top of page
Search

ကွီးကိုမကြိုက်သူနှင့် လိုင်းပေါ်မှာ တွေ့ဆုံခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 3, 2020
  • 2 min read

ree

စာရေးသူအနေနဲ့ ကွီးကိုမကြိုက်သူတစ်ယောက်နဲ့ စကားပြောပြီး ဆောင်းပါးရေးမလို့ ပြင်ထားခဲ့ပါတယ်။ ဒီလူက စာရေးသူရဲ့ဆောင်းပါးမှာ လာမန့်ရာကနေ ရေးဖြစ်သွားတာပါ။


ree

သူ့ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေချင်စိတ်မရှိပါ။ သူနဲ့လဲအပြင်မှာ မသိပါ။ သူက NLD က ခန့်တဲ့ဝန်ကြီးအသစ်နဲ့လဲသိပုံပါ။ အဘတွေနဲ့လဲသိပုံပါ။ သူက Golden Bean Co. Ltd ရဲ့ ဒါိရိုက်တာလို့ပြောထားပါတယ်။ သူက ကွီးဖြိုးကို လူစုလို့ ဝေဖန်ပေမယ့် တပ်ချုပ်မင်းအောင်လှိုင်လူစုတာကို ဝေဖန်တာတော့ သူ့ wall ပေါ်မှာ မတွေ့ပါ။ သူက NLD ထောက်ခံသူလား အဘတလားတော့ မသိပါ။

သူကွီးကို မကြိုက်တာကို ဒီလိုပြောပြထားပါတယ်။


ree


“ရန်ကုန်တိုင်းမှာ အောင်မြင်အောင်လုပ်ပြနိုင်တဲ့ ပြည်သူလက်ခံတဲ့ လုပ်ဆောင်ချက်တွေ ချပြပေးပါလား။ ဥပမာ သကြန်၊ YBS၊ ရေယဥ်၊ တရုတ်နဲ့ မြို့သစ်၊လွှတ်တော် အသုံးစရိတ်တင်ပြကိစ္စ၊လမ်းပျက်ကိစ္စ၊ ကားကဒ်ကိစ္စ၊ ယာဥ်ကြောစောင့်ကြည့်ရေး ကင်မရာ၊အခုမိုးတွင်းရောက်ပြီး ရေလျံမလား မလျံဘူးလား.ကိုဗစ် ထိန်းချုပ်ရေး..ချရေးကြည့်ပါ..ဘယ်အလုပ်အောင်မြင်သွားလဲ..အပြောပဲကီးတာပါ..စီမံခန့်ခွဲမှုက ကမောက်ကမပါ...”

—————————

ပြန်ဖြေရှင်းပါ့မယ်


သင်္ကြန်- ပြည်သူတွေကို မေးလိုက်ရင် ကွီးဖြိုးတက်လာမှ ရန်ကုန်သင်္ကြန်ဟာ ဘိန်းစား၊ သူခိုး နည်းသွားပြီး ကျက်သရေပိုရှိလာတယ်လို့ ပြောကြပါတယ်။ သင်္ကြန်မှာလုပ်စားတဲ့ သူခိုးတွေ ခရိုနီတွေကတော့ မကြိုက်ပါ။ ကွီးက သင်္ကြန်ကို စနစ်တကျလုပ်လို့ သင်္ကြန်ကာလာမှာ မတော်တဆကနေအသေအပျောက်နှုန်းနဲ့ မှုခင်းဟာ ယခင်စစ်အစိုးရလက်ထက်ကထက် ကျလာခဲ့ပါတယ်။


