top of page
Search

ကြိုက်သွားပြီသာဝန်

Writer: Myat Tun Oo
Myat Tun Oo
Jul 8, 2020
1 min read

ယခင်ထဲက ဘုရားတွေကို ဝိနည်းနဲ့မညီဘဲ ထုထားခဲ့တာ ကြာခဲ့ပါပြီ။ ယတြာချေတာပေါ့။ လူတိုင်းလဲသိပြီးသားပါ။ ဒါပေမယ့် ဘရွှေနဲ့အဖွဲ့ ထုထားခဲ့လို့ မထိခဲ့ကြပါ။

ဒါပေမယ့် ဒီလိုဘုရားဟောနဲ့မညီတာတွေကို သာဝန်ကြီးက ကိုင်လိုက်ပါပြီ။ ဒီဘုရားကိစ္စကို၂၀၀၈ ခြေဥမှာ ထည့်မစွဲလိုက်မိခဲ့တာက ဘရွှေလိုအပ်ချက်ပါ။

ယခုလို ဝိနည်းနဲ့မညီတဲ့ဘုရားကို ပြင်ခိုင်းချိန်မှာ လုပ်ထားခဲ့သူများဟာ သူတို့ယတြာပျက်ပြီဆိုပြီးဗျာများနေပါတယ်။ စာရေးသူတို့လို ဗေဒင်ယတြာ မယုံသူများအတွက် ဘာမှမဟုတ်ပေမယ့် ကွီးရဲ့ဗိုလ်တထောင်ကိုပြင် နန်းရွှေ့တာနဲ့ သာဝန်ရဲ့ နောက်ပြန်လှည့် ရုပ်ပွါးတော်တွေကို သိမ်းတာဟာ အဘတို့ကို နန်းချပြီး နောက်ကြောင်းပြန်သိမ်းမယ်လို့ အဒိပ္ပါယ်ရကြောင်း အဘအားကိုးသော ဗေဒင်ဆရာများက ဟောပြောနေကြပါတယ်။


ဘာဘဲဖြစ်ဖြစ် အဘဂျပုရဲ့စိတ်ကို လှုပ်ရှားအောင်လုပ်နိုင်တဲ့ သာဝန်ကြီးကိုတော့ ကျေးဇူးပါ။ သာဝန်ကြီးဟာ မိမိလုပ်နိုင်တဲ့အထဲက လုပ်ပြသွားတဲ့ ကစားကွက်လေးက အင်မတန်မှ လှပါတယ်။DASSK ထံ ပြောင်းလာသူများထဲမှာ သူတစ်ယောက်သာ စိတ်ပါလက်ပါပြောင်းသူလို့ထင်ပါတယ်။

သာဝန်ကြီးအနေနဲ့ YMBA အသင်းကပေးထားတဲ့ဘွဲ့ကိုမယူဘဲ ပြန်အပ်လိုက်ရင်တော့ ပိုကောင်းသွားမယ်လို့ အကြံပေးပါရစေ။


News Credit: Myanmar Now, 7 days news, Irrawaddy

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page