top of page
Search

ကနေဒါဝန်ကြီးချုပ်ရဲ့ တပ်အပေါ်သဘောထား?

Writer's picture: Myat Tun OoMyat Tun Oo

သတင်းစာရှင်းလင်းပွဲမှာ ကနေဒါဝကခကို သတင်းထောက်က ထရမ့်က ဆန္ဒပြပွဲနှိမ်နင်းဖို့ တပ်ကိုခေါ်တာ သူ့ယဉ်တန်းအတွက် မျက်ရည်ယိုဗုံးသုံးတာတွေအတွက် ဘာပြောလိုပါသလဲလို့ မေးပါတယ်။


ကနေဒါဝန်ကြီးချုပ်က ၁၅ စက္ကန့်လောက် စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့ပါတယ်။

ပြီးမှသူက “ငါတို့အားလုံး သူတပ်ကိုခေါ်တာ အမေရိကန်မှာဖြစ်နေတာကို အံ့ဩတုန်လှုပ် စိတ်မသက်သာစွာနဲ့ စောင့်ကြည့်နေပါတယ်။ ယခုအချိန်ဟာ လူတွေကို စုစည်းရမယ့်အချိန်မှာ သူတို့ပြောတာကို နားထောင်ရမယ့်အချိန်ပါ။ နောက်ပြီး ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ တိုးတက်မှုတွေရှိပေမယ့် တရားမမျှတမှုတွေကို ပြုပြင်ဖို့ သင်ခန်းစာယူရမယ့်အချိန်ပါ။ ငါတို့ ကနေဒါနိုင်ငံသားတွေအနေနဲ့ ငါတို့မှာလဲစိန်ခေါ်မှုတွေရှိတယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်လို့ ပြောသွားတာပါ။”

ပြောလိုတာက သူတို့လို ဒီမိုနိုင်ငံတွေမှာ တပ်ကိုဘယ်ကိစ္စနဲ့မှ ခေါ်မသွင်းနိုင်အောင်ထားပါတယ်။သတင်းထောက်တွေကလဲ တပ်ကိုခေါ်မယ်ပြောရင် ထအော်ပါတယ်။ မြန်မာပြည်က ဧရာဝတီသတင်းဌာနကတော့ အယ်ဒီတာ့အာဘော်ကနေ ကိုဗစ်အတွက် တပ်ကိုခေါ်ဖို့ ပြောခဲ့တာပါ။ အဘကလဲ တပ်ခေါ်မှ ဝင်ကူမယ်ပေါ့။ ဒီမိုအစိုးရက မခေါ်ဘဲ ပြဿနာကို ရှင်းခဲ့ပါတယ်။

နောက်တစ်ခုက စာရေးသူတို့ တိုင်းပြည်မှာ ကျူးတွေကို အင်အားသုံးရှင်းဖို့ ပြောလေ့ရှိပါတယ်။ လမ်းဘေးစျေးသည်လဲ ထို့အတူပါဘဲ။ ဒါတွေက အပေါ်ယံကြည့်ရင် မှန်ပါတယ်။ ဒါပေမယ့် ကျူးကိစ္စမှာအချို့က မိမိမြေကို ပြန်တောင်းပြီးကျူးတာ၊ အချို့က ဗလိုင်းကြီး လူပါးဝ ကျူးတာပါ။ လူပါးဝကျူးကတော့ တမျိုးပါ။ ဒါပေမယ့် မိမိမြေကို ပြန်တောင်းတာက ထင်သလောက် ရှင်းရတာမလွယ်ပါဘူး။ ဒီပြဿနာအများစုက တပ်ကမြေသိမ်းလို့ဖြစ်တာပါ။ ဒါကို ဒီမိုအစိုးရက သွားရှင်းရင် ပြည်သူတွေကဆန္ဒပြရင် ယခုအမေရိကန်မှာလို ဖြစ်သွားပါမယ်။ အမေရိကန်က တပ်ခေါ်တာ ဘာမှမဖြစ်ပေမယ့်မြန်မာပြည်မှာဆိုရင် ပြဿနာအကြီးအကျယ်တက်သွားမှာပါ။ ယခင်အဘထံက မြေရထားတဲ့ ခရိုနီတွေကတော့ သူတို့ရဲ့ မရှင်းတဲ့ ကျူးကို ရှင်းစေချင်မှာပါ။ ဒီကနေလဲ ယခုလက်ရှိအစိုးရက ကျုးကိုမှတ်ပုံတင်ပြီး နေရာချရှင်းဖို့လုပ်တဲ့ ပုံစံက အကောင်းဆုံးပါ။ ယခုဒီနေ့ဘဲ PPP က လမ်းဘေးစျေးသည်ကိစ္စ ဖျာဝင်းခင်းဖို့ လုပ်နေပါပြီ။

အကျဉ်းချုပ်ရရင် ဒီမိုနိုင်ငံတွေမှာ တပ်ကို ဘာနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှမပေးဘဲ သူတို့ရဲ့စစ်တန်းလျားမှာသာ ထားပါတယ်။ ထရမ့်တောင် သူခေါ်တဲ့တပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်မခံလို့ ပြန်ပို့ရပါတယ်။

