top of page
Search

ကံကြမ္မာရထား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 24, 2024
  • 1 min read

ကံကြမ္မာရထား

ယခင်က တပ်မတော်ထဲမှာ ရခိုင်ဘက်ကို မသွားချင်ဘူး။ အသေများလို့။ ပြီးရင် ကချင်ဘက်၊ ကရင်ဘက် မသွားချင်ဘူး။ ကချင်က ဒုတိယ၊ ကရင်က တတိယ။

အာဏာသိမ်းအပြီး ရခိုင်က ငြိမ်တော့ အားလုံးက ရခိုင်ပေါ့။ တပ်ရော၊ နန်းတွေရော။

ရှမ်းမြောက် ပြဿနာဖြစ်တော့ ရှမ်းမြောက်မကျဖို့ တပ်ထဲမှာ လိုက်ရတယ်။ ရခိုင်က စစ်ပြန်ဖြစ်ပြီး အသေဆော်တော့ ဖမ်းမိရင်လဲ ပြန်မလွှတ်တော့ ရခိုင်က အကြောက်ဆုံး မသွားချင်ဆုံး၊ နံပတ်တစ်ပြန်ဖြစ်သွားတယ်။ ပြီးရင် ကချင်ကလဲ အသေများ ပြန်မလွှတ်လို့ ဒုတိယသွားဖို့အကြောက်ဆုံးဖြစ်သွားတယ်။ ပြီးရင် မန္တလေး PDF နေရာက တတိယလိုက်တယ်။ ပြီးမှ ရှမ်းမြောက်က စတ္တုထ။ သူက ဖမ်းပြီးရင် အရက်တိုက်ပြန်လွှတ်လို့ မိသားစုပြန်လွှတ်လို့ အဆင်ပြေတယ်ဆိုပြီး မကြောက်ဖူး။ ဒါကအကြောက်ဆုံးနေရာတွေ။

ဒါပြီးရင် ချင်း၊ ကရင်၊ ကရင်နီ(ကယား)။ ဘာလို့လဲဆိုတော့ သူတို့တွေနဲ့ ယှဉ်တိုက်နိုင်တာရယ် သူတို့က ပိုပြီးကောင်းကောင်းထားလို့ အဖမ်းခံရရင်လဲ အဆင်ပြေတယ်ဆိုတဲ့နေရာတွေ။

အလုံခြုံဆုံးက နေပြည်တော်၊ ပြီးရင် ရန်ကုန်၊ ပြီးရင် ဧရာဝတီ၊ ပြီးရင် မန္တလေး၊ ပြီးရင် ရှမ်းအရှေ့၊ ပြီးမှ မကွေး၊ စစ်ကိုင်း၊ မွန်၊ ပြီးရင် တင်္နသာရီလာပါတယ်။

ဒါတွေက တပ်ထဲမှာ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေအတွက် နေရာပေါက်စျေး အညွှန်းတွေပါ။ ဒါပေမယ့် ဒီကိစ္စဟာ အလျှင်အမြန် ပြောင်းလဲလာနေပါတယ်။ ဥပမာ ဧရာဝတီကို AA က ဝင်တိုက်ရင် ဧရာဝတီမှာ စစ်မတိုက်ချင်လို့ ပိုက်ဆံပေးပြောင်းထားသူတွေနဲ့ AA တွေ့ပြီး ဧရာဝတီကျတာက မြန်သွားနိုင်သလို မကွေးကို AA ဆင်းရင်လဲ အကျမြန်နိုင်ပါတယ်။ ချင်းကလဲ လက်စွမ်းပြန်ပြနေပါပြီ။

ပြည်သူကတော့ ပြင်ဆင်ထားကြပါ။ အောင်ပွဲက နီးလာနေပါပြီ။ လမ်းများအားလုံးဟာ နေပြည်တော်ကို ရောက်လာမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page