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 17, 2021
  • 1 min read

မနေ့က အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ပထမဆုံး မဖွဲ့ခင်မှာ ဒီအစိုးရကို ဘယ်လိုဖွဲ့မလဲဘယ်သူတွေပါမလဲ စိုးရိမ်ခဲ့ပါတယ်။ ဥပမာ လက်ရှိသမ္မတ ဦးဝင်းမြင့်နဲ့ DASSK မပါရင် နိုင်ငံခြားကအသိအမှတ်ပြုခံရဖို့ ခက်ပါမယ်။ တချိန်ထဲမှာဘဲ သူတို့ဟာ အကြမ်းဖက်သမားတွေထံမှာ အဖမ်းခံထားရလို့ သူတို့ကိုသာ ပင်မဦးတည်လုပ်ရင်လဲ ခက်ပါတယ်။ ဒါက NUG က လိမ္မာပါးနပ်စွာ ဖောက်ထွက်နိုင်ခဲ့ပါတယ်။ NUG က သူ့အစိုးရမှာ သမ္မတကြီးဦးဝင်းမြင့်နဲ့ DASSK ကို ဒီအတိုင်းဆက်ထားလိုက်ပြီး နိုင်ငံခြားက အသိအမှတ်ပြုမှုကို ယူလိုက်ပါတယ်။ ပြီးမှ ၂၀၀၈ ခြေဥကိုဖျက်ပြီး သူ့ကြေညာချက်နဲ့ ဒုသမ္မတ ဝန်ကြီးချုပ်တွေကိုခန့်ပြီး ယခင်ပြည်ထောင်စုအစိုးရခက်ကလို ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ CRPH ဟာ NUG ဖွဲ့ဖို့ အင်တာနက်ပိတ်ထားတဲ့ကြားက ကချင်၊ကရင်၊ ချင်း၊ ကယားနဲ့ မွန်ကခေါင်းဆောင်တွေကို စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါဟာအပေါ်ယံလွယ်မလိုရှိပေမယ့် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် တိုင်းရင်းသားပါတီအချို့နဲ့ NLD ကြား ဆက်ဆံရေးထက် ယှဉ်ကြည့်လိုက်ရင် အင်မတန်ကောင်းပါတယ်။ ရှမ်းတိုင်းရင်းသားတွေဟာလဲ လုံခြုံတဲ့နေရာရောက်ရင်NUG ထဲမှာ ပါလာပါမယ်။

အကျဉ်းချုပ်ရရင် ယခုလို တိုင်းရင်းသားအများစု NUG ထဲပါလာအောင် CRPH အနေနဲ့ အခက်အခဲအတားအဆီးများကြား အင်တာနက်ပိတ်ဆို့မှုကြားက လုပ်ဆောင်နိုင်ခဲ့တာကိုက အောင်မြင်မှုပါ။

နိုင်ငံခြားရောက် မြန်မာမိသားစုများကလဲ NUG အားကောင်းလာအောင် CDM ဝန်ထမ်းတွေကိုထောက်ပံ့နိုင်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နိုင်အောင် လစဉ်ငွေထည့်ဝင်ကြပါ။ အားလုံး ကိူယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီးလုပ်ကြရင် အရေးတော်ပုံအောင်မှာပါ။ ယခုအနေအထားက မြန်မာပြည်မှာ လက်နက်ရှိမှ လူရာဝင်မှာပါ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page