ree

YBS- သူကမအောင်မြင်ဘူးပြောတာ ရူးလို့ပါ။ YBS ဟာ လုပ်လို့လွယ်တယ်ဆိုရင် ၁၉၆၂ ထဲက နေဝင်း၊ သန်းရွှေ၊ ဘစိန် လုပ်သွားတာ ကြာခဲ့ပါပြီ။ စပြောင်းချိန်မှာ တချို့လိုင်းက ပုဂ္ဂလိက အချို့လိုင်းက အစိုးရက ပိုက်ဆံထည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါဟာ အစပိုင်းမှာ အစိုးရက ပိုက်ဆံပါလို့ အငြင်းပွါးခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ဖြစ်ချိန်မှာ ကွီးဖြိုးရဲ့ ဗျူဟာမှန်ကြောင်း ထင်ရှားသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်မှာ လန်ဒန်ကပို့ဆောင်ရေး Transport for London အရှုံးပေါ်လို့ ပေါင် ၁.၆ဘီလီယံအစိုးရထံက တောင်းခဲ့ရသလို နယူးယောက်က MTA metropolitan transport authority ကလဲ ဒေါ်လာလေးဘီလီယံ အစိုးရထံကတောင်းရပါတယ်။ အကုန်ုလုံးသာ ပုဂ္ဂလိကဆိုရင် အစိုးရက အခြောင်ဝင်ကူရမှာပါ။ ရန်ကုန်က YBS က ပြည်သူ့အတွက်အောင်မြင်ရုံမက ကိုဗစ်ကိစ္စမှာလဲ အစိုးရကို ဝင်ကူနိုင်ခဲ့ပါတယ်။ အစိုးရက ရှယ်ယာထည့်ထားလို့ပါ။ ပြည်ထောင်စုအစိုးရဟာ ကွီးဖြိုးရဲ့ အမြော်အမြင်ကြီးမှုကြောင့် နယူးယောက်နဲ့ လန်ဒန်မှာလို ပိုက်ဆံတွေအများကြီးနဲ့ bailout မလုပ်ရ ဝင်မကူရပါ။


ree

ရေယဉ်ကိစ္စက မြစ်ကြောင်းမှာ ဆိပ်ကမ်းဆောက်တာ၊ တံတားဟောင်းဖျက်တာတွေဟာ ယခုသိပြီဖြစ်တဲ့ ဆိပ်ကမ်းအာဏာပိုင်တွေကြောင့် ကြာခဲ့ပါတယ်။ သူက ဒါကြောင့် DASSK ကို ရန်ကုန်လာချိန်မှာခေါ်ပြီးတင်ပြခဲ့တာပါ။ သူက ဒါကို ရေကြောင်းကနေလဲ ပို့ဆောင်ရေးကို ပြင်ဖို့စလုပ်ခဲ့သူပါ။ ၁၉၆၂ထဲက ဘယ်ဗိုလ်ချုပ်များ ဒီလိုလုပ်ဖို့ဉာဏ်နဲ့ စဉ်းစားခဲ့ပါသလဲ?


တရုတ်မြို့သစ်ကိစ္စက ယခင်အစိုးရလုပ်ခဲ့တာကို စနစ်တကျလုပ်ပါတယ်။ အဘတို့လို သူခိုးစျေးနဲ့ထိုးရောင်းရင် မြန်ပါတယ်။ ယခုဟာက စနစ်တကျလုပ်ပါတယ်။ ဒီမြို့ဟာ အဘတွေဆောက်ခဲ့တဲ့မြို့တွေထက်သာမှာပါ။ ဒါကလဲ သူ့ရဲ့စီမံခန့်ခွဲမှုဟာ အဘတွေမြို့သစ်တည်တာထက် ကောင်းပါတယ်။


လမ်းပျက်ကိစ္စဆိုပြီး ပြောပါတယ်။ စာရေးသူအိမ်ကထွက်ရင် လမ်းကောင်းပါတယ်။ ပန်းခြံတွေကောင်းပါတယ်။ ရန်ကုန်လမ်းတွေဟာ ယခင်စစ်အစိုးရလက်ထက်မပြောနဲ့ ဘမြင့်ဆွေလက်ထက်ကထက်တောင် ၁၀ ဆသာပါတယ်။


ကားကဒ်ကိစ္စ- ဘာမှ မအောင်မြင်တာမရှိပါ။ လုပ်နေတယ်။ တင်ဒါစနစ်နဲ့လုပ်တယ်။ မင်းတို့အဘလက်ထက် ဦးနှောက်နဲ့တောင် လုပ်ဖို့မစဉ်းစားတဲ့အရာကို လုပ်တာပါ။


ယဉ်ကြောစောင့်ကြည့်ရေးကင်မရာ- ဒါက မြင့်ဆွေလုပ်သွားတဲ့ တင်ဒါပါ။ စာချုပ်အရသာ ဒဏ်တပ်လို့ရပါတယ်။ ယခင်အစိုးရ ခေါင်းမရှိစွာချုပ်တဲ့စာချူပ်ကနေ လုပ်ရတာပါ။ ဒါက ယခင်အစိုးရလုပ်တာလား ယခုအစိုးရလားမသိဘဲ ဖောင်းထုတာပါ။


