top of page
Search

ကမ္ဘာမှ COVID 19 ကိုင်တွယ်ပုံများကို လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 23, 2020
  • 1 min read

တရုတ်ပြည်မှာ ရောဂါစဖြစ်ခါစမှာ ဒေသခံ ကွန်မြူနစ်ပါတီတွေက ဖုံးဖိဖို့ ကြိုးစားတာတွေ ရောဂါအသစ်ကိုသတင်းပို့တာကို ထောင်ချတာတွေလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကိုဗဟိုကသိတဲ့အချိန်မှာတော့ သန်း ၅၀ လောက် ပြည်နယ်တစ်ခုလုံးကို ပိတ်ချလိုက်ပါတယ်။ လူတွေကို အိမ်ပြင်မထွက်အောင်လုပ်ထားတာ တစ်မြို့နဲ့တစ်မြို့ မကူးအောင်လုပ်တာတွေ စလုပ်ပါတယ်။ ကျောင်းတွေကို ပိတ်လိုက်ပါတယ်။ ဆေးရုံအသစ်တွေ ဆောက်ပါတယ်။ လူတွေကို သူ့တိုင်းပြည်မှာသာ ပေးသုံးတဲ့ AliPay နဲ့wechat တွေကနေ လိုက်ပြီး ခရီးသွားမရအောင်လုပ်ပါတယ်။ ဒီရောဂါစဖြစ်တဲ့ Hubei ပြည်နယ်က၁၈၅,၉၀၀ စတုရန်းကီလိုမီတာရှိပါတယ်။ ရောဂါဖြစ်တဲ့ လူတွေရဲ့နေရာကို ဖုန်းတွေကနေ သူတို့နေရာကို လိုက်ထောက်လှမ်းပါတယ်။ ဒီလမှာ သူက ရောဂါကို ထိန်းချုပ်လိုက်နိုင်ပြီလို့ WHO ကပြောပါတယ်။ သူက ကွန်မြူနစ်စနစ်မိုလို့ လူတွေကို အမိန့်ပေးရတာလွယ်သလို ဖမ်းရတာလွယ်ပါတယ်။နောက်သူက လူတွေကိုနဂိုထဲက စောင့်ကြည့်နေလို့ ထိန်းချုပ်ရတာလွယ်ပါတယ်။ သမ္မတဇီဟာကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်သလို စစ်တပ်ရဲ့ အကြီးအကဲလဲဖြစ်ပါတယ်။ သူ့မှာ ပိုက်ဆံရှိလို့ဆေးရုံတွေဆောက်ရတာလွယ်ပါတယ်။ ရောဂါကိုစစ်တဲ့ ပစ္စည်းတွေကလဲ ပေါပါတယ်။

နောက်အားကျစရာ နိုင်ငံကတော့ တောင်ကိုရီးယားပါ။ သူ့မှာ ဖေဖော်ဝါရီ ၁၈ ရက်အထိ ရောဂါဖြစ်သူ၃၀ သာရှိခဲ့ပါတယ်။ ဒါပေမယ့် လူနာနံပတ် ၃၁ ကို ရှာတွေ့ချိန်မှာ အားလုံးပြောင်းသွားခဲ့ပါတယ်။ သူမဟာ ရောဂါလက္ခဏာတွေရှိပေမယ့် အခြားလူ ၉၃၀၀နဲ့အတူ ခရစ်ယန်ဘုရားကျောင်းမှာ ဝတ်ပြုဖို့တက်ခဲ့ပါတယ်။ သူနဲ့အတူတက်ခဲ့တဲ့ လူ ၁၂၀၀ မှာ ရောဂါလက္ခဏာတွေ့ရချိန်မှာတော့ အဲ့ဒီလူတွေကိုပိုးစစ်တာ လူခွဲထားတာ သူတို့နဲ့ ထိတွေ့သူတွေကို အသည်းအသန် လိုက်ရှာတာတွေ လုပ်ခဲ့ပါတယ်။သူက မတ်လ ၁၉ ရက်အထိ လူပေါင်း သုံးသိန်း ခုနှစ်ထောင်ကို ပိုးစစ်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာလူပေါင်းများစွာကို ရောဂါလက္ခဏာ ရှိရှိ မရှိရှိစစ်ပြီး ပိုးတွေ့ရင် ခွဲထားတာနဲ့ ထိတွေ့ခဲ့သူကို လိုက်ရှာနိုင်မှုပါ။ တောင်ကိုရီးယားက ရောဂါပိုးစစ်တဲ့ စက်ကိုတောင် ထွင်နိုင်ခဲ့ပါတယ်။ သူက ဒီမိုနိုင်ငံပါ။ပိုက်ဆံချမ်းသာပြီး သူ့သမ္မတကလိုရင် တပ်ကို အမိန့်ပေးစေခိုင်းလို့ရပါတယ်။ လူတွေကို တားရာမှာစျေး၊ ကျောင်းပိတ်ရာမှာ ညမထွက်ရအမိန့်ထုတ်ရာမှာ တပ်ဟာအစိုးရအောက်မှာ ရှိရပါမယ်။

