top of page
Search

ကြွက်မင်းနဲ့ နဂါးမင်းက ခွေးပုကို ကယ်နိုင်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 23, 2025
  • 1 min read

ကြွက်မင်းနဲ့ နဂါးမင်းက ခွေးပုကို ကယ်နိုင်မလား?

မြန်မာစကားပုံမှာ လူမစွမ်းနတ်မဆိုတာသာရှိပေမယ့် လူမစွမ်းကြွက်မတို့ နဂါးမတို့ဆိုတာ မရှိခဲ့ပါ။ ဒါပေမယ့် မအလရဲ့ ရုရှားခရီးစဉ်အပြီးမှာ တပ်ထဲနဲ့ ဘောမရပ်ကွက်ထဲက အချို့လူတွေက အားတက်လာတာ တွေ့ရပါတယ်။ တပ်ထဲမှာ ရှေ့တန်းမထွက်ရသေးဘဲ နေပြည်တော်မှာ သာယာနေသူများနဲ့ဘောမရပ်ကွက်မှာတော့ လေကျယ်နေတာ အားလုံးသတိထားမိမှာပါ။ ဒါဆို မအလခရီးစဉ်ကနေ မအလအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးတော့မှာပါလား?

စာရေးသူ အာဏာသိမ်းကထဲက ပြောခဲ့တာက မအလအာဏာမသိမ်းခင် ပြောဆိုတိုင်ပင်တာကအစတော်လှန်ရေးအစပိုင်းမှာရော ယခုအချိန်အထိပါ မအလကို စစ်ရေးကျွမ်းကျင်သူ စက်ပစ္စည်းဆိုင်ရာပညာရှင်များကိုကူညီတာ၊ ရဟတ်ယာဉ်တွေပြင်ပေးတာ၊ မအလအတွင်းစည်းလုံခြုံရေးကို အကြံပေးတာ စသည်တို့ကို ကိုယ်ဖိ ရင်ဖိ ထောက်ခံခဲ့တာက ရုရှားပါ။ တရုတ်က အစပိုင်းမှာ မထောက်ခံသလိုတရုတ်ဖမ်းခိုင်းတာလဲ မအလက အရေးမစိုက်ခဲ့ပါ။ ၁၀၂၇ စစ်ရှုံးပြီးမှသာ မအလက ခြေသလုံးသွားဖက်လို့ ဟိုက ဝင်လာတာပါ။ ဒရုံးက တရုတ်စက်ရုံကနေ ဝယ်လာတာပါ။ ဒီစက်ရုံကဟာတွေက စစ်သုံးမဟုတ်ပါ။

မအလဟာ တရုတ်ပြောထားတဲ့အတိုင်း အပစ်ရပ်တာ၊ ရွေးကောက်ပွဲအတု လုပ်တာအထိ လုပ်နိုင်ပေမယ့် DASSK နဲ့တွေ့ပြီး တကယ့်ကို ပြုပြင်ပြောင်းလဲဖို့ကိုတော့ လုပ်ဖို့အစီအစဉ် ဘယ်တုန်းကမှ မရှိပါ။ ယခုလဲမရှိသလို သူစစ်မရှုံးရင် နောင်လဲရှိမှာမဟုတ်ပါ။

အစပိုင်းမှာ တရုတ်ကြားဝင်မှုနဲ့ ရှမ်းမြောက်စစ်ရှိန်ကို ရပ်သွားအောင်သာ လုပ်ထားတာပါ။ ကိုးကန့်တောင်းတာလဲ တစ်သက်လုံးပေးမှာမဟုတ်သလို တအောင်းတောင်းတဲ့ပြည်နယ်လဲ မပေးပါ။ ရခိုင်လဲ မပေးပါ။ အချိန်တော့ ဆွဲမှာပါ။ အပစ်ရပ်ထားပြီး ထိုအချိန်မှာ လိုအပ်နေတဲ့ ဒရုံး၊ လက်နက်၊ လူသူအင်အား ဖြည့်တင်းပြီးရင် ဗမာ၊ ကရင်နီ၊ ကရင်၊ ကချင်၊ ရခိုင်၊ ရှမ်းမြောက်ဆိုပြီး ပြန်တိုက်မှာပါ။

