top of page
Search

ကွီးကိုမဝေဖန်ခင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 9, 2020
  • 1 min read

ကွီးကိုမဝေဖန်ခင်

တိုင်းပြည်တစ်ပြည်မှာ တက်လာတဲ့အစိုးရကို ဝေဖန်တာ ထောက်ပြတာဟာ သဘာဝပါ။ ဒါပေမယ့်ထောက်ပြတာနဲ့ အပုတ်ချတာဟာ ကွာခြားပါတယ်။

ဒီနေရာမှာ လူအချို့က DASSK ကိုမဝေဖန်ရဲလို့ လွယ်ကူတဲ့ ဝကခတွေကို ဝေဖန်လေ့ရှိပါတယ်။ ကွီးဖြိုးကတော့ အဝေဖန်ခံရဆုံးပါ။

ကွီးဖြိုးက YBS နှစ်ပတ်လည်မှာ သူက စီးပွါးရေးစာအုပ်ဖတ်သူမဟုတ်ဘဲ အောင်မြင်တဲ့ စီးပွါးရေးသမားဆိုပြီး ပြောပါတယ်။ သူပြောတာဟာ YBS တွေရှုံးတယ်လို့ပြောတာကို ပြန်ပြောရင်း ထည့်ပြောလိုက်ပုံပါ။ ဒီနေရာမှာ 7 Day Daily ကအစ တစ်ပူးအဆုံး ယနေ့ပြောစကားဆိုပြီး ရေးကြသလို ရွှေအင်သားခင်မောင်ဝင်းလို ကွီးဖြိုးကို ဝေဖန်လေ့ရှိသူများကလဲ ရှယ်ကြပါတယ်။ လှောင်တဲ့သဘောပါ။ သူတို့က လိုချင်တာကိုရွေးရေးပြီး အပုတ်ချတာက့။

ဒီနေ့ အစီရင်ခံစာမှာတော့ YRTA က အမြတ်ကျပ်သန်းပေါင်း ၇၆၉၁.၈၀၁ ရှိကြောင်းဆိုပြန်တော့လဲမြတ်တယ် အခွန်မဆောင်ဘူးဆိုပြီး သတင်းလုပ်ရေးကြပြန်ပါတယ်။

ဒါကို ထုံးစံအတိုင်း ဖွတ်ကျော်ဇေယျက ဝင်ဖွပြန်ပါတယ်။ ရှုံးရင်လဲ ဖွသလို မြတ်ရင်လဲ ဖွမယ်ဆိုတဲ့သဘောပါ။ တကယ်တမ်းက သူပြောတဲ့အတိုင်းမြတ်လို့ ဝကခပြောတဲ့အတိုင်းမြတ်တာက သူတို့လှောင်စဉ်ကသာ ရေးခဲ့ပေမယ့် မြတ်ချိန်မှာ ခေါင်းစဉ်ပြောင်းသွားခဲ့ပါတယ်။

သတင်းစာသမား မီဒီယာသမားဆိုတာဟာ မိမိရဲ့ မူဝါဒနဲ့ အမှန်တရားပေါ်မှာ ရပ်တည်ရမယ် ရပ်တည်သင့်တယ်လို့ ထင်ပါတယ်။ ယခုကတော့ ဖွရပြီးရော လုပ်နေပုံပါ။

စာရေးသူတို့လဲ ဒေါက်ညိုတို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ဖွဲ့သလို မီဒီယာစောင့်ကြည့်ရေး NGO စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ဒါမှ မီဒီယာကို ဘယ်သူပိုင်တယ် မီဒီယာတွေNGO တွေ ဘယ်သူ့ထံက ပိုက်ဆံရတယ် သိနိုင်ပြီး ပြည်သူတွေကို ချပြနိုင်မှာပါ။

Source: 7 Day Daily and Irrawaddy

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jan 10, 2020

သတင်းဂျာနယ်တွေကို တိုင်းနှင့်ပြည်နယ်အစိုးရကို မမှန် မကန် ပြစ်တင်စွပ်စွဲရင် ထိုဒေသမှာ ထုတ်ဝေခွင့်ကန့်သတ်မယ်ဆိုတာမျိုးနဲ့ တားစီးသင့်ပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page