top of page
Search
  • Writer's pictureMyat Tun Oo

ကျောင်းသားတွေကို အိုဘားမားပြောသွားတဲ့ မိန့်ခွန်းလေး


စာရေးသူအနေနဲ့ အိုဘားမား မိန့်ခွန်းလေးတွေကို သူများတင်ရင် နားထောင်လေ့ရှိပါတယ်။ သူက၂၀၂၀ အထက်တန်းကျောင်းပြီးသူတွေကို မိန့်ခွန်းပြောထားတာလေးကို တင်ပေးလိုက်ပါတယ်။ သူကDASSK လို နိုဘယ်ဆုရသလို မိန့်ခွန်းပြောတာကလဲ DASSK နဲ့ဆင်တူလို့ ကြိုက်ပါတယ်။ အိုဘားမားဟာ နိုဘယ်ဆုရအပြီး အာဖဂန်မှာ စစ်တပ်ကို ပိုတိုးချပြီး အကြမ်းဖက်သမားတွေကို တိုက်ခဲ့သလို လစ်ဗျားမှာလဲ ဝင်တိုက်ခဲ့သူပါ။ အီရတ်မှာလဲ တိုက်ခဲ့ပါတယ်။ DASSK ကို အများစုက သူမအောက်မှာမရှိတဲ့ တပ်ကလုပ်သမျှ အပြစ်တင်ပေမယ့် အိုဘားမားကိုတော့ သတင်းသမားများက ချစ်ဆဲပါ။ အိုဘားမားမိန့်ခွန်းလေးကို တတ်နိုင်သမျှ ဘာသာပြန်ထားပါတယ်။

——————————————————-

“နင်ဘွဲ့ရတဲ့အချိန်ဟာ နင်လူကြီးဘဝကို ရောက်လာပြီဆိုတာကို ပြပါတယ်။ သင်ဟာ သင့်ကံကြမ္မာကိုသင်စဖန်တီးတဲ့ အချိန်ပေါ့။ ဒီအချိန်မှာ သင့်ဘဝအတွက် ဘာကအရေးကြီးလဲ ဘယ်လိုအလုပ်မျိုးလုပ်ချင်လဲ။ ဘယ်လိုမိသားစုဘဝကို ထူထောင်ချင်လဲ ဘယ်လိုလူ့တန်ဘိုးနဲ့ ဘဝမှာနေထိုင်ချင်လဲဆိုတာတွေကို ဆုံးဖြတ်ရမယ့် အချိန်ပါ။ ကမ္ဘာကြီးမှာ လောလောဆယ် အခြေအနေ မကောင်းပါ။ သင်တက္ကသိုလ်မတက်ဘဲ အဝေးကိုသွားမလား ခဏတက္ကသိုလ်မတက်ဘဲ အလုပ်လုပ်မလား ဘာဆုံးဖြတ်ဆုံးဖြတ် ယခင်ကလုပ်လို့ လွယ်ခဲ့တာတွေဟာ ယခုအချိန်မှာ ခက်လာပါပြီ။ သင်တက္ကသိုလ်မတက်ဘဲပထမဆုံးအလုပ်ကိုရှာမယ်ဆိုရင်လဲ အလုပ်ရှာရတာက ယခင်ကထက် ပိုခက်လာနိုင်ပါတယ်။ ချမ်းသာတဲ့ မိသားစုတွေတောင် ယခုအချိန်မှာ မသေချာမှုတွေ များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ယခင်ကထဲကရုန်းကန်နေရတဲ့ သူတွေဆိုရင်တော့ ပြောစရာမလိုအောင် ပိုဆိုးမှာပါ။ ဒါကြောင့် သင်တို့တွေဟာ သင်တို့ယခင်ကမျိုးဆက်ထက် လူကြီးတွေအလျှင်အမြန်ဖြစ်လာရတော့မှာပါ။

ဒီကပ်ရောဂါကနေ ကမ္ဘာကြီးမှာဖြစ်နေတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြခဲ့ပြီး ငါတို့ကို တုန်လှုပ်စေခဲ့ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု၊ အခွင့်အရေးမညီမျှမှု၊ လူမျိုးရေး မညီမျှမှု နဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မညီမျှမှုတွေကို ပိုပြီးသိသာလာစေခဲ့ပါတယ်။ လူငယ်တွေ အဲ့ဒီကနေသိလာတာကယခင်က လုပ်နေတဲ့ ပုံစံတွေဟာ အလုပ်မဖြစ်တော့ဘူးဆိုတာပါ။ သင်ပိုက်ဆံဘယ်လောက်ရှာနိုင်နိုင်သင့်ပတ်ဝန်းကျင်ကလူတွေ ဆင်းရဲနေ၊ စားမရာမရှိဖြစ်နေ၊ မကျန်းမာနေရင် အလကားဖြစ်နေမှာဖြစ်ပြီး သင်က မိမိအတွက်သာမတွေးဘဲ ထိုလူတွေကို စာနာထောက်ထားမှသာ ငါတို့ရဲ့ ဒီမိုကရေစီစနစ်နဲ့လူ့အသိုင်းအဝိုင်းဟာ ကောင်းလာမှာပါ။