နောက်ယဉ်ကြောပိတ်တာဟာ ကားများတာ၊ လူတွေက အများပြည်သူပို့ဆောင်ရေးမသုံးတာ၊ လမ်းဘေးစျေးသည်တွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ကားအများကြီးကို ရန်ကုန်မြို့အနေအထားနဲ့ မတွက်ဘဲ ဘစိန်လက်ထက် ပေးသွင်းရာက စတဲ့ပြဿနာပါ။ မထသကနေ YBS ကို ပြင်အပြီးမှာမြို့ပတ်ရထားလမ်းတွေပြင်နေပါတယ်။ ရထားမြန်မှ လူတွေက ရထားစီးမှာပါ။ ဒီကနေ ကိုယ်ပိုင်ကားစီးတာ လျော့သွားမှာပါ။ နောက်လမ်းဘေးစျေးသည်ကလဲ တိုင်းပြည်မှာ အလုပ်အကိုင်နဲ့ ဆိုင်ပါတယ်။ဥပမာ လမ်းဘေးစျေးသည်ကို ထွက်ပေါက်မပေးဘဲ သွားဖမ်းရင် အမေရိကန်က George Floyd ကိစ္စထက် ဆိုးသွားပါမယ်။


နောက်ကျူးကိစ္စ။ သူကစနစ်တကျရှင်းဖို့လုပ်နေပါတယ်။ အချို့ကလဲ အင်အားသုံးရှင်းစေချင်ပါတယ်။ သူက နေစရာ အိမ်ဆောက်ပြီး ရှင်းဖို့အစီအမံနဲ့လုပ်ပါတယ်။ အချို့ဆောက်ပြီးပါပြီ။ စာနာမှုcompassion ပြတာပေါ့။ မဟုတ်ဘဲသွားရှင်းရင် George Flyod ကိစ္စလိုမျိုး ဒီကျူးကိစ္စကနေ အမှိုက်ကစပြီး အမေရိကန်မှာလို ဆူပူမှုဖြစ်သွားနိုင်ပါတယ်။ ဆူပှုမှုဖြစ်ရင် ထရမ့်က တပ်ခေါ်တာ ပြဿနာမရှိပေမယ့် မြန်မာမှာက ဘယ်သူလာမလဲ အားလုံးသိမှာပါ။


မိုးရွာရင် ရေလျှံတာ။ ဒါဟာ ယခင်က အဘတွေလက်ထက်ကလောက် မဖြစ်တော့ပါ။ ရန်ကုန်ရဲ့ရေထွက်မြောင်းမှာ ပြင်စရာတွေရှိပြီး ဒါက အချိန်ကြာပါမယ်။ စာရေးသူရေးပြီးပါပြီ။ အင်္ဂလိပ်ဆောက်ခဲ့တဲ့ ရေမြောင်းစနစ် drainage system ကို ၁၉၆၂ ထဲက မပြင်ဘဲနဲ့ ယခုမှလုပ်ရတာ အချိန်ယူရပါတယ်။ ဥပမာ လေ့လာရတာ study လုပ်တာတင်ကြာပါတယ်။


ကွီးဖြိုးရဲ့စီမံခန့်ခွဲမှုဟာ ၁၉၆၂ ထဲက ရန်ကုန်ကို အုပ်ချုပ်ခဲ့သူ မြို့တော်ဝန်တွေ တိုင်းမှူးတွေထက်အများကြီးသာပါတယ်။ အဆ ၁၀၀ မက သာပါတယ်။ ကွီးဖြိုးထက်တော်တဲ့ ရန်ကုန်မြို့တော်ဝန်တို့တိုင်းမှူးတို့များရှိရင် နာမည်လေးထားခဲ့ပါ။ ဒါကရန်ကုန်ကိစ္စ။


