top of page
Search

ကြောက်တတ်သော မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 31, 2021
  • 1 min read

မအလဟာ မတ် ၂၇ မှာ လူလုံးထွက်ပြလို့ သူ့ကို မကြောက်တတ်ဘူးလို့ မထင်လိုက်ပါနဲ့။ သူဟာ အဲ့ဒီနေ့မတိုင်ခင် ရုရှားဒုကာကွယ်ရေးဝန်ကြီး မလာခင်အထိ တက်/မတက် မဆုံးဖြတ်ရသေးပါ။ သူဟာ အဲ့ဒီအချိန်မှာ လူမြင်ကွင်းထဲရောက်နေပြီး အကိုင်ခံရနိုင်တယ်ဆိုတာကို သိပါတယ်။ နေပြည်တော်ထဲမှာစည်းသုံးစည်းထားပြီး အတွင်းစည်းထဲမှာ ဘယ်သူမှ သူ့လူရင်းကလွဲလို့ ကျည်ဆန်ရှိတဲ့ လက်နက်မကိုင်ရပါ။ နောက်စစ်ရေးပြသမားတွေကိုလဲ လက်နက်ထဲ ကျည်ဆန်မထည့်ပေးထားပါ။ လေယဉ်၊ရဟတ်ယဉ်မှာလဲ ကျည်ဖြုတ်ထားပါတယ်။ စစ်ရေးပြပွဲတက်သူများကိုလဲ နောက်ကြောင်းလိုက်ထားပြီးသားပါ။ သူ့လူအတွက်ကတော့ လုံခြုံရေးစိတ်ချနေခဲ့ပါတယ်။ ဒါပေမယ့် သူမသေချာတာက အမေရိကန်က သူ့ကို လာချမလားဆိုတာပါ။ ပုံမှန်မှာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် မအလဟာ Facebook ထဲမှာ ရေးတင်ရင် လိုရမယ်ရ ပြင်လေ့ရှိပါတယ်၊ ရုရှားဒုဝန်ကြီးလာချိန်မှာတော့ သူဟာနောက်ကြောင်းအေးသွားပြီး မိန့်ခွန်းထွက်ပြောဖို့ ဆုံးဖြတ်လိုက်ပုံပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ ရုရှားဒုဝန်ကြီးကိုသတ်ပြီး ကမ္ဘာစစ်မဖြစ်လိုလို့ပါ။ သူ့ရဲ့စိုးရိမ်မှုဟာ သူ့မျက်လုံးက ကျီးလန့်စာစားဖြစ်နေတာကနေ ပြနေပါတယ်။

ဒီနေ့လဲ ရန်ကုန်မှာ CNN သတင်းထောက်မ ဆက်နေရင် ဆန္ဒပြပွဲတွေ ပိုများလာခဲ့ရင် ဘာဆက်လုပ်ရမလဲ လမ်းညွှန်မှုတောင်းနေကြပါပြီ။ ဘာလို့လဲဆိုတော့ သတင်းထောက်မ သွားလာတာနဲ့ ဆန္ဒပြမှုဟာပြန်တက်လာပြီး ယခင်ကလို ချက်ချင်းပစ်ရတာ ခက်လာလို့ပါ။

မအလကို မြောက်ပိုင်းကသတိပေးအပြီး တကယ်တိုက်ခဲ့ရင်တော့ စစ်မျက်နှာပိုများသွားမှာပါ။ ယခုကကချင်ထက် ကရင်ကို ပိုတိုက်ဖို့ စစ်ကူပို့နေပါတယ်။ အားလုံးဝိုင်းတိုက်ရင် နိုင်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page