top of page
Search

ကိုဂျင်မီ၊ ရန်ကုန်နှင့် CCTV

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 24, 2021
  • 1 min read

ရန်ကုန်လိုမြို့ကြီးမှာ CCTV က ပုံမှန်မှာ လိုအပ်ပါတယ်။ ယဉ်ကြောထိန်းဖို့၊ ဒုစရိုက်မှုအတွက် ဘာညာပေါ့။ ဒါပေမယ့် လက်ရှိမှာ မအလတပ်နဲ့ စရဖဟာ အဆိုပါ CCTV ကနေ ပစ်သွားတဲ့ကားတွေလူတွေ၊ သူတို့သတင်းရတဲ့ လက်နက်တင်ပို့မှုတွေကို ခြေရာခံလိုက်လေ့ရှိပါတယ်။

စာရေးသူတို့ ပြည်သူတွေအနေနဲ့ PDF တွေအနေနဲ့ စဉ်းစားရမှာက အဆိုပါ CCTV တွေကို ဘာလုပ်မလဲဆိုတာပါ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဆေးဖြန်းတာ ကြည့်မရအောင် ဖျက်တာတွေကို ပြုလုပ်ပြီး မိမိတို့ကလေးများကို မအလတပ်ရဲ့ အကြမ်းဖက်မှုရန်က ကာကွယ်ပေးနိုင်ပါတယ်။

ဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။ သူတို့ဟာ ကိုဂျင်မီလိုလူအထိ လိုက်လာတာဟာ CCTV ကနေ ဆိုတာ မမေ့ပါနဲ့။ ကိုဂျင်မီဟာ ဦးခေါင်းကို ပြင်းထန်စွာ ဒဏ်ရာရထားပြီး မေ့မြောနေပါတယ်။ အခြေအနေက သိရသလောက် သိပ်မကောင်းပါ။ မင်္ဂလာဒုံစစ်ဆေးရုံက ဆရာဝန်တွေဟာဦးနှောက်နဲ့ အာရုံကြောကို ဒီလောက် မကျွမ်းကျင်ပါ။ ပြောလိုတာကတော့ ဒီလိုအဖြစ်မျိုးကိုရှောင်နိုင်အောင် CCTV တွေကို မုန့်ဟင်းခါးကျွေးပေးပါလို့သာ ပြောလိုပါတယ်။ CCTV မရှိလို့သူခိုး၊ ဓားမြရန်ရှိနိုင်ပေမယ့် စာရေးသူတို့မှာသူခိုး၊ ဓားမြထက်ဆိုးတဲ့ မအလရှိတာမိုလို့ မအလကိုနိုင်ဖို့က CCTV မရှိမှဖြစ်မှာပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 opmerkingen


Myint Soe Oo
Myint Soe Oo
25 okt 2021

ဦးမြတ်!!! ယခုမြို့ပြမှာ စကစအတွက် CCTV သည် သတင်းရင်းမြစ်အတွက် ပိုမိုအားကိုးစရာဖြစ်လာပါပြီ။ ဆိုင်ရာ ဒေသ လူ ဒလံများ တစတစလျော့ပါး ပျောက်ကွယ်လာသည်နှင့်အမျှ CCTVကို ပိုမိုအားကိုးလာရသည့် အခြေသို့ ဆိုက်ရောက်လာပါသည်။


Like

Myint Soe Oo
Myint Soe Oo
25 okt 2021

ကိုဂျင်မီကို ဖမ်းတယ်၊ သထုံ ထားဝယ်စသည့်ဒေသ NLD ရုံးတွေ ဖျက်ဆီးတယ်၊ ရပ်/ကျေးတွေမှာ NLD ပါတီဝင်နဲ့ ထောက်ခံသူတွေတောင် အလွတ်မထား ဖမ်းဆီးထိန်းသိမ်းထားမှုတွေ ဆက်တိုက်လုပ်ခြင်းသည် တော်လှန်ရေး မငြိမ်သည့်အပြင် ပို၍ ဝင်းထိန် တောက်ပလာပါလိမ့်မည်။

အထင်ရှားဆုံးက။ ယခုရက်ပိုင်းအတွင်းသီလရှင်ဆရာလေး ဒေါ်ဉာဏဝတီသည် လူဝတ်လဲ၍ လွတ်မြောက်နယ်မြေမှာ အင်အားစုထဲက တစ်ခု ဖြစ်သွားပါပြီ။ နာကျည်းလေလေ တုန့်ပြန်တော်လှန်အားတွေ ပိုကောင်းလေဖြစ်လာပါသည်။

NLD ကြောင့်ဟု ယိုးစွပ်မှုသည် အလယ်အလတ် မှူးအဆင့်ထိ သက်ဝင်ယုံကြည်နေကြောင်း ဖြစ်စဉ်များက ပြဆိုနေပါသည်။

ရန်ကုန် ဂုံးကျော်တံတားမှာ ချိတ်ဆွဲထားသော ဆိုင်းဘုတ်များကို တချက်လောက်တော့ စောင်းငဲ့ ကြည့် မြင်စေချင်ပါသည်။

**လူကိုသာ သတ်၍ရမည်

**တော်လှန်ရေးကိုတော့ ရပ်မရပါ

အမြင်မှန်သော PDF & G Z များရှိနေသမျှ မနိုင်မချင်း တွန်းလှန်နေမည်ဆိုတာ အသိရသင့်ပါပြီ။

ရှင်သန်ရေးအတွက် သူတင် ကိုယ်တင် ယှဉ်ပြိင်ရာတွင် လက်နက်တစ်ခုထဲဖြင့်မရ၊ ပင်ကိုယ် ဉာဏ်ရည်ဉာဏ်သွေး အစွမ်းအစလည်း ထည့်တွက်သင့်ပါသည်။ အထင်ရှားဆုံး

ဒေါ်ဇင်မာအောင် (နိုင်/ဝန်) နိုင်ခြားဌာန

ကိုမောင်လွင် (နိုင်ဝန်)စကစ

အောင်မြင်မှုသရဖူ ဘယ်သူ ရနေသလဲ။

ယခု CCTV ကိစ္စမှာလည်း လူငယ်များ၏

သင်ယူလေ့လာမှု အားနည်းနေ၍သာ။‌ေတာ်လှန်‌ေရးမှာ အာရုံစိုက်ထားရသောကြောင့်။ နည်းပညာသင်ယူတတ်မြောက်၍ ကွန်ယက်(net work) ကို ဖျက်ဆီးနိုင်သော အတတ်ပညာကို ပြီးမြောက်အောင် သင်ကြားရန်လိုအပ်နေပြီဖြစ်ကြောင်း ဆောင်းပါးက ဖော်ပြနေပါပြီ။

တလုံးချင်း ဖျက်တာထက် ပင်ရင်းကွန်ယက်ကို နည်းပညာဖြင့်ကိုင်ဖျက်နိုင်ခဲ့လျှင်???


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page