အကောင်းဆုံးက စစ်တပ်ဟာ စစ်တန်းလျှားမှာ နေတာသာအကောင်းဆုံးပါလို့ ပြောပါရစေ။ အချို့ကိစ္စတွေမှာ ဒီမိုအစိုးရက ရန်ကုန်တိုင်းအစိုးရက ပြဿနာတွေကိုရှင်းရာမှာ ပြည်သူမထိခိုက်အောင်ကြားထဲက နိုင်ငံရေးအမြတ်ထုတ်လို့မရအောင် အဆိုပါကိစ္စမျိုးကနေ အမေရိကန်က Goerge Floyd ကိစ္စလို မဖြစ်သွားအောင် နိုင်ငံရေးအသိနဲ့ ရှင်းရတာပါ။ အရေးကြီးဆုံးကတော့ တပ်ကို တပ်ပြင်မထွက်အောင် ထိန်းထားနိုင်ဖို့ပါ။


Video Credit: NBC

145 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 comentario


U Myint Soe Oo
U Myint Soe Oo
08 jun 2020

ဦးမြတ် ! သက်သေထားအပ်ပါသည်။ရေးမည့်စာစုမှာ ပိုင်ရှင်အသီးသီးရှိသော စာစကားများပါဝင်နေမှုကြောင့် စာဆိုတို့အား အသုံးပြုခွင့် ပေးပါရန် အသိပေး၍ တောင်းပန်ပါ၏။မူပိုင်ခွင့်အား ချိုးဖောက်ရာမရောက် ခိုးသူအရာမမြောက်ဖို့ ကြိုးစားအားထုတ်ခြင်းတစ်ရပ်ဟုလည်း အမြင် ရှင်း စေလိုပါသည်။ ပိုင်ရှင် မကြည်ဖြူ (အားကိုးတစ်မျိုးမျိုးဖြင့်) ယူလျှင်လည်း ကံအရာ မြောက်သည်မို့ ဗုဒ္ဓဘါသာဝင်ဆိုသော စာလုံးများသည် မှတ်ပုံတင်စီစစ်ရေးကဒ်အတွက်သာ အသုံးကျပြီး သံသရာမှာတော့ ကံ ကံ၏ အကျိုးပေး(ကမ္မနိယမအရ) အနေနဲ့ ကံသတ္တိ အရှိန်အဟုန် မကုန်သရွေ့! ထို့ကြောင်လည်း #ဗုဒ္ဓဘါသာဝင်ကောင်းတစ်ဦး#သည် ခိုးမှုမြောက်မှာ လွန်စွာဖြင့် စို့ရွံ့ကြောက်ကြပါသည်။ <<<<<>>>>> ပန်းစပယ် နန်းအလည် မပေါ်ခိုက်သာမို့ ခံပွင့်ကို သုံးကြရတယ်။ နန်းဆန်ရင် ပန်း ပန်ကြပါသည်။စာသွားအရ စပယ်မရှိတုန်း ခဏ သုံးအဖြစ် ပန်ခြင်းဖြစ်ပါသည်။ စပါယ်ပေါ်လာလျှင်တော့ ? စပယ် ကြက်ရုန်း ဂမုန်း ခေတ္တာ ဇဇဝါ အဆင်း ခန့် သလို အချင်းရနံကလည်း မွှေးပျံ့ ကြပါသည်။ ဖယောင်းတိုင်လည်း သူ့အစွယ်နှင့် အရွယ်နှင့်။ ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်။ ရှင်နေမင်းလည်း သူ့အဆောင်နှင့် အယောင်(အရောင်)နှင့်။ အလှကိုယ်စီ ရှိကြပါသည်။ ဖယောင်းတိုင်အနေဖြင့် ဝန်းကျင်နယ်ကျဥ်းအတွက်သာ အလင်းစွမ်းအားဖြင့်သာ စွမ်းဆောင်ရာ၏။ ညကာလအား ဖိုးလမင်းကို အပိုင်စားပေး နုထွေးပျော့ပျော့ အရောင်ဖျော့ဖြင့် အလှဆင်ပါသည်။ နေ့ အခင်းအရာအတွက် ရှင်မဟာနေမင်းကသာ အလင်းပြင်းပြင်း ဖန်ဆင်းနိုင်စွမ်းနှင့်အတူ အကျိုးပြု အပူတေဇော ရောနှောပါလာပြီး ကောင်းကျိုးပေါ်အောင်ဖော်ဆောင်ပါသည်။ ဆိုင်ရာအလုပ်ကို ဆိုင်ရာအစွမ်းဖြင့်စွမ်းဆောင်သောအခါ လောကသည် အမြင် တင့် ပါတော့သည်။ ဤနိယမကို ဖေါက်ဖျက်၍မရပါ။ နိယမ = မဖောက်မပြန်မှန်သော သဘာဝ= သစ္စာ = တရား နိယမကို ဖောက်ဖျက်လျှင် သစ္စာတရား ပျက်ပါပြီ။? ?။ #သစ္စာတရားထွန်းကားရာငြိမ်းချမ်းသာယာသောနယ်မြေ# သစ္စာတရားကို ရင်လွယ်သါးကဲ့သို့ စောင့်ရှောက် ဆောက်တည်ကြသော အရိယသံဃာတော်များသည် စိတ်ကြည်သလို ရုပ်ကြည်ပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်တော်မူကြပါသည်။ ဦးမြတ်ကို တင်ပြခဲ့ဖူးသလို သစ္စာ နှင့် ကတိ ။ သစ္စာရှိမှ ကတိတည်သလို ကတိတည်မှလည်း သစ္စာရှိပါမည်။ ငြိမ်းချမ်းလိုလျှင…

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page