top of page
Search

ကမ္ဘာကြီးက မအလလုံခြုံရေးကို ဘာပြောလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 1, 2021
  • 1 min read

ဒီဟာက The Sunday Times သတင်းစာမှာ ရေးထားတာကို တူကပို့လို့ ဖတ်ရပါတယ်။ သူက ဟိုတယ်ဝန်ကြီး ဌေးအောင်က ကမ္ဘာလှည့်ခရီးသွားတွေ လာဖို့ဖိတ်ခေါ်တယ်လို့ မအလသားဟိုတယ်ဖွင့်ပွဲမှာပြောသွားကြောင်း ဒါပေမယ့် အဲဒီနေ့မှာဘဲ သူ့ယဉ်တန်း အတိုက်ခံရလို့ စစ်သားအများအပြား သေဆုံးခဲ့ကြောင်း သူ့ကိုယ်သူတောင် လုံခြုံရေးမပေးနိုင်ဘဲ နိုင်ငံခြားသားခေါ်ဖို့ မဖြစ်နိုင်ကြောင်း ရေးသွားခဲ့ပါတယ်။

ဆောင်းပါးရှင်က မအလဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့ပေမယ့် PDF တွေကို ရှင်းဖို့မလွယ်ကြောင်း PDF တွေဟာ ခံယူချက်တွေနဲ့ တိုက်နေကြောင်း မအလတပ်ဟာ တပ်ထဲက CDM လုပ်နေသူများနေကြောင်း NUG ကလဲ CDM စစ်သားတွေကို ကြိုဆိုနေကြောင်း ရေးသားထားပါတယ်။

ဒီဆောင်းပါးရဲ့ အနှစ်ချုပ်က ပြည်သူတွေဟာ မအလဖက်ဆစ်တပ်ရဲ့ စစ်စည်းကမ်း မလိုက်နာမှုကြောင့် ထွက်ပြေးနေရပေမယ့် မအလဟာ မိမိရဲ့ ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးကိုတောင် လုံခြုံရေးမပေးနိုင်ကြောင်း ကမ္ဘာသိရေးထားတာပါ။ ပြည်သူညီရင် ဘာမဆို ဖြစ်နိုင်ပါတယ်။


News Credit: The Sunday Times

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Dec 01, 2021

ဦးမြတ်!!!လူတစ်ဦး တစ်ယောက်၏ စိတ်မနော အကြံ၊ နှုတ်ဝစီထွက် ပြောစကား၊ လုပ်ကိုင်သည့် ကာယ အမူအရာ၊ သုံးခုသော ကံ လုပ်ဆောင်မှု ဟူ၍

ဖြည့်စွက် ဖတ်ပေးပါရန်။ ။

Like

Myint Soe Oo
Myint Soe Oo
Dec 01, 2021

လုပ်ဆောင်မှု။ ဤသုံးခု ညီညွတ်နေရပါသည်။ မညီညွတ်ပဲ အပြောတစ်မျိုး လုပ်ရပ် တစ်မျိုးဆိုလျှင်(ကျင့်သုံးသူပုဂ္ဂိုလ် အနေဖြင့်)

**ကံအပေါ် သစ္စာ ဖောက်ခြင်**း ဟူ၍

ဆရာကြီး ဦးရွှေအောင်မှ အဆုံးအမတစ်ရပ်အနေဖြင့် ရေးသားထားပါသည်။

သစ္စာဖောက်လျှင် အမှန်သစ္စာ ပျောက်၍ သစ္စာဖောက်သူတို့ သွားရာလမ်းရှိသည်ကို ယုံကြည်ကြပါသည်။

နှုတ်အပြောက ဗုဒ္ဓဘာသာဝင်။ လက်တွေ့ကျင့်သုံးမှုက လူသားစွမ်းရည်(ကံ ဉာဏ် ဝီရိယ)အားမကိုးပဲ၊ ဓါတ် နတ် ယတြာ အစုံအလင် အားကိုးမှုသည်လည်း ကံအပေါ် သစ္စာဖောက်ခြင်းဖြစ်ပါသည်။

ဘောင်းတော် ငြိမ့်များကအစ၊ လုပ်သမျှ ဟုတ်ကဲ့ပါခင်ဗျ။ လက်တွေ့အခြေနေနဲ့ ကွဲပြားပြီး အစီရင်ခံမှုသည်လည်း သစ္စာဖောက်ခြင်းတွင် အကြုံးဝင်ပါသည်။ ကျဆုံးအရေတွက် ပကတိ အခြေနေမှန်ကို မတင်ပြခြင်းသည်လည်း အကြုံးဝင်ပါသည်။

ပရမ်းပတာမို့ ယန္တယား ရမ်းခါပျက်ဆီးမှုက သက်သေခံနေပါသည်။

အယူမတူသည့် ဘရူနိုင်းဘုရင်ကပင် ယုံကြည်မှု မရှိပါ။ ကံအပေါ် သစ္စာဖောက်ခြင်း၏ အကျိုး ၊လက်တွေ့လူမှုနယ်မှာပင် ခံစားနေရပါပြီ။

ရပ်ရွာနယ်အသီးသီးမှာ မီး‌ေတွရှို့ပြနေသမျှ မငြိမ်းချမ်းဘူးဆိုသောအသိ ကမ္ဘာ့လူသားတိုင်း သိကြပါသည်။ လမ်းပိတ်ဆို့မှုတွေ၊ မြို့ပြပေါ် လက်နက် တကားကားဖြင့် အခြေနေ၊ မျိုးစိတ်အသစ်ဖြစ်သော ကိုဗစ် အိုမီခရွန်ပြန့်ပွါးလာမှု။သည်အခြေနေမှာ မည်သူက ယုံကြည်စွာဖြင့် လာရောက်ပါမည်နည်း။

အခြေနေမှန်ကို အခြေနေမှန်တိုင်း မသိတာ ဆိုးရွားလှပါသည်။

ချင့်ချိန်မျှော်တွေးမှု အားနည်းလှပါသည်။

ယတြာနှင့် ကမ္ဘာကို ညာ၍ မရနိုင်ပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page