ယခုဖြစ်နေတာက အီတလီနဲ့ စပိန်မှာပါ။ သူတို့တိုင်းပြည်မှာ အသက်ကြီးသူတွေများသလို ကမ္ဘာလှည့်ခရီးသည်တွေများပါတယ်။ စဖြစ်တဲ့ အီတလီက Lombardy ဆိုတဲ့ နယ်မှာ စဖြစ်တာက ဖေဖော်ဝါရီလောက်မှာပါ။ ဖေဖော်ဝါရီ ၂၇ မှာ ၅၈၈၃ သာရှိပြီး သေသူက ၂၃၃ ယောက်သာပါ။ သူက အစပိုင်းမှာတရုတ်လို အသွားအလာမပိတ်ခဲ့သလို တောင်ကိုရီးယားလိုလဲ လူအများကြီးစစ်တာ မလုပ်နိုင်ခဲ့ပါ။ ဒါကြောင့် မတ်လ ၂၁ မှာ ရောဂါဖြစ်သူက ၅၃၀၀၀ ဖြစ်သွားပြီး သေသူက ၄၈၀၀ ရှိသွားပါတယ်။ တရုတ်ပြည်ရဲ့ အပြင်မှာ အသေအများဆုံးပါ။ ပြီးခဲ့တဲ့အပတ်ကမှ လူတွေအပြင်မထွက်ရ ခရီးမထွက်ရအမိန့်ထုတ်ပြီး လူစုလူဝေးနေရာတွေကို စပိတ်ခဲ့ပါတယ်။ သူက တရုတ်နဲ့ ကိုရီးယားထက်စာရင် နှေးခဲ့ပါတယ်။ ဒါကြောင့် အသေအပျောက်များပါတယ်။ သူက ဒီမိုတိုင်းပြည်မိုလို့ လုပ်ရခက်ပါတယ်။အစိုးရကို လွှတ်တော်က ဥပဒေနဲ့ လုပ်ပိုင်ခွင့်ပေးပြီးမှ လုပ်ရတာပါ။

ဒီနေရာမှာ လူတွေကို အိမ်ထဲမှာ လနဲ့ချီပြီး ရောဂါလက္ခဏာရှိရှိ မရှိရှိ နေခိုင်းတာ ရောဂါပိုးကို လူအများကြီးစစ်တာ ထိတွေ့သူကို လိုက်ရှာတာတွေဟာ ပိုက်ဆံကုန်ပါတယ်။ ဒါပေမယ့် ပိုက်ဆံ၊ နည်းပညာနဲ့အာဏာပေါင်းလုပ်ပြီး ဒီရောဂါကို အစိုးရတွေက တိုက်ထုတ် နေပါတယ်။

ပြည်သူတွေအနေနဲ့ အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကို တိုက်ထုတ်ကြပါစို့လို့။

Reference: NYTimes, Wired, Time, BBC, CNN

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page