top of page
Search

ကရင်ပြည်နယ်မှာ လမ်းဖောက်ရင်း သေသွားသူတွေဟာ ဘယ်သူလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 15, 2021
  • 1 min read

ကရင်ပြည်နယ်မှာ လမ်းဖောက်ရင်း သေသွားသူတွေဟာ ဘယ်သူလဲ?


ယခင်အစိုးရလက်ထက်မှာ မအလက ငြိမ်းချမ်းရေးပျက်အောင် NCA ထိုးထားတဲ့ KNU နယ်မြေထဲမှာ လမ်းဖောက်ဖို့ ကြိုးစားပါတယ်။ သူက ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြပါတယ်။ ကရင်ဒေသဖြစ်လို့ ဒေသခံတွေက မကြိုက်ရင် မဖောက်ရုံပါ။ ဒါကို မအလကအတင်းဖောက်ပါတယ်။ ဖောက်လို့ရရင် သူ့တပ်သွားလို့ရမယ် ငြိမ်းချမ်းရေးလဲပျက်မယ်။ သူအမြတ်ပေါ့။ အပြောခံရမှာက NLD လေ။ ဒါပေမယ့် အဲ့ဒီဒေသမှာက KNU က သဘောမတူလို့ လမ်းအတင်းဖောက်ရင် အဖမ်းခံ အသတ်ခံရမှာပါ။ ဘာနဲ့တူလဲဆိုတော့ ဘူးသီးတောင်မောင်းတောနဲ့ မြောက်ဦးမှာလမ်းဖောက် ခြံစည်းရိုးခတ်သလိုပါ။ ဘယ်အရပ်သားကုမ္ပဏီမှ မလုပ်ရဲပါဘူး။ ဒီကရင်ဒေသကလမ်းဆို အစိုးရဘတ်ဂျက်နဲ့မဟုတ်ဘဲ တပ်ဘတ်ဂျက်နဲ့ဖောက်တာပါ။ ဘယ်သူ့ကို ချပေးသလဲဆိုတော့ GE တပ်ကိုပါ။ သူက အဓိကကန်ထရိုက်ကိုကိုင်ပြီး တပ်သားတွေကို အရပ်ဝတ်နဲ့ဖောက်စေပါတယ်။ ဟာငါတို့တပ်က အရပ်သားဝတ်စုံဝတ်လားဆိုတော့ ရန်ကုန်မြို့နဲ့ အာဏာသိမ်းချိန် သေနတ်မရှိတဲ့ ပါတီဝင်တွေကို ဖမ်းချိန်မှာသာ ယူနီဖောင်းဝတ်စုံနဲ့ လူပါးဝရဲတာဖြစ်ပြီး လက်နက်ကိုင်အချင်းချင်းတိုက်ရင် အာကာထွန်းဘောင်းဘီသာ ဝတ်ပါတယ်။ အရပ်သားဝတ်စုံနဲ့သာ လမ်းဖောက်ပါတယ်။ သူနဲ့ တွဲလုပ်တဲ့ အရပ်သားက အနည်းငယ်သာပါတာပါ။ အချို့က စရဖအဖွဲ့ဝင်တွေကို ထောက်လှမ်းဖို့လဲထပ်ထည့်ထားပါတယ်။

အကျဉ်းချုပ်ရရင် မအလဟာ ရန်သူ့နယ်ထဲမှာ သွားလမ်းဖောက်ရင် ရန်သူက ပစ်မှာပါ။စာရေးသူတို့ နေပြည်တော်က မအလဂျပုအိမ်ရှေ့ လမ်းသွားဖောက်ရင် ဖက်ဆစ်တပ်က ကြည့်နေမှာမဟုတ်ပါ။ ယခုလဲ မအလဖက်ဆစ်တပ်ဟာ DASSK အစိုးရကို သိက္ခာကျအောင်လုပ်ဖို့ GE တပ်ကိုသုံးပြီး လမ်းသွားဖောက်လို့ သူ့တပ်က အသတ်ခံခဲ့ရတာပါ။ ရခိုင်မှာလဲ GE တပ် အတိုက်ခံရဖူးပါတယ်။ သူ့ဖက်ဆစ်တပ်ကို ကရင့်တပ်ကစနစ်တကျ မြေမြုတ်ပေးတာကို သူကနိုင်ငံရေးအမြတ်ထုတ်ဖို့ ရိုဟင်ဂျာတွေကို ဖက်ဆစ်တပ်က ရခိုင်စစ်သွေးကြွတွေနဲ့ပေါင်းပြီး သတ်ခဲ့စဉ်ကအတိုင်း အလောင်းကို ကြိုးတုတ်ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုလိမ်ပြ ငိုပြဖို့ လုပ်တာပါ။ ပြည်သူတွေက သူ့ဖက်ဆစ်တပ်ကိုမသနားတော့ဘဲ သူ့ဖက်ဆစ်တပ်သေတာကို ဟဟလုပ်နေတာ ကြာခဲ့ပါပြီ။

