top of page
Search

ကိုကိုကြီးမှ ရွေးကော်ကိုဖောင်းထုခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 29, 2020
  • 1 min read

ree

ရွေးကော်က ပါတီအချို့ရဲ့ တီဗီကနေ အသံလွှင့်တာကို ဆင်ဆာဖြတ်လို့ဆိုပြီး အသံတွေထွက်လာပါတယ်။ ပထမက လူ့ဘောင်သစ်ပါ။ သူဝင်ပြိုင်တာက ဆယ်ဂဏန်းမရှိပါ။ ဒါကြောင့် လွှတ်ပေးလိုက်လဲဘာမှ မဖြစ်ပါ။


နောက် ကိုကိုကြီးကိစ္စ။ သူက 7 Day မှာ ကိုဗစ်အချိန် ရွေးကောက်ပွဲမလုပ်သင့်ကြောင်း နိုင်ခဲ့ရင်တောင်နာဂစ်ခြေဥလိုဖြစ်မှာဖြစ်ကြောင်း NLD နိုင်ခဲ့ရင် ရွေးကောက်ပွဲတရာဝင်မှုကို မှေးမှိန်အောင် ပြောပါတယ်။ အဘပြောတာနဲ့ ဆင်ပါတယ်။ ကိုကိုကြီးက သူမနိုင်မှာ သူသိပါတယ်။ ဒါကြောင့် သူက အဘအာဘော်အတိုင်း ပြောနေတာပါ။



ree

မနေ့ကတော့သူက ဘီဘီစီနဲ့ အင်တာဗျူးပြီး သူ့မဲဆွယ်တဲ့မိန့်ခွန်းကို ရွေးကော်က ဆင်ဆာဖြတ်လို့ မလွှင့်တော့ဘူးဆိုပြီး ပြောသွားပါတယ်။ သူပြောချင်တာက ဒီမိုအစိုးရလက်ထက်မှာ ရွေးကော်က ဆင်ဆာဖြတ်လို့ မလွတ်လပ်ဘူး ဘာညာပေါ့။ သူပြောမယ့်အကြောင်းအရာကလဲ ဘာမှ ဖောင်းလောက်အောင်မဖြစ်ပါ။ ဒါကိုအောက်ခြေက မိုးကျရွေးကော်က ဆင်ဆာဖြတ်ပြီး ကိုကိုကြီးက အချိန်ကိုက် အော်တာပါ။ ကိုကိုကြီးအော်အောင် တမင်လုပ်တာပါ။

စာရေးသူ ကိုကိုကြီးကို ကြိုက်ခဲ့ပါတယ်။ သူပါတီထောင်ကထဲက သူ့ကို မကြိုက်တော့ပါ။ ဒါပေမယ့်ရွေးကော်အနေနဲ့ မိမိအောက်ကလူတွေကို ကြီးကြပ်ပါလို့ ပြောပါရစေ။ သမ္မတကြီးလဲ ရွေးကော်ကသီးခြားအဖွဲ့ဆိုပေမယ့် ပြောချင်တာတွေ ပေးပြောဖို့ ပြောပေးပါ။


ဒါဆိုရင် လွှတ်ပေးရင် ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ပါ။ ဘယ်သူမှ သူတို့မိန့်ခွန်းက မြန်မာ့အသံကနေ နားမထောင်နေပါ။ နောက်ပြီး သူတို့ တပ်ကိုဖောင်းထုရင် တပ်က တရားစွဲပါလိမ့်မယ်။ ကြားထဲက ငထွားခါးနာမနေပါနဲ့။


ဘယ်ပါတီကိုမဆို သူတို့ပြောချင်တာပြောပါစေ။ ဒီလောက်နဲ့ ရွေးကော်နာမည် အပျက်မခံပါနဲ့။ မိမိအောက်က ရွေးကော်ထဲပါနေတဲ့ မိုးကျတွေကို ထိန်းပါ။

မဟုတ်ရင် ရွေးကော်ထဲက မိုးကျတွေက ဆင်ဆာဖြတ်၊ ရွေးကော်ကို ကိုကိုကြီးတို့လိုလူတွေက ဝိုင်းပြောပြီး ကော်မရှင်နဲ့ ရွေးကောက်ပွဲကို သိက္ခာကျအောင် လုပ်နေတာပါ။ ပြီးရင် ရွေးကော်ကလုပ်တဲ့ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရကို တရားမဝင်အောင် တမင်လုပ်နေတာပါ။


ကိုကိုကြီးကို ချစ်လို့မဟုတ်ပေမယ့် သူ့မိန့်ခွန်းဟာ ဘယ်သူမှမကြည့်တာကို ပိတ်ပြီး ပြဿနာမရှာပါနဲ့လို့ ရွေးကော်ကို ပြောပါရစေ။


News Credit: 7 Days, BBC Burmese

 
 
 

1 Comment


Albert Wint
Albert Wint
Sep 30, 2020

သူပါတီထောင်လိုက်တာနဲ့သူ့အတွင်းကလီစာတွေအကုန်ပေါ်သွားတာဘဲဗျ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page