top of page
Search

ကပ်ရောဂါကပြောသော တိုင်းပြည်အတွက် အရေးပါသောအလုပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 11, 2020
  • 1 min read

စာရေးသူတို့ တိုင်းပြည်မှာက နိုင်ငဲတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းတဲ့အဖွဲ့ဟာတပ်မတော်ပါဆိုပြီး ခြေဥမှာ အရေးပါတဲ့အခန်းက ထည့်ထားတာတွေ့ရပါတယ်။ ဒီတပ်မတော်သားအလုပ်က အရေးပါဆုံးလား?

ဒီကိစ္စဟာ လော်ဘီအချိူ့က ဒီမိုဘာက်တော်သားတွေကို ခြိမ်းခြောက်လေ့ရှိတဲ့စကားပါ။ ဟိုဥပဒေပညာရှင်ဆလိုင်းဖွတ်ကဆိုရင် အမတ်တွေကို ရခိုင််မှာ သွားတိုက်ခိုင်းပါလားဆိုသည်အထိ ပြောလာတာပါ။

ယခုကပ်ရောဂါဖြစ်ပါပြီ။ သေနတ်နဲ့ ကိုဗစ်ကို ပစ်လို့မရတာ ကုလို့မရတာ စာရေးသူတို့အားလုံးလက်ခံရမှာပါ။ မနေ့က မေ့ဆေးဆရာဝန်မကြီး ရေးထားတဲ့စာကို ဖတ်ရတာဟာ အင်မတန်မှ စိတ်မကောင်းဖြစ်စရာပါ။ ဒီအချိန်မှာ ဆရာဝန်မရှိရင် ဘာဖြစ်သွားမလဲဆိုတာ မတွေးဝံ့စရာပါ။ ဆရာဝန်တွေကို ခြေဥအရ ၂၅% မပေးထားပါ။ သူမလုပ်ဆောင်ချက်ကို ဖတ်ရချိန်မှာ သူမဟာ တပ်ထဲကတိုက်ပွဲမှာ ရန်သူကပစ်ချခံရနိုင်တယ်ဆိုတာ သိသိနဲ့ သူ့လက်အောက်ငယ်သားတွေအတွက် ကျည်အပစ်ခံခဲ့သူပါ။ သီဟသူရဘွဲ့ အနည်းဆုံးရမှာပါ။ ဒါက အလုပ်အသီးသီးအတွက် အရေးပါတာကို ပြပါတယ်။ ဒီကပ်ရောဂါကို တိုက်တဲ့ပွဲမှာ ဆရာဝန်ဘဲလားဆိုတော့ မဟုတ်ပါဘူး။ သူနာပြုဆရာမတွေ၊ ဆေးရုံက ဓာတ်မှန်ရိုက်သူတွေ၊ ဓာတ်ခွဲခန်းက ဝန်ထမ်းတွေ၊ အရေးပေါ် လူနာတင်ကားမောင်းသူတွေ၊ လူနာသယ်ဆောင်ပေးသူတွေ၊ ဆေးရုံသန့်ရှင်းရေး ဝန်ထမ်းတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်စပ်သူတွေအားလုံးဟာ ရှေ့တန်းက တိုက်ပွဲဝင်နေသူတွေပါ။

သူတို့တင်လားဆိုတော့ မဟုတ်သေးပါ။ ဥပမာ သူတို့ကို ပို့ဆောင်ရတဲ့ ဘတ်စကားမောင်းသူတွေ၊ရထားမောင်းသူတွေ၊ ယခုအချိန်မှာ မရှိမဖြစ်စားကုန်တွေကို ရောင်းပေးနေရတဲ့ စျေးသည်တွေ သူတို့ပစ္စည်းကို သယ်ပေးတဲ့ ကားသမားတွေဟာလဲ အရေးပါတဲ့ အလုပ်သမား key workers တွေပါ။

ဒါဆိုရင် စီးပွါးရေးသမားကရောဆိုတော့ သူတို့ဟာလဲ ဒီကပ်ရောဂါအပြီး တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အရေးပါမှာပါ။ ဘာသာရေးသမားတွေကလဲ လူတွေကို ဘာသာရေးအရ ဖြေသိမ့်ပေးရာမှာ အရေးပါမှာပါ။

နိုင်ငံရေးသမားကလဲ ဒီတိုက်ပွဲကို အစက အဆုံးအထိ ဦးဆောင်တိုက်ရပြီး ပြည်သူလူထုကို ပေါင်းစပ်ညှိနှိုင်းပေးရပါတယ်။

ဒါကြောင့် ဒီကပ်ရောဂါက ပေးလိုက်တဲ့ သတင်းစကားက လောကကြီးမှာ ကောင်းတဲ့အလုပ်တိုင်းကအရေးကြီးတယ် တန်ဖိုးရှိတယ်ဆိုတာပါ။ သူခိုး၊ ဓားမြအလုပ်က တန်ဖိုးမရှိတာ လူတိုင်းသိမှာပါ။နိုင်ငံရေးသမားက လွှတ်တော်မှာနေပြီး ဆရာဝန်က ဆေးရုံ ဆေးခန်းတွေမှာ အလုပ်လုပ်ရပြီး အားလုံးဟာ အပြန်အလှန်မှီခိုနေတယ်ဆိုတာပါ။

မိမိအလုပ် မိမိလုပ်တဲ့လူတွေရှိတဲ့တိုင်းပြည် ကောင်းတဲ့အလုပ်တိုင်းကို တန်ဖိုးထားတတ်တဲ့ တိုင်းပြည်က တိုးတက်မှာပါ။

ကောင်းတဲ့အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ ဆရာမလုပ်ဆောင်ချက်ဟာ အားလုံးအတွက် ရင်ထဲမှာ ကျန်ခဲ့ပါပြီ။ ဆရာမ အမြန်နေကောင်းပါစေ။

Credit : မေ့ဆေးဆရာမကြီး Facebook page

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page