top of page
Search

ကာကွယ်ရေးဘတ်ဂျက် ဘာကြောင့်တိုးတောင်းတာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 21, 2020
  • 1 min read

ယခင်နှစ်က တပ်ဘတ်ဂျက် တိုးတောင်းစဉ်က အကြောင်းပြတာက ဒေါ်လာစျေးတက်တယ်ဆိုပြီးပါ။အဲဒီအချိန် အောက်တိုဘာ ၂၀၁၉ မှာက ၁ ဒေါ်လာကို ၁၅၃၃ လောက်အမြင့်ဆုံး ပေါက်ခဲ့ပါတယ်။၂၀၂၀ ဖေဖော်ဝါရီလထဲမှာ ၁ ဒေါ်လာကို ၁၃၅၀ ကျပ်အထိ ထိုးကျခဲ့ပါတယ်။



ယခုအချိန်မှာ ဒေါ်လာစျေးကျသလို တိုက်ပွဲတွေဟာလဲ ရခိုင်ကလွဲရင် အကြီးအကျယ်မရှိပါ။ ဒါပေမယ့် ဘတ်ဂျက်ကို ကျပ်ဘီလီယံ သန်း ၃၄၀၀ ကျော်၊ နိုင်ငံ့အသုံးစရိတ်ရဲ့ ၁၀% ကို ၂၀၂၀-၂၁ အတွက်တောင်းထားပါတယ်။ ဒီတောင်းထားတာဟာ တိုင်းပြည်မှာကိုဗစ်ကြောင့် ရုန်းကန်နေရတဲ့ ကျန်းမာရေး၊ပညာရေးက တောင်းတာထက်များပါတယ်။ တပ်ဘတ်ဂျက်ကို တောင်းထားတာက ဒေါ်လာစျေးကျတာ တိုက်ပွဲနည်းတာတွေကို ထည့်စဉ်းစားရင် အများကြီး ပိုတောင်းသလို ဖြစ်နေပါတယ်။ တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးဌာနတွေထက် များနေပါတယ်။


အဘက ဘုရားတည်လိုက် ကျောင်းဆောက်လိုက်လုပ်နေလို့ တပ်မတော်ထဲက တပ်မတော်သားတိုင်းအဆင်ပြေနေတယ်လို့တော့ မထင်ပါနဲ့။ တပ်ထဲမှာက အဆင်လိုက်လှုရတာနဲ့ (တကယ်က ပိုက်ဆံအဖြတ်ခံရတာပါ) အိမ်ကိုဘာမှ ပိုက်ဆံမကျန်ပါ။ အဘနဲ့ လိုင်းမိရင်တော့ အဆင်ပြေပါတယ်။ နယ်ကဆေးရုံတွေကို လိုက်လှူနေပေမယ့် တပ်ထဲမှာက ဆေးမရှိပါ။ ဘာလုပ်လုပ် အကုန်ဝယ်ရပါတယ်။ နှလုံးစက်တပ်ဖို့လိုသူလဲ ဘာအဆင့်ဖြစ်ဖြစ် ဗို်ချုပ်အောက်ဆို ဝယ်ရပါတယ်။ ကန်သာယာမှာလဲ အထူးကုအချို့သာ ရှယ်ရာရပြီး အခြားအဆင့်က တပ်မတော်လစာနဲ့ သွားလုပ်ရတာပါ။ အဓမ္မစေခိုင်းမှု force labour တောင်မြောက်ပါတယ်။ အစပိုင်းကတော့ ပေးမလိုပါ။ ဒါတွေကို Myanmar Now ကလွဲရင်အခြားသတင်းဌာနတွေက မထောက်ပြနိုင်တာဟာ မထူးဆန်းဘူးလား? NLD က ပြည်သူ့အတွက်လုပ်ရင် အော်လေ့ရှိတဲ့ အကောင့်တွေက မဝေဖန်တာ မထူးဆန်းဘူးလား?


ဒီငွေတွေကို ဘယ်မှာသုံးမလဲ အားလုံးသဘောပေါက်မယ်ထင်ပါတယ်။ ပထမက ဒီငွေတွေနဲ့ ဆေးကုသပေးသလိုလုပ်ပြီး မဲဆွယ်မယ်။ အင်တာနက်ကနေ သတင်းတုတွေ အကောင့်တုတွေနဲ့ မွှေမယ်။သတင်းသမားတွေကို ဝယ်မယ်။ သတင်းဌာနတွေကို ဝယ်မယ်။ဘုန်းကြီးအချို့ကို အများကြီးလှူပြီးစည်းရုံးမယ်။ မော်စကိုကို ရောက်ဖူးအောင်ပို့မယ်။ မလိုလားအပ်တဲ့ ခရီးစဉ်တွေကို လေယဉ်ပျံစင်းလုံးငှါးပြီးသွားမယ်။ စုံလို့ပါ။ ဒီမိုအမတ်တွေအနေနဲ့ တပ်ဘတ်ဂျက်ကိုစီစစ်ပြီး အကြီးအကျယ်ဖြတ်တောက်ပါ။ တပ်ထဲမှာ ယခင်ကစာရင်းစစ်က အရပ်သားရှိပေမယ့် ယခုက ယူနီဖောင်းတွေပါ။ မဖြတ်ဘဲ တောင်းသမျှပေးရင်တော့် ပြည်သူ့ရဲ့ငွေနဲ့ ပြည်သူကိုပြန်ပြီး ဒုက္ခပေး ခံရပါမယ်လို့ ပြောပါရစေ။သားဘိန်းစားဂျပုကို တောင်းသမျှပေးတဲ့မိခင် မဖြစ်ပါစေနဲ့။ ယခုတောင် အမေ့သားဆိုးတာကို အမေတရားရုံးမှာ လိုက်ရှင်းနေရတာကို သဘောပေါက်ပါ။

News credit : Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page