ဖက်ဆစ်မအလနဲ့ ပေါင်းစားလိုသူတွေလဲ ဘဝဇတ်သိမ်းမကောင်းနိုင်ဘူးဆိုတာကို ဆင်ခြင်နိုင်ကြပါစေ။ မိမိတို့ကို မအလနဲ့ပေါင်းလို့ ရန်သူက လောက်ကောင်ဆိုပြီး သတ်နိုင်သလို ဖက်ဆစ်မအလကလဲ မိမိသေသွားတဲ့အလောင်းကိုတောင် နိုင်ငံရေးအမြတ်ထုတ်နိုင်တယ်ဆိုတာသိသင့်ပါတယ်။ ယခုရေးပြတာက မအလရဲ့ ယုတ်မာမှု၊ သေသူအလောင်းကိုတောင်နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ဇော်မဲလုံးရဲ့ ဖာဆန်တဲ့လုပ်ရပ်ကိုသိအောင် အမှန်တရားကို ရေးပြတာပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 16, 2021

ဦးမြတ်!!ဘာသာ အဆုံးအမနှင့် ထင်ဟပ်တင်ပြပါရစေ။ ဆိုးသွမ်းနေတဲ့ တပ်တော်တွင်းသားတွေထက် နှိပ်စက်ခံပြည်သူတွေ(လူမမယ်ကအစ)ရဲ့ ကိုယ်ကျင့် သီလဟာ သူတို့ထက် မြင့်ပြီးသားပါ။မေတ္တာ ကရုဏာ ခြံရံထားသူပါ။

သီလရှိသူကို လက်နက်အားကိုးနဲ့ နှိပ်စက်လေ သူတို့တွေ ပိုခံရလေဆိုတာ အသေဆိုးနဲ့ သေခြင်းများက ပြဆိုနေပါသည်။ ပေါက်မြို့နယ်က ကင်းမရွာဖြစ်စဥ်သည် ပြည်မထဲမှာ အနက်ရှိုင်းဆုံး ယုတ်မာမှုတစ်ရပ်ပါ။ အရှင်လတ်လတ် မီးလောင်တိုက် အသွင်းခံရသော ဖြစ်ရပ်။ အသက်ကြီး ဂုဏ် ရှိသူများ ပါဝင်ပါသည်။

ခေါင်းဆောင် မကောင်းတော့ နောက်လိုက်ငယ်သား တရားသည် မတရားသည် မသိရှိနိုင်တော့။ အာဃာတ အညိုးတရားနဲ့ ဆိုးချင်တိုင်း

ဆိုးနေကြပါသည်။

မီဒီယာသမားများကို (သုံးချင်လျှင်တောင်မှ)ပြည့်တန်ဆာဟူသော ဖော့သုံးသည့်အသုံးမသုံးပဲ *ဖာ*ဟူသော အသုံးသုံးကတည်းက ခေါင်က မလုံ ၊ ကျီးယက်က ပက်၊

အမိုးက ယို ၊ စိုစို ရွဲရွဲ။ သည်လိုအိမ် မည်သို့ နားခိုရာ ဖြစ်နိုင်ပါအံ့နည်း။

ကိုကျော်သူတို့ရဲ့ နာကူအသင်းကို ဖျက်တော့

ကိုကျော်သူရဲ့ ပြောစကား အရာထင်လာချိန် ရောက်ပြီဟု ထင်မိပါသည်။

ငါနှင့် မတူ ၊ ငါ့ ရန်သူ။ အာဃာတ အညိုးအတေးတရားများကျင့်သုံးနေသမျှ ရန်သူတွေ

ဝိုင်းကာ ပတ်လည်၊ မှုန် ပြာ ရည် ဘဝသို့ ကျရောက်ရပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page