နောက်အမှန်တရားတစ်ခုက သင်တို့ရဲ့ ကလေးဘဝကုန်ဆုံးပြီး လူကြီးဖြစ်လာပြီဆိုတာပါ။ ငယ်ငယ်ကလူကြီးတွေက အကုန်သိတယ်လို့ ထင်ခဲ့ပေမယ့် သူတို့မှာလဲ အရာအားလုံးအတွက် အဖြေမရှိပါဘူး။အချို့လူကြီးတွေဟာ ဘာပြဿနာရှိလဲဆိုတဲ့ မေးခွန်းကိုတောင် မေးမနေတာ တွေ့နေရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပိုကောင်းလာအောင် လုပ်ဖို့ရာက သင်တို့အပေါ်မှာ ပိုမူတည်လာပါမယ်။

ဒီလို ငါ့မှာတာဝန်ရှိတယ်လို့ သိလာတာဟာ ကြောက်စရာကောင်းသလိုရှိပေမယ့် သင်တို့အတွက် စိတ်အားတက်စရာ ရည်မှန်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီတိုင်းပြည်မှာရှိတဲ့ ပြဿနာတွေကို သင်ကကလေးမိုလို့ နားမလည်နိုင်သေးပါ ဒီလိုတသက်လုံးလုပ်ခဲ့လို့ လိုက်လုပ်ရတယ်ဆိုတာတွေကို လက်မခံဘဲ စိန်ခေါ်ပြီး သင်တို့အနေနဲ့ ကမ္ဘာကြီးကို ပိုကောင်းအောင် သင်တို့အနေနဲ့ ပြောင်းလဲယူနိုင်ပါတယ်။

ငါကလူကြီးဆိုပြီး ငါက မင်းတို့ကို ဘာလုပ်ရမယ်လို့ မပြောလိုပါ။ ဒါပေမယ့် အကြံပြုချက် သုံးချက်က်ိုတော့ ပြောပြချင်ပါတယ်။

ပထမက မကြောက်ကြပါနဲ့။ အမေရိကန်နိုင်ငံဟာ ကျွန်စနစ်၊ ပြည်တွင်းစစ်၊ အငတ်ဘေး၊ စီးပွါးရေးကပ်နဲ့ စက်တင်ဘာ ၉ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြတ်သန်းလာခဲ့ရပါတယ်။ အကြိမ်တိုင်းမှာ အမေရိကန်ဟာ ပိုတိုးတက် အားကောင်းလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တို့လို လူငယ်တွေကအတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းအောင်ပြုပြင်ခဲ့ကြလို့ပါ။

ဒုတိယအချက်က သင်မှန်မယ်ထင်တာကို လုပ်ပါ။ လုပ်လို့လွယ်တာ အဆင်ပြေတာကို လုပ်နေတာနဲ့ယခင်က လုပ်လို့ လိုက်လုပ်ရာကနေ အချို့ပြဿနာတွေက ပိုကြီးလာတာပါ။ ဒါကြောင့် သင်မှန်မယ်ထင်တာ ယုံကြည်တာကို မိမိရဲ့တန်ဘိုးဖြစ်တဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ တာဝန်သိမှု၊ တရားမျှတမှု၊သဒ္ဓါတရား၊ အခြားသူကို လေးစားမှုအပေါ် မူတည်ပြီး မှန်တယ်ထင်တာကို လုပ်ပါ။ လူသားအားလုံးဟာ အမြဲမမှန်နေနိုင်ပါ။ သင်အမှားလုပ်မိနိုင်ပေမယ့် ငါတို့အားလုံးဟာ မိမိရဲ့ ကောင်းမွန်တဲ့စိတ်ထား၊အမှန်တရားကိုအခြေခံလုပ်တာ လူတွေသိရင် အဲ့ဒီအလုပ်ဟာ ခက်ခဲကြမ်းတမ်းပေမယ့် သူတို့ဟာ သင့်ရဲ့ စေတနာအမှားကို နားလည်ပြီး သင့်စကားကိုနားထောင်ပါလိမ့်မယ်။

နောက်ဆုံးကတော့ ပြည်သူကို အဓိကထားလုပ်ပါ။ အလုပ်တိုင်းက ပြည်သူသာ အဓိကပါ။ အချို့ကမိမိအကျိုးကို အတ္တကို အဓိကထားလုပ်ပေမယ့် ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ဖို့ အတွေးအခေါ်သစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဒီနေရာမှာ လူတွေရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ ကျား၊ မ ခွဲခြားတာ၊ လူမျိုးရေး ဘာသာရေးခွဲခြားတာတွေ၊ ဆင်းရဲ ချမ်းသာခွဲခြားတာတွေကိုရာဇဝင်ထဲမှာ ထားခဲ့ပြီး ကမ္ဘာကြီးကို ပိုကောင်းတဲ့ လမ်းကြောင်းကို ပို့ကြရအောင်။ နင်တို့အကူအညီလိုရင် အိုဘာမားဖောင်ဒေးရှင်းကိုလဲ အကူအညီတောင်းနိုင်ပါတယ်။ ငါတို့က သင့်ကို သင့်အသိုင်းအဝိုင်းကို ခေါင်းဆောင်နိုင်အောင် အခြားသူတွေ၊ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်က နင်တို့ကို ဘာလုပ်ရမယ်လို့ ပြောဖို့ မလိုပါဘူး။ နင်ကခေါင်းဆောင်မှုကို စတင်နေပါပြီ။

News and Videos file source: NBS News

206 views0 comments
bottom of page