တိုင်းပြည်နဲ့ပတ်သက်ပြီး ကွီးဖြိုးကဘာကူလဲ။ ပထမ မဘသကိုတိုက်တာ။ DASSK အနေနဲ့က မဘသနဲ့ ရန်ဆင်းဖြစ်လို့မရပါ။ ကွီးက မဘသမလိုပြောလို့ ယခု ယခင်ကလောက် မထောင်နိုင်တော့ပါ။ ဝီဝီတို့ကို ဝရမ်းပြေးဖြစ်အောင်လဲ ကွီးကလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ ကွီးဖြိုးကတပ်ချုပ်ကို ညွှန်ချုပ်ပြောလို့ ကမ္ဘာပျက်မလောက် အားလုံးက ကွီးကိုဝေဖန်ကြပါတယ်။ သတင်းသမားတွေရော နိုင်ငံရေးသုံးသပ်သူများလဲ ပါပါတယ်။ အဲ့ဒီအချိန်ကဆိုရင် ဟုတ်မလိုပါ။ DASSK ကတောင် သူ့ကို ပြန်တောင်းပန်ခိုင်းတဲ့အထိပေါ့။ ဒါပေမယ့် တပ်က ဒေါသတကြီးတုန့်ပြန်ခဲ့လို့ မြန်မာပြည်မှာ အစိုးရနှစ်ရပ်ရှိတယ်ဆိုတာ ကမ္ဘာကသိသွားခဲ့ပါတယ်။ ဒါကြောင့် ယခုကမ္ဘာကလုပ်မယ့် စီးပွါးရေးပိတ်ဆို့မှုတွေမှာ တပ်ကိုသာလုပ်ပြီး တတိုင်းပြည်လုံးကို မပိတ်ဆို့တာပါ။ သူ့ကျေးဇူးသာမရှိရင်ယခုကွီးဖြိုးကိုဝေဖန်သူရဲ့ ကော်ဖီလုပ်ငန်းတောင် sanction ထိပါပြီ။ ကွီးက လောလောဆယ်တိုင်းပြည်စီးပွါးရေးပိတ်ဆို့မခံရအောင် အစိုးရနှစ်ရပ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ DASSK က အမေနေရာမိုလို့ မလုပ်နိုင်တာတွေကို သူကလုပ်သွားတာပါ။ နိုင်ငံရေးအရ တိုင်းပြည်ကို ကယ်သွားတာပါ။ သူအလုပ်သမားသပိတ်တွေကို ပြည်ထောင်စုကိုယ်စားရှင်းခဲ့တာလဲ ရှိပါတယ်၊


ree

စာရေးသူအမြင်ကရှင်းပါတယ်။ သူစကားပြောရာမှာ မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့ စကားပုံအရသတိထားစရာတွေရှိနိုင်ပေမယ့် ကွီးဖြိုးလက်ထက်ရန်ကုန်ဟာ အဘတို့လက်ထက်ကထက်တော့ အဆပေါင်းများစွာ သာပါတယ်လို့ပြောပါရစေ။ နိုင်ငံရေး၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ လုပ်ရည်ကိုင်ရည်၊ဘာသာရေးကိုင်းရှိုင်းမှု နေရာတိုင်းမှာ အဘတို့ထက် သာတယ်လို့ ပြောပါရစေ။

Photo credit: Zayar Oo, NewYork Times, BBC

 
 
 

4 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jun 04, 2020

ကွီးဖြိုးက NLD ရဲ့ရှေ့တန်းတိုက်စစ်မှူးအစစ်ပါ။ အမေစုနားက အဓိကပလေယာတွေဖြစ်တဲ ကွီးဖြိုး၊ ကိုသိန်းဆွေ၊ Dr.မြတ်ညာဏစိုး၊ ဇေယျာသော်တစုကိုကြိုက်တယ်။