မအလပြန်လာအပြီး အထဲမှာညွှန်ကြားတာက ထိုင်းနဲ့နီးတဲ့အောက်ပိုင်းမှာ ရုရှားတွေကို စီးပွားရေးပေးလုပ်ပြီး ထိုရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ဖို့ ရုရှားလက်နက်ကိုင်ကို အဝင်ခံဖို့ပါ။ ရုရှားက မြန်မာပြည်အောက်ပိုင်းကိုဝင်နေရင် ထိုင်းကဝင်နိုင်တဲ့ အမေရိကန်စစ်တပ်ကို ပိတ်နိုင်သလို တရုတ်ဩဇာကိုလဲ တန်ပြန်နိုင်မယ်လို့ သူက ချပြထားပါတယ်။

တရုတ်ကိုလဲ အထက်ပိုင်း AA, TNLA, MNDAA နေရာတွေမှာ လုပ်ကွက်တွေကိုချပေးပြီး ထိုကတဆင့်တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြန်ဖိအားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

မအလပြန်လာအပြီး တရုတ်နဲ့တွေ့ချိန်မှာ မအလလေသံက အတော်မာလာနေပါပြီ။ တရုတ်ကို ဖိအားဆက်ပေးပေးဖို့ လားရှိုးကိစ္စ ပြီးမြောက်အောင်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ ကိုးကန့်က အတော့်ကို ပြန်ဆုတ်ရမှာပါ။

မအလဟာ တရုတ်မုန်းတယ်ဆိုတာ တပ်ထဲကလူတိုင်းသိပြီး တရုတ်ကို ပြန်ကစားဖို့သာ စဉ်းစားထားတာပါ။ တရုတ်နဲ့ ရုရှားဟာ ယခုအချိန်မှာ စည်းလုံးနေပေမယ့် သမိုင်းမှာ တိန့်ရှောင်ဖိန်ကအစ တရုတ်ခေါင်းဆောင်တွေက ဆိုဗီယက်(ယခုရုရှား) က သူ့ကို ဝိုင်းပတ်မှာကို မလိုလားခဲ့ပါ။ မအလဟာ တရုတ်ခိုင်းတာကို လုံးဝလုပ်ဖို့ ရည်ရွယ်ချက်မရှိပါ။ ဗျူဟာအရ ယခုအချိန်မှာ တရုတ်နဲ့ မြောက်ပိုင်းမီးကိုငြိမ်းပြီး ရုရှားအခြေခိုင်ရင် ပြန်ချမှာပါ။

ဒါဆိုရင် ကြွက်မင်းက ကယ်နိုင်မှာလား?

ရုရှားကသာ ကယ်နိုင်ခဲ့ရင် ဆီးရီးယားမှာ အာဆတ်က ယခုအချိန် ပြုံးနေမှာပါ။ ထို့အတူပါဘဲ အမေရိကန်ကသာ အာဖဂန်မှာ သူတင်ထားတဲ့ ရုပ်သေးအစိုးရကို အမေရိကန်စစ်လေယာဉ်တွေနဲ့သာ ကယ်တင်လို့ရခဲ့ရင် တာလီဘန်က အာဏာရလာခဲ့မှာမဟုတ်သလို အမေရိကန်စစ်တပ်လဲ အသက်လုထွက်ပြေးခဲ့ရမှာမဟုတ်ပါ။

ဒါကြောင့်မိုလို့ ရုရှား (သို့) တရုတ်က မအလကို ကယ်နိုင်ဖို့က အတွင်းက တိုင်းရင်းသားတွေမပါရင် မဖြစ်နိုင်ပါ။

အနိုင်အရှုံးဆုံးဖြတ်မှာက မြန်မာပြည်ထဲက တိုင်းရင်းသားတွေသာပါ။ တိုင်းရင်းသားတွေက အမြင်ကျယ်ပြီး မိမိဒေသ၊ မိမိလူမျိုးလွတ်မြောက်ရုံနဲ့ ရပ်မသွားဘဲ နေပြည်တော်အထိ ချီတက်ရင်တော့အောင်ပွဲရမှာ ဧကံမုချပါ။ ဒါမှမဟုတ်ဘဲ ငါတို့ဒေသလွတ်မြောက်လို့ ဆက်မတိုက်ရင်တော့ သင်တို့လွတ်လပ်ရေးလဲ ဆုံးရှုံးမှာပါ။ ဒီတာဝန်က NUG ထံမှာသာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့သာ ပြောပါရစေ။ ကြွက်မင်းက မအလကို ကယ်နိုင်မှာမဟုတ်တာက သေချာပါတယ်။ တော်လှန်ရေးနိုင်ဖို့ကတော့ တိုင်းရင်းသားတွေ ညီညွတ်မလားဆိုတဲ့အပေါ်မှာသာ မူတည်ပါတယ်။ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page