top of page
Search

ကျူးကျော်တွေ ဘာလုပ်ရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 28, 2021
  • 1 min read

ree

NLD အစိုးရလက်ထက်မှာ ကျူးတွေကို မေတ္တာထားပြီး ဖြေရှင်းခဲ့ပါတယ်။ လူကို လူလိုဆက်ဆံခဲ့ပါတယ်။ မအလကတော့ တရားမဝင် တက်လာသူပီပီ ပြည်သူကို ဘယ်လိုနှိပ်စက်ရမလဲ စဉ်းစားနေသူပါ။

ဒီနေရာမှာ သူဌေးအချို့က နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ဘာမှမလုပ်သူများရှိခဲ့ပါတယ်။ ယခုအချိန်မှာအာဏာသိမ်းလို့ ကမ္ဘောဇလိုဘဏ်တောင် စီးပွါးလုပ်ရ ခက်လာပါလိမ့်မယ်။

ထို့အတူပါဘဲ အလွန်ဆင်းရဲသူများကလဲ ထမင်းနပ်မှန်အောင် ရှာစားနေရလို့ နိုင်ငံရေးကို အချိန်မပေးနိုင်သူ ရှိနိုင်ပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံရေးဟာ လှိုင်သာယာရဲ့ ကျူးကျော်တဲတွေဆီ ရောက်လာခဲ့ပါပြီ။ ပြည််သူကိုသူတောင်းစားလိုဆက်ဆံတဲ့ မအလကို မဖြူတ်ချနိုင်သေးတာရဲ့ အကျိုးဆက်ပါ။ ဒါဆိုရင် ဘောမများက ပြောနိုင်ပါတယ်။ အိမ်သာသိမ်းတာ အသက်ရှင်နေသေးတာ အမြတ်ပေါ့ဆိုပြီး ကြံဖန်ဘောမနေသူများလဲ ရှိနေနိုင်ပါတယ်။

အာဏာရှင်မြောက်ကိုရီးယားအောက်မှာ အသက်ရှင်ပြီး ငတ်သေသွားသူတွေဟာ သိန်းချီနေပါပြီ။ သူတို့က ပြန်မတိုက်ခဲ့လို့ သူပစ်သတ်လို့မသေဘဲ ဖြေးဖြေးချင်း ငတ်သေနေကြရတာပါ။

ဒါ့ကြောင့်မိုလို့ ကျူးတွေလဲ မအလကို အညံ့မခံပါနဲ့။ ရရာလက်နက်နဲ့ တော်လှန်ကြပါ။ ကျူးလာဖျက်သူတွေကိုပြန်မုန့်ဟင်းခါးကျွေးရမှာက ပြည်သူတွေရဲ့တာဝန်ပါ။ ခင်ဗျားတို့ မုန့်ဟင်းခါးမကျွေးလဲ မအလက ခင်ဗျားတို့အိမ်တွေကို ဖျက်မှာပါ။ ဒါ့ကြောင့် မအလတပ်တွေ စည်ပင်တွေမလုပ်ရဲအောင် မုန့်ဟင်းခါးသာ များများကျွေးပေးပါ။မေးခွန်းက သူ့ကို မုန်းဟင်းခါးကျွေးမှာလား သူက ကိုယ့်အိမ်ဖျက်တာ ခံမှာလားဆိုတာပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 29, 2021

ဦးမြတ်!!!ကျုးကျော် မူလအစ၊ ဦးသိန်း

စိန် ထံမှဟု ဆိုချင်ပါသည်။ ကျုးအများ

စုသည် ဧရာဝတီတိုင်းထဲမှ အများစုဖြစ်

ပါသည်။နာဂစ်‌ေကြာင့် ပိုင်ဆိုင်မှု မှန်သမျှ ဆုံး၊ လူ လုံး မလှ၊ ခိုကိုးရာမဲ့

ခြေသလုံး အိမ်တိုင်ဘဝဖြင့် ရေကြ

ည်ရာ ရှာကြရင်း ကျုးဘဝ ရောက်ခဲ့ကြရ

ပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း

မလုပ်ပေးနိုင်ခြင်း၏ ဆိုးကျိုးရလဒ်ဖြစ်ပါသည်။တစ်ဦးမှအစ တစ်ရာ ဆိုသလို

တစ်ယောက် တစ်စု အဆင်ပြေမှုအပေါ်

အကြောင်းပြု၍ ရွာလုံးကျွတ်မှသည် ထောင် သောင်းချီ၍ ပြောင်းရွေ့ခဲ့ရာမှ

ယခုကဲ့သို့ လူဦးရေ ထူထပ်ခဲ့ရပါသည်။

မည်သူမဆို မိမိမွေးဖွားရာ ဇာတိရပ်ရွာ မခွဲလို မခွာရက် စွဲမက်ကြပါသည်။သို့သော်လည်း အသက်ရှင်သန်ရေးအတွက် ကြုံရာကျဘမ်း တစ်ဝမ်းတစ်ခါးအတွက် ဇာတိရပ်ရွာ စွန့်

ခွါလာရပါတော့သည်။

ဖတ်မိသော သတင်းများအရ မှတ်ပုံတင် ကိစ္စသည်လည်း ပါဝင်ပတ်သက်နေပါသည်။ စတင်ပြောင်းလာကတည်းကိုက မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ် အိမ်ထောင်စုဇယားတို့သည် ပင်လယ်ရေအောက် ရောက်ရှိခဲ့ကြပြီးဖြစ်ပါသည်။ အသစ်ပြန်လုပ်ရန် လဝကရုံးသို့ သွားလေသော် သူတို့၏ ထုံးစံအတိုင်း။ အရင်းအနှီး အသပြာ မပါ၊ လက် ပလာနှင့် လူအဖို့ စိစစ်ရေးကဒ်ရဖို့အရေး မျှော်လေတိုင်း ဝေး။

အင်တာဗျူး သတင်းတစ်ပုဒ်မှာ **တမင် အညှိုးနဲ့ တိုး၊ ဆိုး လုပ်ခြင်း**ဟု ပြည်သူတစ်ဦးကဖြေသွားပါသည်။ ဦးဖြိုး လက်ထက်က ယာယီနေထိုင်ခွင့်ကို ပယ်ဖျက်ခြင်းဟုလည်း ပြောသွားပါသည်။ လသယ ပွဲကြမ်းစဉ်က ကျူး အများစု ပါဝင်သည်ဟူသော အမြင်ဖြင့် အညှိုးတေးထားကာ ဖျက်ခြင်းလည်းဖြစ်နိုင်ပါသည်ဟုလည်း ဖြေထားတာကို ဖတ်လိုက်ရပါသည်။

ခုကာလ ကိုဗစ်ကြောင့် နာလန်ထူဖို့ကြိုးစားရနေချိန် ဝင်ငွေက မမှန် စားဖို့ ရုန်းကန်နေရသောကာလမှာမှ ပြောင်းရွေ့ရသည့် ဒုက္ခဝန် ထပ်ပိသဖြင့် သူတို့၏ ရင်ထဲမှာ မည်မျှ လောင်ကျွမ်းနေမည်နည်း။သတင်းဓါတ်ပုံတစ်ပုံတွင် မိဘများအိမ်ဖျက်နေသည်ကိုကြည့်ရင်း ငိုကြွေးနေသော ၆/၇ နှစ်အရွယ် လူမမယ်၏…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page