Like

naynanmyint629395
naynanmyint629395
Jun 04, 2020

comment ပါ အထက်ပါလူနှင့်ပတ်သက်သော မှတ်ချက် အမှတ်

3. တွင် both 1 and. အား

both 1 and 2. ဟုဖြည့်စွက် ဖတ်ရျု့ ပါရန်

Like

naynanmyint629395
naynanmyint629395
Jun 04, 2020

အဓိက. တော့ သမိုင်းမဖတိတာ


စာမဖတ်တတ်တာ (လေ့လာဖို့ အမှန်ကို သိဖို့ စာကောင်းကောင်း


ဖတ်ရမယ် ဆိုတာမသိတာ) အပြင်


တိုင့်းပြည်ပေါ် စေတနာကောင်း


မရှိသူ ငါသာ လုပ်ရင့် သူ့ထက့်


ပိုသာ လိမ့် မယ်လို့ ယူဆနေသူ


ဖြစ်ပါလိမ့်မယ် ဒီလူဟာ ။


အမှန်အတိုင်း ပြောရ ရင်မြန်မာပြည် မှာ လွတ်လပ်ရေးရပီးနောက်ပိုင်း ကာလများမှာ


တိုး လာမဲ့ လူဦးရေအတွက် အိမ်ယာ ၊ public transportation ၊


ပညာရေး ကျန်းမာရေး ဆိုင်ရာ


တိုးတက်မှု အတွက် ဘာမှ မလုပ်ကြဘဲ အာဏာအတွက်သာ စားမာန်


ခုတ်နေကြတာပါ


နိုင်ငံရေး ဟာ အစိုးနဲ့သာဆိုင်တယ်


ငါတို့ပြည်သူများ နဲ့ မဆိုင်ဘူး လို့


နေခဲ့ကြလို့ နေဝင်း က အစ မအလ အထိ ထင်ရာစိုင်းခွင့်


ရသွားခဲ့တာ


NLD. ဟာ သားရဲတွင်းထဲ က


gladiator လို လက်နက်ကိုင်ထား


တဲ့တိရိစ္ဆာန် ရိုင်းများနဲ့ ရင်ဆိုင်ပီး ခက်ခဲစွာ လုပ်နေရတဲ့ အထဲက


ပြောခဲ့တဲ့ လက်နက်ကိုင် သတ္တဝါ


များ လုပ်ခဲ့တဲ့ ပျက်စီးမှု ကိူ


ကောင်းအောင် လုပ်နေရတာပါ


ဘယ်အရာမဆို အသစ် လုပ်ရတာ


မြန်တယ် ပျက်စီနေတဲ့ အရာ ကို


ပြင်ရတာ လက်ဝင်တယ် အသစ်


လုပ်ရတာထက် ကြာ တယ်


အခုက


​ေနှာက်ယှက်သူများရှိလို့ပိုကြာ


တယ် ဒါကို မသိတာ ထမင်းစား


တဲ့ လူစိတ်ရှိသူဆိုရင် သိကြပါတယ်


အထက်ပါလူက


1 ထမင်းမစားတာလား


2 လူစိတိမရှိတာလား


3 both 1 and လား


အနှစ် ၈၀ ပစ်ပါယ်ထားခြင်းခံရ


Like

naynanmyint629395
naynanmyint629395
Jun 04, 2020

အဓိက. တော့ သမိုင်းမဖတိတာ

စာမဖတ်တတ်တာ (လေ့လာဖို့ အမှန်ကို သိဖို့ စာကောကောင်း

ဖတ်ရမယ် ဆိုတာမသိတာ) အပြင်

တိုင့်းပြည်ပေါ် စေတနာကောင်း

မရှိသူ ငါသာ လုပ်ရင့် သူ့ထက့်

ပိုသာ လိမ့် မယ်လို့ ယူဆနေသူ

ဖြစ်ပါလိမ့်မယ် ဒီလူဟာ ။


အမှန်အတိုင်း ပြောရ ရင်မြန်မာပြည် မှာ လွတ်လရေးရပီနောက်ပိုင်း ကာလများမှာ

တိုး လာမဲ့ လူဦးရေအတွက် အိမ်ယာ ၊ public transportation ၊

ပညာရေး ကျန်းမာရေး ဆိုင်ရာ

တိုးတက်မှု အတွက် ဘာမှ မလုကြဘဲ အာဏာအတွက်သာ စားမာန်

ခုတ်နေကြတာပါ


နိုင်ငံရေး ဟာ အစိုးနဲ့သာဆိုင်တယ်

ငါတို့ပြည်သူများ နဲ့ မဆိုင်ဘူး လို့

နေခဲ့ကြလို့ နေဝင်း က အစ မအလ အထိ ထင်ရာစိုင်းခွင့်

ရသွားခဲ့တာ


NLD. ဟာ သားရဲတွင်းထဲ က

gladiator လို လက်နက်ကိုင်ထား

တဲ့တိရိစ္ဆာန် ရိုင်းများနဲ့ ရင်ဆိုင်ပီး ခက်ခဲစွာ လုပ်နေရတဲ့ အထဲက

ပြောခဲ့တဲ့ လက်နက်ကိုင် သတ္တဝါ

များ လုပ်ခဲ့တဲ့ အပျက်စီးမှု ကိူ

ကောင်းအောင် လုပ်နေရတာပါ


ဘယ်အရာမဆို အသစ် လုပ်ရတာ

မြန်တယ် ပျက်စီနေတဲ့ အရာ ကို

ပြင်ရတာ လက်ဝင်တယ် အသစ်

လုပ်ရတာထက် ကြာ တယ်


အခုက

​ေနှာက်ယှက်သူများရှိလို့ပိုကြာ

တယ် ဒါကို မသိတာ ထမင်းစား

တဲ့ လူစိတ်ရှိသူဆိုရင် ကြပါတယ်


အထက်ပါလူက

1 ထမင်းမစားတာလား

2 လူစိတိမရှိတာလား

3 both 1 and လား


အနှစ် ၈၀ ပစ်ပါယ်ထားခြင်းခံရ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page